၂၀၁၇ မွာ ထြက္ခဲ့တဲ့ Gaming စမတ္ဖုန္း Razer Phone ဟာ လူၾကိဳက္မ်ားခဲ့တဲ့အတြက္ ဒုတိယေျမာက္ စမတ္ဖုန္းကို စတင္ထုတ္လုပ္ေနျပီ ျဖစ္ေၾကာင္း Razer က တရားဝင္အတည္ျပဳခဲ့ျပီးပါျပီ။ ယခုအခါမွာေတာ့ Razer Phone 2 မွာ ဘာေတြပါလာမလဲ ဆုိတဲ့ အခ်က္အလက္ေတြ အြန္လိုင္းမွာ ထြက္ေပၚလာခဲ့ပါျပီ။

ဒီအခ်က္အလက္ေတြကေတာ့ Razer Phone 2 အတြက္ တင္ထားတဲ့ AnTuTu Benchmark ကို ဝင္ေရာက္ရယူႏုိင္ခဲ့တယ္ ဆုိတဲ့ MSPowerUser ဆုိက္မွ တင္ထားခဲ့တာပါ။ Razer Phone 2 မွာ RAM ပမာဏကို 8GB ထည့္သြင္းထားျပီး Snapdragon 845 ပရုိဆက္ဆာအျပင္ Storage အပိုင္းမွာ 512GB ထိသုံးစြဲလာတာကို ေတြ႕ရပါတယ္။ Display ရဲ႕ Resolution လည္း Benchmark ထဲမွာ ပါဝင္ခဲ့ျပီး 2560x 1440p ျဖစ္ပါတယ္။

Razer ဟာ ဒုတိယေျမာက္ စမတ္ဖုန္းရဲ႕ တည္ရွိမႈကို ကုမၸဏီဘ႑ာေရးရွင္းလင္းမႈ အစည္းအေဝးမွာ အတည္ျပဳခဲ့တာ ျဖစ္ျပီး ကြန္ျပဴတာ ပလက္ေဖာင္းေပၚက ေဆာ့ဖ္ဝဲလ္ နဲ႔ ဝန္ေဆာင္မႈေတြကိုလည္း မုိဘုိင္း ပလက္ေဖာင္းအတြက္ ရရွိေအာင္ ေဆာင္ရြက္လာမယ္လုိ႔ ေျပာခဲ့ပါတယ္။

ပထမဆုံး Razer Phone ဟာ Gaming အတြက္ ရည္ရြယ္ထုတ္လုပ္ခဲ့တဲ့ အေစာပုိင္း စမတ္ဖုန္းတစ္ခု ျဖစ္ခဲ့ျပီး ဒုတိယ Razer Phone လည္း အလားတူပဲ ျဖစ္မွာပါ။ ယခုႏွစ္အေစာပိုင္းမွာ Razer က သင့္စမတ္ဖုန္းကို လက္ပ္ေတာ့ရဲ႕ ဦးေဆာင္အစိတ္အပုိင္းအျဖစ္ သုံးစြဲႏုိင္မယ့္ Project Linda ကို မိတ္ဆက္ခဲ့တယ္။ အဆုိပါ ပေရာဂ်က္မွာ ဖုန္းကို ကြန္ျပဴတာအတြက္ Trackpad လိုလဲ အသုံးျပဳႏိုင္တာကို ေတြ႕ခဲ့ရပါတယ္။ Project Linda ဟာ အခုခ်ိန္ထိ Concept အဆင့္သာ ရွိေနေသးေပမယ့္ Razer က ပိုမုိတုိးတက္ေအာင္ ျပဳလုပ္လာျပီး Razer Phone အသစ္နဲ႔အတူ မိတ္ဆက္လာႏုိင္ေျခလည္း ရွိေနပါတယ္။

Ref – https://www.digitaltrends.com/mobile/razer-phone-2-news

Unicode

၂၀၁၇ မှာ ထွက်ခဲ့တဲ့ Gaming စမတ်ဖုန်း Razer Phone ဟာ လူကြိုက်များခဲ့တဲ့အတွက် ဒုတိယမြောက် စမတ်ဖုန်းကို စတင်ထုတ်လုပ်နေပြီ ဖြစ်ကြောင်း Razer က တရားဝင်အတည်ပြုခဲ့ပြီးပါပြီ။ ယခုအခါမှာတော့ Razer Phone 2 မှာ ဘာတွေပါလာမလဲ ဆိုတဲ့ အချက်အလက်တွေ အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့ပါပြီ။

ဒီအချက်အလက်တွေကတော့ Razer Phone 2 အတွက် တင်ထားတဲ့ AnTuTu Benchmark ကို ဝင်ရောက်ရယူနိုင်ခဲ့တယ် ဆိုတဲ့ MSPowerUser ဆိုက်မှ တင်ထားခဲ့တာပါ။ Razer Phone 2 မှာ RAM ပမာဏကို 8GB ထည့်သွင်းထားပြီး Snapdragon 845 ပရိုဆက်ဆာအပြင် Storage အပိုင်းမှာ 512GB ထိသုံးစွဲလာတာကို တွေ့ရပါတယ်။ Display ရဲ့ Resolution လည်း Benchmark ထဲမှာ ပါဝင်ခဲ့ပြီး 2560x 1440p ဖြစ်ပါတယ်။

Razer ဟာ ဒုတိယမြောက် စမတ်ဖုန်းရဲ့ တည်ရှိမှုကို ကုမ္ပဏီဘဏ္ဍာရေးရှင်းလင်းမှု အစည်းအဝေးမှာ အတည်ပြုခဲ့တာ ဖြစ်ပြီး ကွန်ပြူတာ ပလက်ဖောင်းပေါ်က ဆော့ဖ်ဝဲလ် နဲ့ ဝန်ဆောင်မှုတွေကိုလည်း မိုဘိုင်း ပလက်ဖောင်းအတွက် ရရှိအောင် ဆောင်ရွက်လာမယ်လို့ ပြောခဲ့ပါတယ်။

ပထမဆုံး Razer Phone ဟာ Gaming အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့ အစောပိုင်း စမတ်ဖုန်းတစ်ခု ဖြစ်ခဲ့ပြီး ဒုတိယ Razer Phone လည်း အလားတူပဲ ဖြစ်မှာပါ။ ယခုနှစ်အစောပိုင်းမှာ Razer က သင့်စမတ်ဖုန်းကို လက်ပ်တော့ရဲ့ ဦးဆောင်အစိတ်အပိုင်းအဖြစ် သုံးစွဲနိုင်မယ့် Project Linda ကို မိတ်ဆက်ခဲ့တယ်။ အဆိုပါ ပရောဂျက်မှာ ဖုန်းကို ကွန်ပြူတာအတွက် Trackpad လိုလဲ အသုံးပြုနိုင်တာကို တွေ့ခဲ့ရပါတယ်။ Project Linda ဟာ အခုချိန်ထိ Concept အဆင့်သာ ရှိနေသေးပေမယ့် Razer က ပိုမိုတိုးတက်အောင် ပြုလုပ်လာပြီး Razer Phone အသစ်နဲ့အတူ မိတ်ဆက်လာနိုင်ခြေလည်း ရှိနေပါတယ်။