Zawgyi Font Version




 



Unicode Version

Gaming ပိုင်းပစ္စည်းတွေထုတ်လုပ်တဲ့ Razor ကနေပြီး အရင်နှစ်က Android အသုံးပြု Gaming ဖုန်းတစ်လုံးထုတ်ခဲ့တယ်။ PC Gaming လောကမှာ နာမည်အကြီးဆုံးဖြစ်ပြီး Mobile Gaming ဘက်ကို အာရုံစိုက်လာခဲ့ပြီး Nextbin Robin ဆိုတဲ့ ဖုန်းရဲ့ နောက်ကွယ်က Company တစ်ခုရဲ့ အကူအညီနဲ့ အတူ Razor Gaming Phone ကိုထုတ်လုပ်ခဲ့တယ်။

120HZ ရှိတဲ့ Display နဲ့အတူ Gaming ဖုန်းစစ်စစ်တစ်လုံးဖြစ်လာခဲ့တယ်။ 120HZ ဟာ သာမာန် Flagship ဖုန်းတစ်လုံးရဲ့ နှစ်ဆရှိပါတယ်။ Game တွေဆော့တဲ့အခါ အရမ်းချော့မွေ့နေမှာပါ။ အခုဆိုရင် Razor Phone 2 ကိုထုတ်ဖို့ပြင်ဆင်နေပါပြီ။

ဒီတစ်ခါ ဖုန်းမှာတော့ Razor ရဲ့ Gaming Accessories တွေရဲ့ ကိုယ်ပိုင်စတိုင်ဖြစ်တဲ့ Chroma Effect ကို Razor Phone 2 ရဲ့ ဖုန်းကိုယ်ထည်ထဲမှာထည့်ထားမယ်လို့သိရပါတယ်။ Chroma Effect ဆိုတာကို Razor ရဲ့ Gaming Keyboard တွေမှာမြင်နိုင်ပြီး ကီးဘုတ် ခလုပ်လေးတွေရဲ့အောက်မှာ ရောင်စုံ LED လေးတွေမြုပ်ထားပြီး ကိုယ်ဆော့တဲ့ ဂိမ်းပေါ်လိုက်ပြီး အရောက်လေးတွေလိုက်ပြောင်းတာပါ။ အရမ်းကြည့်လို့ကောင်းပါတယ်။

 

အဲ့ဒီလို LED မီးလုံးလေးတွေကို ဖုန်းကိုယ်ထည်ထဲမြုပ်ထားမယ်ဆိုရင် အရင်လို Metal Frame သုံးလို့မရတော့ပဲ Transparent Glass Body သုံးရတော့မှာပါ။ အဲ့ဒီ သတင်းသာ မှန်ကန်ခဲ့ရင် Razor Phone 2 မှာ ဖုန်းလာတဲ့အခါ LED တွေရောင်စုံလင်းပြီးတော့ အလန်းကြီးဖြစ်နေမှာပါ။

Snapdragon 845 သုံးပြီး 8GB RAM နဲ့ ပွဲထုတ်နိုင်ပါတယ်။ ဒီထက်ပိုကြီးတဲ့ Display သုံးဖို့မျှော်လင့်နေကြပြီး Screen to Body Ratio လည်းပိုများစေချင်ပါတယ်။ Battery ပမာဏလည်း ပိုများလာမယ်လို့မျှော်လင့်ရပြီး Xiaomi Black Shark လို Controller လေးတစ်ခုတော့ ထည့်ပေးစေချင်ပါတယ်။