Zawgyi

အားလံုးေစာင့္ေမွ်ာ္ေနၾကတဲ့ Redmi K20 Series ရဲ႕ ဒီဇိုင္းပံုရိပ္ေတြကေတာ့ ထြက္ေပၚလို႔လာပါျပီ။ ဒီ K20 Series ကို ေမလ ၂၈ ရက္ေန႔မွ တရားဝင္ မိတ္ဆက္ေတာ့မွာပါ။ ပံုမွာျမင္ရတဲ့ အတိုင္းပဲ ဖုန္းဒီဇိုင္းက သင့္ကို လံုးဝ ကို ေၾကြသြားေစမယ့္ ဒီဇိိုင္းၾကီးပါ။

Redmi K20 Series လို႔ ေျပာထားတဲ့ အတြက္ K20 ဆိုျပီး တစ္လံုးတည္း ထြက္လာမွာမဟုတ္ပါဘူး။ အသစ္မိတ္ဆက္မယ့္ အဆိုပါ K20 Series မွာ Redmi K20 နဲ႔ Redmi K20 Pro ဆိုျပီး ေမာ္ဒယ္ႏွစ္မ်ိဳးပါဝင္ပါတယ္။ အရင္ထြက္ခဲ့တဲ့ Redmi Note 7 နဲ႔ Note 7 Pro လိုပဲ K20 ဟာ သာမာန္ စြမ္းေဆာင္ရည္နဲ႔ သာမာန္ ေမာ္ဒယ္ျဖစ္ျပီး K20 Pro ကေတာ့ Redmi Series ေတြထဲမွာ ပထမဆံုး အျဖစ္ Qualcomm ရဲ႕ Flagship SoC တပ္ဆင္ထားတဲ့ ဖုန္တစ္လံုးျဖစ္လာပါျပီ။ K20 မွာ Snapdragon 730 SoC ကို တပ္ဆင္ေပးထားမွာပါ။ 2019 ရဲ႕ Super Midrange ဖုန္းေတြမွာ တပ္ဆင္ေလ့ရွိတဲ့ Qualcomm ကထုတ္ထားတဲ့ နာမည္ၾကီး Snapdragon 700 Series ရဲ႕ ေနာက္ဆံုး SoC ျဖစ္တဲ့ Snapdragon 730 ကို တပ္ဆင္ေပး ထားတာေၾကာင့္ Midrange ဖုန္းေတြၾကားမွာေတာ့ ဆရာ တစ္ဆူျဖစ္ေနမွာပါ။

Redmi K20 Pro ကေတာ့ Flagship အဆင့္ကို လံုးဝမွီသြားတဲ့ Redmi ဖုန္းတစ္လံုးျဖစ္လာပါျပီ။ သူ႔မွာေတာ့ Qualcomm ရဲ႕ ေနာက္ဆံုးထြက္ Flagship Mobile SoC ျဖစ္တဲ့ Snapdragon 855 ကို တပ္ဆင္ေပးထားတာမို႔ပါ။ Xiaomi ဟာ K20 Series ရဲ႕ အဓိက အခ်က္ေတြကို ထုတ္ေဖာ္ေျပာၾကားျပီးေပမယ့္ ဒီေန႔မွာမွ Redmi K20 ရဲ႕ Official Rendered ပံုရိပ္ေတြကို ထုတ္ေဖာ္ျပလိုက္တာပါ။ ဒီဇိုင္းပိုင္းမွာေတာ့ ျမင္ရတဲ့ အတိုင္းပဲ အေတာ္ေလးကို လွပေနတာေတြ႔ရပါတယ္။ Mi 9 Series ရဲ႕ ဒီဇိုင္းကို မွီျငမ္းထားတာျဖစ္ျပီး ဖုန္းကိုယ္ထည္မွာ ခ်ယ္သထားတဲ့ အေရာင္ဟာ အေတာ္ေလးကို ထူးျခားေနတာေတြ႔ရပါတယ္။ ဖုန္းကိုယ္ထည္မွာ ပံုမွာျမင္ရတဲ့ အတိုင္း လွိုင္းေလးေတြပါခဲ့ရင္ ေတာ္ေတာ္ေလးကို လွတဲ့ ဖုန္းတစ္လံုးျဖစ္လာမွာပါ။

ကင္မရာပိုင္းမွာေတာ့ Mi 9 လိုပဲ Rear ကင္မရာ သံုးလံုးကို ေတြ႔ျမင္ရပါတယ္။ အဓိက ကင္မရာကေတာ့ 2019 ရဲ႕ နာမည္ေက်ာ္ Flagship Camera Sensor ျဖစ္တဲ့ SONY ရဲ႕ 48MP IMX586 ကို တပ္ဆင္ေပးထားတာေၾကာင့္ Mi 9 ရဲ႕ Camera Setup နဲ႔ သြားတူေနပါတယ္။ အရံ ကင္မရာ ႏွစ္လံုးကေတာ့ Mi 9 နဲ႔ Mi 9 SE မွာလိုပဲ Ultra Wide Angle နဲ႔ Telephoto Lens ေတြျဖစ္ႏိုင္ပါတယ္။ 960fps ႏွွုန္းနဲ႔ Slow Motion Video ေတြကိုလည္း ရိုက္ကူးႏိုင္ဦးမွာပါ။ ဒီဇိုင္းအရမ္းလန္းတဲ့ ဒီ Redmi K20 Series ရဲ႕ အဓိက ဆြဲေဆာင္မွုေတြကေတာ့ AMOLED Display, Pop-up selfie camera, 7th gen in-display fingerprint scanner နဲ႔ 4,000mAh ရွိတဲ့ ဘက္ထရီတို႔ ျဖစ္ပါတယ္။ အားသြင္းစနစ္အေနနဲ႔ကေတာ့ K20 မွာ 18W အျမန္အားသြင္း စနစ္ပါဝင္ျပီး Redmi K20 Pro မွာေတာ့ ပိုျမန္တဲ့ 27W အားသြင္း စနစ္ပါဝင္မွာပါ။ Redmi ဟာ K20 Series ရဲ႕ ဖုန္းဒီဇိုင္းအျပင္ K20 အတြက္ ရည္ရြယ္ျပီး ထုတ္ထားတဲ့ ဖုန္းကာဗာေလးကိုပါ ထုတ္ျပထားပါေသးတယ္။

Redmi K20 Pro ဟာ ထံုးစံအတိုင္းပဲ ရိုးရိုး K20 ထက္ ေစ်းပိုၾကီးမွာပါ။ ေစ်းနွုန္းခန္႔မွန္းတဲ့ေနရာမွာ ေမးစရာရွိတဲ့ အခ်က္တစ္ခ်က္က Xiaomi ဟာ Redmi Series ကို Mi ရဲ႕ ေစ်းေပါတဲ့ ဗားရွင္းအျဖစ္ သေဘာထားေသးလား ဆိုတာပါပဲ။ တစ္ကယ္လို႔သာ Xiaomi ဟာ Redmi K20 Series ကို Mi 9 Series ဖုန္းေတြနဲ႔ အရည္အေသြးတန္းတူ တည္ေဆာက္ထားမယ္ဆိုရင္ေတာ့ Redmi K20 Pro ဟာ Mi 9 ေစ်းေလာက္ကို ျဖစ္သြားႏိုင္ပါတယ္။ စတင္ေရာင္းခ်တဲ့အခါ Mi 9 ထက္ေတာင္ ေစ်းၾကီးသြားနိုင္ပါေသးတယ္။ K20 Series ကို ေစ်းဘယ္ေလာက္နဲ႔ ေရာင္းခ်မလဲဆိုတာကိုေတာ့ ေမလ ၂၈ ရက္ေန႔မွာ သိရေတာ့မွာပါ။

Ref: Gizmo China

Unicode

အရမ်းကိုလှပနေတဲ့ Redmi K20 Series ရဲ့ ဒီဇိုင်းပုံတွေ ထွက်ပေါ်လာ

အားလုံးစောင့်မျှော်နေကြတဲ့ Redmi K20 Series ရဲ့ ဒီဇိုင်းပုံရိပ်တွေကတော့ ထွက်ပေါ်လို့လာပါပြီ။ ဒီ K20 Series ကို မေလ ၂၈ ရက်နေ့မှ တရားဝင် မိတ်ဆက်တော့မှာပါ။ ပုံမှာမြင်ရတဲ့ အတိုင်းပဲ ဖုန်းဒီဇိုင်းက သင့်ကို လုံးဝ ကို ကြွေသွားစေမယ့် ဒီဇိိုင်းကြီးပါ။

Redmi K20 Series လို့ ပြောထားတဲ့ အတွက် K20 ဆိုပြီး တစ်လုံးတည်း ထွက်လာမှာမဟုတ်ပါဘူး။ အသစ်မိတ်ဆက်မယ့် အဆိုပါ K20 Series မှာ Redmi K20 နဲ့ Redmi K20 Pro ဆိုပြီး မော်ဒယ်နှစ်မျိုးပါဝင်ပါတယ်။ အရင်ထွက်ခဲ့တဲ့ Redmi Note 7 နဲ့ Note 7 Pro လိုပဲ K20 ဟာ သာမာန် စွမ်းဆောင်ရည်နဲ့ သာမာန် မော်ဒယ်ဖြစ်ပြီး K20 Pro ကတော့ Redmi Series တွေထဲမှာ ပထမဆုံး အဖြစ် Qualcomm ရဲ့ Flagship SoC တပ်ဆင်ထားတဲ့ ဖုန်တစ်လုံးဖြစ်လာပါပြီ။ K20 မှာ Snapdragon 730 SoC ကို တပ်ဆင်ပေးထားမှာပါ။ 2019 ရဲ့ Super Midrange ဖုန်းတွေမှာ တပ်ဆင်လေ့ရှိတဲ့ Qualcomm ကထုတ်ထားတဲ့ နာမည်ကြီး Snapdragon 700 Series ရဲ့ နောက်ဆုံး SoC ဖြစ်တဲ့ Snapdragon 730 ကို တပ်ဆင်ပေး ထားတာကြောင့် Midrange ဖုန်းတွေကြားမှာတော့ ဆရာ တစ်ဆူဖြစ်နေမှာပါ။

Redmi K20 Pro ကတော့ Flagship အဆင့်ကို လုံးဝမှီသွားတဲ့ Redmi ဖုန်းတစ်လုံးဖြစ်လာပါပြီ။ သူ့မှာတော့ Qualcomm ရဲ့ နောက်ဆုံးထွက် Flagship Mobile SoC ဖြစ်တဲ့ Snapdragon 855 ကို တပ်ဆင်ပေးထားတာမို့ပါ။ Xiaomi ဟာ K20 Series ရဲ့ အဓိက အချက်တွေကို ထုတ်ဖော်ပြောကြားပြီးပေမယ့် ဒီနေ့မှာမှ Redmi K20 ရဲ့ Official Rendered ပုံရိပ်တွေကို ထုတ်ဖော်ပြလိုက်တာပါ။ ဒီဇိုင်းပိုင်းမှာတော့ မြင်ရတဲ့ အတိုင်းပဲ အတော်လေးကို လှပနေတာတွေ့ရပါတယ်။ Mi 9 Series ရဲ့ ဒီဇိုင်းကို မှီငြမ်းထားတာဖြစ်ပြီး ဖုန်းကိုယ်ထည်မှာ ချယ်သထားတဲ့ အရောင်ဟာ အတော်လေးကို ထူးခြားနေတာတွေ့ရပါတယ်။ ဖုန်းကိုယ်ထည်မှာ ပုံမှာမြင်ရတဲ့ အတိုင်း လှိုင်းလေးတွေပါခဲ့ရင် တော်တော်လေးကို လှတဲ့ ဖုန်းတစ်လုံးဖြစ်လာမှာပါ။

ကင်မရာပိုင်းမှာတော့ Mi 9 လိုပဲ Rear ကင်မရာ သုံးလုံးကို တွေ့မြင်ရပါတယ်။ အဓိက ကင်မရာကတော့ 2019 ရဲ့ နာမည်ကျော် Flagship Camera Sensor ဖြစ်တဲ့ SONY ရဲ့ 48MP IMX586 ကို တပ်ဆင်ပေးထားတာကြောင့် Mi 9 ရဲ့ Camera Setup နဲ့ သွားတူနေပါတယ်။ အရံ ကင်မရာ နှစ်လုံးကတော့ Mi 9 နဲ့ Mi 9 SE မှာလိုပဲ Ultra Wide Angle နဲ့ Telephoto Lens တွေဖြစ်နိုင်ပါတယ်။ 960fps နှှုန်းနဲ့ Slow Motion Video တွေကိုလည်း ရိုက်ကူးနိုင်ဦးမှာပါ။ ဒီဇိုင်းအရမ်းလန်းတဲ့ ဒီ Redmi K20 Series ရဲ့ အဓိက ဆွဲဆောင်မှုတွေကတော့ AMOLED Display, Pop-up selfie camera, 7th gen in-display fingerprint scanner နဲ့ 4,000mAh ရှိတဲ့ ဘက်ထရီတို့ ဖြစ်ပါတယ်။ အားသွင်းစနစ်အနေနဲ့ကတော့ K20 မှာ 18W အမြန်အားသွင်း စနစ်ပါဝင်ပြီး Redmi K20 Pro မှာတော့ ပိုမြန်တဲ့ 27W အားသွင်း စနစ်ပါဝင်မှာပါ။ Redmi ဟာ K20 Series ရဲ့ ဖုန်းဒီဇိုင်းအပြင် K20 အတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ ဖုန်းကာဗာလေးကိုပါ ထုတ်ပြထားပါသေးတယ်။

Redmi K20 Pro ဟာ ထုံးစံအတိုင်းပဲ ရိုးရိုး K20 ထက် ဈေးပိုကြီးမှာပါ။ ဈေးနှုန်းခန့်မှန်းတဲ့နေရာမှာ မေးစရာရှိတဲ့ အချက်တစ်ချက်က Xiaomi ဟာ Redmi Series ကို Mi ရဲ့ ဈေးပေါတဲ့ ဗားရှင်းအဖြစ် သဘောထားသေးလား ဆိုတာပါပဲ။ တစ်ကယ်လို့သာ Xiaomi ဟာ Redmi K20 Series ကို Mi 9 Series ဖုန်းတွေနဲ့ အရည်အသွေးတန်းတူ တည်ဆောက်ထားမယ်ဆိုရင်တော့ Redmi K20 Pro ဟာ Mi 9 ဈေးလောက်ကို ဖြစ်သွားနိုင်ပါတယ်။ စတင်ရောင်းချတဲ့အခါ Mi 9 ထက်တောင် ဈေးကြီးသွားနိုင်ပါသေးတယ်။ K20 Series ကို ဈေးဘယ်လောက်နဲ့ ရောင်းချမလဲဆိုတာကိုတော့ မေလ ၂၈ ရက်နေ့မှာ သိရတော့မှာပါ။

Ref: Gizmo China