realme 10 4G ကို မကြာခင်က ကြေညာခဲ့ပြီး အခုတော့ 5G Version ကို ပွဲထုတ်လိုက်ပါပြီ။ realme 10 5G မှာ Dimensity 700 နဲ့ 50MP Main ကင်မရာ ပါလာပါတယ်။

Realme 10 5G is official with Dimensity 700 and 50 MP main camera

၆.၆ လက်မ LCD Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate နဲ့ 180Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main , 2MP Macro နဲ့ Depth ကင်မရာ ၃ လုံး ပါလာပါတယ်။

realme 10 5G ရဲ့ အထူက ၈.၁ မီလီမီတာပဲ ရှိပြီး 33W Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ Triple Card Tray ပါပြီး SIM ၂ ကတ်နဲ့ microSD ၁ ကတ် ထည့်သွင်းနိုင်ပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာကို ပါဝါ ခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။

Android 12 အခြေပြု realme UI 3.0 မောင်းနှင်ထားပြီး တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။ 8/128GB Version ကို ၁၈၂ ဒေါ်လာနဲ့ 8/256GB Version ကို ၂၂၅ ဒေါ်လာ သတ်မှတ်ထားပြီး နိုင်ငံတကာမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

ကုမ္ပဏီက realme 10 4G နဲ့ realme 10 5G ကို ကြေညာပြီးပြီ ဖြစ်ပြီး realme 10 Pro နဲ့ realme 10 Pro+ ကို နိုဝင်ဘာလ ၁၇ ရက်‌နေ့ မိတ်ဆက်မှာပါ။

Ref : gsmarena