realme 10 Series ရဲ့ ပထမဆုံး ဖုန်း ထွက်လာပြီ ဖြစ်ပြီး စွမ်းရည်ကောင်းအောင်နဲ့ စွမ်းအင်စားသုံးမှု နည်းအောင် အဓိက ဖန်တီးထားပါတယ်။ realme 10 လို့ အမည်ပေးထားပြီး အရင်မျိုးဆက်ရဲ့ Snapdragon 680 အစား MediaTek Helio G99 ကို သုံးထားပါတယ်။

Realme 10 announced with Helio G99, 6.4" 90Hz AMOLED display - GSMArena.com news

AnTuTu မှာ ရမှတ် ၄၀၀,၀၀၀ ဝန်းကျင် ရထားပြီး realme 9 ထက် စွမ်းရည် ၄၀ ရာခိုင်နှုန်း ပိုမြင့်ပါတယ်။ Chipset အသစ်ရဲ့ CPU စွမ်းရည်ဟာ ၂၅ ရာခိုင်နှုန်း ပိုမြန်ပြီး စွမ်းအင်စားသုံးမှု ၂၀ ရာခိုင်နှုန်း ပိုနည်းပါတယ်။

realme 10 အတွက် 4GB, 6GB နဲ့ 8GB RAM ထုတ်လုပ်ထားပြီး 8GB Virtual RAM ထောက်ပံ့ထားပါတယ်။ 64GB , 256GB UFS 2.2 Storage ထည့်သွင်းထားပြီး realme 9 ထက် Cold Launches ဟာ ၅၀ ရာခိုင်နှုန်းနဲ့ Hot Launches ဟာ ၄၀ ရာခိုင်နှုန်း ပိုမြန်တယ်လို့ ကြော်ငြာထားပါတယ်။

Realme 10 with a 3.5mm headphone jack on the bottom

G99 Chipset နဲ့ Mali-G57 MC2 GPU ဟာ PUBG ကစားတဲ့အခါ 40fps ကို ထောက်ပံ့ပေးထားပြီး microSD Slot ကနေ 1TB Storage အထိ တိုးမြှင့်နိုင်ပါတယ်။ PUBG မှာ 90fps နဲ့ မကစားနိုင်ပေမယ့် တချို့ ဂိမ်းအသေးလေးတွေမှာတော့ ရနိုင်ပါတယ်။

realme 10 မှာ ၆.၄ လက်မ Super AMOLED 1080x2400p မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate နဲ့ 360Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ အမြင့်ဆုံး Brightness က 1,000 nits အထိ ရှိပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

ကင်မရာ အပိုင်းမှာ အရင်မျိုးဆက်ထက် အနည်းငယ် ကျဆင်းသွားပြီး realme 10 ရဲ့ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ (Ultra Wide မပါလာပါဘူး။) realme 9 မှာတော့ 108MP Main နဲ့ 8MP Ultra Wide ကင်မရာတွေ ထည့်သွင်းထားတာပါ။

ဘက်ထရီက တူညီပြီး 5,000mAh သုံးထားကာ 33W Fast Charging ပါပါတယ်။ အားသွင်းနှုန်းက ၂၈ မိနစ်မှာ ၅၀ ရာခိုင်နှုန်းနဲ့ ၇၀ မိနစ်မှာ ၁၀၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မကြာခင် ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်းတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

Ref : gsmarena