နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေညာမယ့် realme 10 ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားခဲ့ပြီး အနည်းဆုံး အရောင် ၃ ရောင် ထွက်လာမှာပါ။ realme က Clash White လို့ခေါ်တဲ့ အရောင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တရားဝင် မျှဝေခဲ့ပြီး အခုတော့ Rush Black လို့ ခေါ်တဲ့ အနက်ရောင် မော်ဒယ်ကို တွစ်တာမှာ မျှဝေလိုက်ပါတယ်။

realme 10 Rush Black Version ရဲ့ ဓါတ်ပုံအရ ဖုန်းရဲ့ ညာဘက်ခြမ်းမှာ အသံခလုတ်နဲ့ ပါဝါ ခလုတ်ကို တပ်ဆင်ထားပြီး ပါဝါ ခလုတ်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံထားပါတယ်။

ကုမ္ပဏီက နောက်ထပ် Tweet ၁ ခုမှာ realme 10 ရဲ့ အထူဟာ ၇.၉၅ မီလီမီတာနဲ့ အလေးချိန်က ၁၇၈ ဂရမ် ရှိမယ်လို့ ပြောပါတယ်။ realme တွစ်တာမှာ မျှဝေထားတဲ့ ဓါတ်ပုံမှာ ဖုန်း အရှေ့ပိုင်းကို မပြသထားဘဲ YouTube Channel မှာ မျှဝေထားတဲ့ ဗီဒီယိုမှာတော့ Punch Hole မျက်နှာပြင်ကို ပြသထားပါတယ်။

realme 10 မှာ Helio G99 SoC ၊ 8GB RAM (+8GB Virtual) နဲ့ 90Hz Super AMOLED မျက်နှာပြင်တွေ ပါလာမယ်လို့ အရင်က မျှဝေထားပါတယ်။ အင်တာဗျူး ၁ ခုမှာ realme ရဲ့ ဒုတိယ ဥက္ကဌ Madhav Sheth က realme 10 မှာ 50MP Main ကင်မရာနဲ့ 16MP ဆဲလ်ဖီး ကင်မရာ ပါလာမယ်လို့ ပြောထားပါတယ်။ 33W Charging ထောက်ပံ့ထားတဲ့ 5,000mAh ပါလာမယ်လို့ အတည်ပြုထားပါတယ်။

Ref : gsmarena