realme က ဒီလ အစောပိုင်းမှာ Dimensity 700 Chip ပါတဲ့ realme 10 5G ကို ကြေညာခဲ့ပြီး အခုတော့ realme 10 Pro နဲ့ realme 10 Pro+ ကို ချပြလိုက်ပါတယ်။

realme 10 Pro

realme 10 Pro မှာ ၆.၇ လက်မ LCD Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အထက် အလယ်က Punch Hole မှာ 16MP ဆဲလ်ဖီးကင်မရာ တပ်ဆင်ထားပါတယ်။

Realme 10 Pro

အနောက်ဘက်မှာ 108MP Main , 2MP Macro ကင်မရာတွေ တပ်ဆင်ထားပြီး Snapdragon 695 Chipset မောင်းနှင်ထားပါတယ်။ 8GB LPDDR4x RAM နဲ့ 256GB UFS 2.2 Storage အထိ ရွေးချယ်နိုင်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

realme 10 Pro+

realme 10 Pro+ မှာ AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး FHD+ Resolution , 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Screen-to-body Ratio က ၉၃.၆၅ ရာခိုင်နှုန်း ရှိပါတယ်။

Realme 10 Pro Plus

realme 10 Pro+ ဟာ Dimensity 1080 ပါတဲ့ အစောဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်ပါတယ်။ 12GB LPDDR4x RAM နဲ့ 256GB UFS 2.2 Storage အထိ ရွေးချယ်နိုင်ပြီး 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 108MP Main , 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။

realme 10 Pro နဲ့ 10 Pro+ အတွက် Android 13 OS အခြေပြု realme UI 4.0 မောင်းနှင်ထားပြီး 5,000mAh ဘက်ထရီ ပါပါတယ်။ 33W နဲ့ 67W Fast Charging အသီးသီး ထည့်သွင်းထားပြီး ဖုန်း ၂ လုံးစလုံးမှာ Dual SIM Support , 5G, WiFi 802.11ac, Bluetooth 5.1 , GPS, NFC , USB-C Port တွေ ပါပါတယ်။

Sea Blue, Night Black နဲ့ Starlight (White) အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းတွေကို အောက်မှာ လေ့လာပါ။

realme 10 Pro

8 GB RAM + 256 GB storage – 1,599 Yuan (~$224)

12 GB RAM + 256 GB storage – 1,899 Yuan (~$266)

 

realme 10 Pro+

8 GB RAM + 128 GB storage – 1,699 Yuan (~$238)

8 GB RAM + 256GB storage – 1,999 Yuan (~$280)

12 GB RAM + 256GB storage – 2,299 Yuan (~$322)

Ref : gizmochina