realme ဟာ မကြာခင်အချိန်အတွင်းမှာ realme 10 Series စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ realme 10 Series ဟာ အမျိုးအစားအများအပြားပါဝင်လာမှာဖြစ်ပြီး လက်ရှိသိထားရသလောက်ဆိုရင် realme 10 4G ၊ realme 10 5G ၊ realme 10i ၊ realme 10 Pro 5G နဲ့ realme 10 Pro+ 5G ဖုန်းတွေပါဝင်မှာဖြစ်ပါတယ်။

အခုနောက်ဆုံးထပ်မံသိရှိရတဲ့သတင်းအရတော့ realme ဟာ နောက်ထပ် realme 10 Series ဖုန်းတစ်လုံးကို မိတ်ဆက်သွားမှာဖြစ်ပြီး အဆိုပါ ဖုန်းဟာ realme 10 Ultra ဆိုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။ ယခုသတင်းဟာ တရုတ်နိုင်ငံသုံး Social Media Service တစ်ခုဖြစ်တဲ့ Weibo မှာ ထွက်ပေါ်လာတာဖြစ်ပြီး realme 10 Ultra ဖုန်းရဲ့ Specs အချို့ကို Poster ဓါတ်ပုံအနေနဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

realme 10 Ultra ဖုန်းဟာ ထွက်ပေါ်လာတဲ့ဓါတ်ပုံအရ Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး Camera ပိုင်းမှာလည်း 200MP Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ Qualcomm ကနေ Snapdragon 8 Gen 2 Chipset ကို တရားဝင်မိတ်ဆက်ထားခြင်းမရှိသေးတဲ့အတွက် realme 10 Ultra ဟာ Fan-made Concept တစ်ခုဖြစ်နိုင်သလို realme ကနေ ယခုနှစ်ကုန်ပိုင်းမှ အသစ်ထပ်မံမိတ်ဆက်သွားနိုင်ပါတယ်။

realme 10 Ultra နဲ့ ပတ်သက်ပြီး တခြားသော သတင်းတွေကိုတော့ သိရှိရခြင်းမရှိသေးပေမယ့် အစောပိုင်းတုန်းက realme ကနေ realme 10 Series ဖုန်းတွေထဲမှာ Qualcomm ရဲ့ Flagship Chipset ဖြစ်တဲ့ Snapdragon 8+ Gen 1 Chipset ကို အသုံးပြုထားမယ့်ဖုန်းတစ်လုံးကို မိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါကြောင့် realme အနေနဲ့ Snapdragon 8+ Gen 1 အစား Snapdragon 8 Gen 2 Chipset ကို ပြောင်းလဲ အသုံးပြုပြီး realme 10 Ultra ဖုန်းကို မိတ်ဆက်လာတာမျိုးလည်း ဖြစ်နိုင်ခြေများနေပါတယ်။

Ref – Gizmo China