[Zawgyi]

Realme ဟာ Realme 2 Pro ကိုေရာင္းခ်ခ်ိန္က ၂၀၁၉ ခုႏွစ္ရဲ႕ ပထမႏွစ္ဝက္အတြင္းမွာပဲ Android 9 Pie ရေစရမယ္လို႔ ကတိေပးခဲ့ဖူးပါတယ္။ အခုေတာ့ ကုမၸဏီအေနနဲ႔ သူတို႔ရဲ႕ ကတိတည္ေအာင္ ေျခလွမ္းေတြကို ျမန္ျမန္ဆန္ဆန္ပဲ လွမ္းေနၿပီလို႔ ဆိုရမွာပါ။

ၿပီးခဲ့တဲ့ရက္ပိုင္းက Geekbench မွာ Realme 2 Pro ကို Android 9.0 Pie နဲ႔ Run ထားတဲ့ ရမွတ္ေတြကို ေတြ႕ျမင္ခဲ့ရပါတယ္။ ဒီပုံအတိုင္းဆိုရင္ေတာ့ Realme 2 Pro ဟာ ကုမၸဏီရဲ႕ ေဈးအႀကီးဆုံး Device ေတြထဲမွာ ပထမဦးဆုံး Android 9 Pie update ရရွိတဲ့ Device ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Geekbench ရမွတ္စာရင္းမွာ ဖုန္းဟာ Snapdragon 660 chipset သုံးထားၿပီး 4GB RAM ျဖစ္ပါတယ္။ ဒီဖုန္းကို Run ေနတဲ့ Operation System က Android 9.0 Pie ျဖစ္တာကိုလည္း ေတြ႕ရပါတယ္။ Software build number ကိုၾကည့္လိုက္ေတာ့ Realme သုံးေလ့ရွိတဲ့ RMX နဲ႔စတာျဖစ္သလို ေဖာ္ျပထားတဲ့ SoC နဲ႔ တိုက္ၾကည့္ျပန္ရင္လည္း Realme 2 Pro နဲ႔ တူညီေနတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ မၾကာခင္အခ်ိန္အေတာအတြင္း Update ကို ေတြ႕ရေတာ့မယ္လို႔ ယူဆရပါတယ္။ အကယ္၍သာ စမ္းသပ္ခ်ိန္ကို အၾကာႀကီးမထားဘူးဆိုရင္၊ ေမွ်ာ္လင့္မထားတဲ့ Bugs ေတြကို မႀကဳံေတြ႕ရဘူးဆိုရင္ေတာ့ Realme 2 Pro သုံးစြဲသူေတြ ေမွ်ာ္လင့္ေနတဲ့ အခ်ိန္ထက္ ပိုေစာၿပီး Update ကိုရလာလိမ့္မယ္လို႔ ယူဆရပါတယ္။

Ref: GSMArena

[Unicode]

Android 9.0 Pie နဲ့ Realme 2 Pro ကို Geekbench မှာတွေ့မြင်ရ

Realme ဟာ Realme 2 Pro ကိုရောင်းချချိန်က ၂၀၁၉ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာပဲ Android 9 Pie ရစေရမယ်လို့ ကတိပေးခဲ့ဖူးပါတယ်။ အခုတော့ ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ ကတိတည်အောင် ခြေလှမ်းတွေကို မြန်မြန်ဆန်ဆန်ပဲ လှမ်းနေပြီလို့ ဆိုရမှာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက Geekbench မှာ Realme 2 Pro ကို Android 9.0 Pie နဲ့ Run ထားတဲ့ ရမှတ်တွေကို တွေ့မြင်ခဲ့ရပါတယ်။ ဒီပုံအတိုင်းဆိုရင်တော့ Realme 2 Pro ဟာ ကုမ္ပဏီရဲ့ ဈေးအကြီးဆုံး Device တွေထဲမှာ ပထမဦးဆုံး Android 9 Pie update ရရှိတဲ့ Device ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Geekbench ရမှတ်စာရင်းမှာ ဖုန်းဟာ Snapdragon 660 chipset သုံးထားပြီး 4GB RAM ဖြစ်ပါတယ်။ ဒီဖုန်းကို Run နေတဲ့ Operation System က Android 9.0 Pie ဖြစ်တာကိုလည်း တွေ့ရပါတယ်။ Software build number ကိုကြည့်လိုက်တော့ Realme သုံးလေ့ရှိတဲ့ RMX နဲ့စတာဖြစ်သလို ဖော်ပြထားတဲ့ SoC နဲ့ တိုက်ကြည့်ပြန်ရင်လည်း Realme 2 Pro နဲ့ တူညီနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မကြာခင်အချိန်အတောအတွင်း Update ကို တွေ့ရတော့မယ်လို့ ယူဆရပါတယ်။ အကယ်၍သာ စမ်းသပ်ချိန်ကို အကြာကြီးမထားဘူးဆိုရင်၊ မျှော်လင့်မထားတဲ့ Bugs တွေကို မကြုံတွေ့ရဘူးဆိုရင်တော့ Realme 2 Pro သုံးစွဲသူတွေ မျှော်လင့်နေတဲ့ အချိန်ထက် ပိုစောပြီး Update ကိုရလာလိမ့်မယ်လို့ ယူဆရပါတယ်။

Ref: GSMArena