ျပီးခဲ့တဲ့ ၾသဂုတ္လကုန္မွာ က်င္းပခဲ့တဲ့ Oppo Realme 2 မိတ္ဆက္ပြဲမွာ ေနာက္ထပ္ ထြက္လာမယ့္ စမတ္ဖုန္းအသစ္ကို Tease လုပ္ခဲ့ပါတယ္။ အသစ္ထြက္လာမယ့္ Realme ရဲ႕ထုတ္ကုန္သစ္ဟာ Realme 2 Pro ျဖစ္ျပီး သူ႕အတြက္ မိတ္ဆက္ပြဲက်င္းပမယ့္ ေန႔စြဲကို ယေန႔ထုတ္ျပန္လာခဲ့ပါျပီ။

ထူးျခားတာက စမတ္ဖုန္းအသစ္ မိတ္ဆက္ဖုိ႔အတြက္ ဖိတ္ၾကားခဲ့တဲ့ပုံထဲမွာ ေန႔စြဲက စက္တင္ဘာ ၂၆ နဲ႔ ၂၇ ႏွစ္ရက္ေတာင္ ျဖစ္ေနတာပါ။ ဒီထဲက တစ္ရက္ဟာ Realme 2 Pro ဗားရွင္းအတြက္ တရားဝင္မိတ္ဆက္မယ္ ဆုိတာ ေသခ်ာေပါက္ျဖစ္ေပမယ့္ ေနာက္တစ္ရက္ကေတာ့ ဘာအတြက္လဲ ဆုိတာ ပေဟဠိျဖစ္ေနပါတယ္။

ဖိတ္စာထဲက စာလုံးေတြကို ၾကည့္ရင္ 2 Pr o ဆုိတာကို ျမင္ရမွာ ျဖစ္တဲ့အတြက္ ဖုန္းရဲ႕အမည္ကို Realme 2 Pro လို႔ေခၚလာဖို႔ ေသခ်ာသေလာက္ပါပဲ။ Realme 2 စမတ္ဖုန္းကို ၾသဂုတ္လ ၂၈ မွာ မိတ္ဆက္ခဲ့ျပီး 6.2” အရြယ္ Display နဲ႔ 4230mAh ဘတၳရီၾကီး ပါဝင္ခဲ့ပါတယ္။ 2 Pro ကေရာ ဘယ္လိုစြမ္းအားျမင့္ ဟန္းဆက္ မ်ဳိးလဲ ဆုိတာ စက္တင္ဘာလကုန္ရက္ေတြထိ ေစာင့္ၾကည့္ရဦးမွာပါ။

Ref – https://www.gsmarena.com/realme_2_pro_to_be_announced_on_september_27-news-33265.php

Unicode

ပြီးခဲ့တဲ့ သြဂုတ်လကုန်မှာ ကျင်းပခဲ့တဲ့ Oppo Realme 2 မိတ်ဆက်ပွဲမှာ နောက်ထပ် ထွက်လာမယ့် စမတ်ဖုန်းအသစ်ကို Tease လုပ်ခဲ့ပါတယ်။ အသစ်ထွက်လာမယ့် Realme ရဲ့ထုတ်ကုန်သစ်ဟာ Realme 2 Pro ဖြစ်ပြီး သူ့အတွက် မိတ်ဆက်ပွဲကျင်းပမယ့် နေ့စွဲကို ယနေ့ထုတ်ပြန်လာခဲ့ပါပြီ။

ထူးခြားတာက စမတ်ဖုန်းအသစ် မိတ်ဆက်ဖို့အတွက် ဖိတ်ကြားခဲ့တဲ့ပုံထဲမှာ နေ့စွဲက စက်တင်ဘာ ၂၆ နဲ့ ၂၇ နှစ်ရက်တောင် ဖြစ်နေတာပါ။ ဒီထဲက တစ်ရက်ဟာ Realme 2 Pro ဗားရှင်းအတွက် တရားဝင်မိတ်ဆက်မယ် ဆိုတာ သေချာပေါက်ဖြစ်ပေမယ့် နောက်တစ်ရက်ကတော့ ဘာအတွက်လဲ ဆိုတာ ပဟေဠိဖြစ်နေပါတယ်။

ဖိတ်စာထဲက စာလုံးတွေကို ကြည့်ရင် 2 Pr o ဆိုတာကို မြင်ရမှာ ဖြစ်တဲ့အတွက် ဖုန်းရဲ့အမည်ကို Realme 2 Pro လို့ခေါ်လာဖို့ သေချာသလောက်ပါပဲ။ Realme 2 စမတ်ဖုန်းကို သြဂုတ်လ ၂၈ မှာ မိတ်ဆက်ခဲ့ပြီး 6.2” အရွယ် Display နဲ့ 4230mAh ဘတ္ထရီကြီး ပါဝင်ခဲ့ပါတယ်။ 2 Pro ကရော ဘယ်လိုစွမ်းအားမြင့် ဟန်းဆက် မျိုးလဲ ဆိုတာ စက်တင်ဘာလကုန်ရက်တွေထိ စောင့်ကြည့်ရဦးမှာပါ။

Ref – https://www.gsmarena.com/realme_2_pro_to_be_announced_on_september_27-news-33265.php