[Zawgyi]

Realme 3 စမတ္ဖုန္းသစ္ကေတာ့ မတ္လ ၄ ရက္ေန႔မွာ ပြဲထြက္လာဖို႔ အသင့္ျဖစ္ေနပါၿပီ။ မၾကာေသးခင္က သတင္းေတြမွာေတာ့ Realme 3 ဖုန္းမွာ Helio P70 ခ်စ္ပ္ဆက္နဲ႔ ေနာက္ဘက္ Dual-Camera အစုံတုိ႔ ပါလာမယ္လို႔ သိထားရၿပီး ဒီေန႔မွာ ေနာက္ထပ္အခ်က္အလက္ေတြ ထြက္လာျပန္ပါတယ္။

အိႏၵိယရဲ႕ Flipkart ဝက္ဆုိက္ဟာ Realme 3 အတြက္ Page တစ္ခုဖန္တီးလုိက္ၿပီျဖစ္ကာ အဲဒီကေန စမတ္ဖုန္းအသစ္ဟာ Waterdrop Notch တစ္ခုနဲ႔ Display ရယ္၊ 4,230 mAh ဘကၳရီတုိ႔နဲ႔ ပြဲထြက္လာမယ္ ဆုိတာကို သိခြင့္ရခဲ့ပါတယ္။ အိႏၵိယေစ်းကြက္ထဲမွာေတာ့ Flipkart ကေန တစ္ဦးတည္းမူပုိင္ေရာင္းခ်သြားမယ့္ ပုံပါပဲ။

Realme 3 ဟာ Realme U1 ၿပီးရင္ ကုမၸဏီက ထုတ္လုပ္တဲ့ထဲမွာ Helio P70 ခ်စ္ပ္ဆက္ အသုံးျပဳထားတဲ့ ဒုတိယေျမာက္ဖုန္းပါပဲ။ ဒီဖုန္းရဲ႕ေနာက္ဘက္ကိုယ္ထည္မွာ စိန္မွန္ကြက္လို ဒီဇုိင္းနဲ႔ Fingerprint တစ္ခုတုိ႔ ပါဝင္မွာျဖစ္ပါတယ္။

မတ္လ ၄ ရက္ေန႔မွာ မိတ္ဆက္လာမွာက Realme 3 တစ္ခုတည္းမဟုတ္ဘဲ Realme 3 Pro ကိုလည္း တစ္ပါတည္း ထုတ္လႊင့္လာဖို႔ကိုလည္း ေမွ်ာ္လင့္ရၿပီး Realme ရဲ႕တရားဝင္တြစ္တာအေကာင့္မွာ Pro ဗားရွင္း အတြက္ Teaser ဗီဒီယုိတစ္ခုကို တင္လာခဲ့ပါတယ္။

အဆုိပါဗီဒီယုိထဲမွာေတာ့ နံပါတ္ ‘3’ ကို အဝါေရာင္မုိးၾကိဳးသြားသ႑ာန္ ျမင္ရၿပီး “Be Proactive” ဆုိတဲ့ စာလုံးမွာ Pro ကို ဟုိက္လိုက္လုပ္ျပထားတာ ေတြ႕ရမွာပါ။ ဒါေၾကာင့္ Realme 3 Pro ကိုတစ္ပါတည္း မိတ္ဆက္လာႏုိင္တာ ေသခ်ာသေလာက္ရွိေနပါတယ္။

အခုေလာေလာဆယ္ေတာ့ Realme 3 ရဲ႕အခ်က္အလက္ေတြေတာင္ မ်ားမ်ားစားစား မေပါက္ၾကားေသးဘဲ Pro ဗားရွင္းနဲ႔ ပတ္သက္ၿပီးလည္း ဘာမွမသိရေသးပါဘူး။ ေသခ်ာတာကေတာ့ Realme 3 Pro ဟာ ရုိးရုိးေမာ္ဒယ္ထက္ေတာ့ အနည္းငယ္ပိုေကာင္းမယ္ဆုိတာပါပဲ။ ေစ်းႏႈန္းနဲ႔ အခ်က္အလက္ေတြကေတာ့ မၾကာခင္မွာ တရားဝင္ျမင္ေတြ႕ရေတာ့မွာပါ။

Ref – GSM Arena

[Unicode]

Realme 3 စမတ်ဖုန်းသစ်ကတော့ မတ်လ ၄ ရက်နေ့မှာ ပွဲထွက်လာဖို့ အသင့်ဖြစ်နေပါပြီ။ မကြာသေးခင်က သတင်းတွေမှာတော့ Realme 3 ဖုန်းမှာ Helio P70 ချစ်ပ်ဆက်နဲ့ နောက်ဘက် Dual-camera အစုံတို့ ပါလာမယ်လို့ သိထားရပြီး ဒီနေ့မှာ နောက်ထပ်အချက်အလက်တွေ ထွက်လာပြန်ပါတယ်။

အိန္ဒိယရဲ့ Flipkart ဝက်ဆိုက်ဟာ Realme 3 အတွက် Page တစ်ခုဖန်တီးလိုက်ပြီဖြစ်ကာ အဲဒီကနေ စမတ်ဖုန်းအသစ်ဟာ Waterdrop Notch တစ်ခုနဲ့ Display ရယ်၊ 4,230 mAh ဘက္ထရီတို့နဲ့ ပွဲထွက်လာမယ် ဆိုတာကို သိခွင့်ရခဲ့ပါတယ်။ အိန္ဒိယဈေးကွက်ထဲမှာတော့ Flipkart ကနေ တစ်ဦးတည်းမူပိုင်ရောင်းချသွားမယ့် ပုံပါပဲ။

Realme 3 ဟာ Realme U1 ပြီးရင် ကုမ္ပဏီက ထုတ်လုပ်တဲ့ထဲမှာ Helio P70 ချစ်ပ်ဆက် အသုံးပြုထားတဲ့ ဒုတိယမြောက်ဖုန်းပါပဲ။ ဒီဖုန်းရဲ့နောက်ဘက်ကိုယ်ထည်မှာ စိန်မှန်ကွက်လို ဒီဇိုင်းနဲ့ Fingerprint တစ်ခုတို့ ပါဝင်မှာဖြစ်ပါတယ်။

မတ်လ ၄ ရက်နေ့မှာ မိတ်ဆက်လာမှာက Realme 3 တစ်ခုတည်းမဟုတ်ဘဲ Realme 3 Pro ကိုလည်း တစ်ပါတည်း ထုတ်လွှင့်လာဖို့ကိုလည်း မျှော်လင့်ရပြီး Realme ရဲ့တရားဝင်တွစ်တာအကောင့်မှာ Pro ဗားရှင်း အတွက် Teaser ဗီဒီယိုတစ်ခုကို တင်လာခဲ့ပါတယ်။

အဆိုပါဗီဒီယိုထဲမှာတော့ နံပါတ် ‘3’ ကို အဝါရောင်မိုးကြိုးသွားသဏ္ဍာန် မြင်ရပြီး “Be Proactive” ဆိုတဲ့ စာလုံးမှာ Pro ကို ဟိုက်လိုက်လုပ်ပြထားတာ တွေ့ရမှာပါ။ ဒါကြောင့် Realme 3 Pro ကိုတစ်ပါတည်း မိတ်ဆက်လာနိုင်တာ သေချာသလောက်ရှိနေပါတယ်။

အခုလောလောဆယ်တော့ Realme 3 ရဲ့အချက်အလက်တွေတောင် များများစားစား မပေါက်ကြားသေးဘဲ Pro ဗားရှင်းနဲ့ ပတ်သက်ပြီးလည်း ဘာမှမသိရသေးပါဘူး။ သေချာတာကတော့ Realme 3 Pro ဟာ ရိုးရိုးမော်ဒယ်ထက်တော့ အနည်းငယ်ပိုကောင်းမယ်ဆိုတာပါပဲ။ ဈေးနှုန်းနဲ့ အချက်အလက်တွေကတော့ မကြာခင်မှာ တရားဝင်မြင်တွေ့ရတော့မှာပါ။

Ref – GSM Arena