Zawgyi

Realme ဟာ အိႏၵိယ မွာ စမတ္ဖုန္း သုံးလုံးကို မိတ္ဆက္ေရာင္းခ်ထားၿပီး ျဖစ္ၿပီး အခုဆိုရင္ သူ႕ရဲ႕ ေျခာက္လုံးေျမာက္ စမတ္ဖုန္းသစ္ကို မၾကာခင္ မိတ္ဆက္ဖို႔ျပင္ေနပါၿပီ။ Realme ကေန သူ႕ရဲ႕ တရားဝင္ တြစ္တာ အေကာင့္မွာ ဖုန္းအသစ္ အေၾကာင္း အရိပ္အႁမြက္ေပးထားတဲ့ ပုံတစ္ပုံကို တင္ခဲ့ပါတယ္။ အဆိုပါ ပုံမွာေတာ့ Realme ဖုန္းေတြရဲ႕ ဗူးေတြကိုျပထားၿပီး ရိုးရွင္းတဲ့ သခၤ်ာ ေမးခြန္းေလးကိုေမးထားတာပါ။ ဖုန္းဗူးခြံေတြဟာ Realme 1 နဲ႕ 2 တို႔ရဲ႕ ဗူးခြံေတြျဖစ္ၿပီး Realme 1 နဲ႕ 2 ကိုေပါင္းျခင္းရဲ႕ ရလဒ္ကိုေမးထားၿပီး Realme 3 အေၾကာင္း အရိပ္အႁမြက္ေပးလိုက္တာပါပဲ။

အဆိုပါ ပုံ မထြက္လာခင္ Realme 3 ကို မိတ္ဆက္မယ့္ ဗီဒီယို Teaser တစ္ခုလည္း အြန္လိုင္းမွာ ပ်ံ့ႏွံ႕ေနခဲ့ပါတယ္။ ေပါက္ၾကားခဲ့တဲ့ ဗီဒီယိုထဲမွာေတာ့ Realme India CEO ျဖစ္တဲ့ Madhav Sheth နဲ႕ ရပ္အဆိုေတာ္ေတြက Realme 3 အေၾကာင္း သီခ်င္းေတြဆိုခဲ့ၾကတာပါ။ အဆိုပါ ဗီဒီယိုေပါက္ၾကားသြားတဲ့ အတြက္ Realme ကေန ခ်က္ခ်င္း Teaser Poster ကို တင္လိုက္ပုံေပၚပါတယ္။

Realme 3 နဲ႕ ပက္သက္ၿပီး ထူးျခားခ်က္ကေတာ့ အခ်က္အလက္ေပါက္ၾကားခ်က္ေတြ၊ ေကာလဟလေတြနဲ႕ ဓာတ္ပုံေတြသိပ္ ထြက္ေပၚလာျခင္း မရွိတာပါပဲ။ Realme က သူ႕ဖုန္းအသစ္ရဲ႕ အခ်က္အလက္ေတြကို ဖုန္းကြယ္ထားၿပီး တရားဝင္ မိတ္ဆက္တဲ့ ေန႕မွာမွ သူ႕ရဲ႕ Fan ေတြကို အံ့အားသင့္ေအာင္ လုပ္ခ်င္တဲ့ပုံပါပဲ။

Realme 3 မိတ္ဆက္မယ့္ ရက္ကို အေသအခ်ာ မသိေသးေပမယ့္ Realme India ရဲ႕ CEO ေျပာၾကားခ်က္အရ ၂၀၁၉ ႏွစ္စပိုင္းမွာ စတင္မိတ္ဆက္မယ္လို႔ သိရပါတယ္။ တစ္ျခား သတင္းအခ်က္ေတြအရ မတ္လ အေစာပိုင္းေလာက္မွာ မိတ္ဆက္မယ္လို႔လည္း လူအခ်ိဳ႕ က သုံးသပ္ထားပါတယ္။ Realme ဟာ OPPO ရဲ႕ ကုမၸဏီအခြဲ တစ္ခုျဖစ္ၿပီး Xiaomi ရဲ႕ Redmi Series လို အလယ္အလတ္ဖုန္းေစ်းကြက္ကို ယွဥ္ၿပိဳင္ဖို႔ တည္ေထာင္ထားတာမို႔ အခု အသစ္မိတ္ဆက္မယ့္ Realme 3 ကလည္း ေစ်းသက္သက္သာသာနဲ႕ ဝယ္ယူနိုင္မယ့္ အလယ္အလတ္ စမတ္ဖုန္းတစ္လုံးျဖစ္လာမွာပါ။ အေသးစိတ္ အခ်က္အလက္ေတြကို မသိရေသးေပမယ့္ Realme 3 မွာ Qualcomm ရဲ႕ Mid-range SoC Series ျဖစ္တဲ့ Snapdragon 600 Series (သို႔မဟုတ္) 700 Series ရဲ႕ ေနာက္ဆုံးထြက္ SoC ေတြကို တပ္ဆင္ေပးထားမွာပါ။

Realme 3 ဟာ Realme 2 ရဲ႕ ေနာက္ဆက္တြဲဖုန္းျဖစ္ၿပီး Realme 2 လိုပဲ အလယ္အလတ္တန္း စမတ္ဖုန္းေစ်းကြက္မွာ ေအာင္ျမင္မႈေတြ ေဆာင္က်ဥ္းေပးနိုင္မယ္လို႔ Realme ကေမွ်ာ္လင့္ေနတဲ့ ပုံပါပဲ။ အရင္လတုန္းက Realme ကေန အိႏၵိယမွာ ေလးလတာ အခ်ိန္ကာလ အတြင္း Realme 2 အလုံးေရ ႏွစ္သန္း ေရာင္းခ် နိုင္ခဲ့တယ္လို႔ တရားဝင္ သတင္းထုတ္ျပန္ထားပါတယ္။

Ref: Gizmo China

Unicode

Realme 3 ကို မတ်လ အစောပိုင်းမှာ စတင် မိတ်ဆက်နိုင်

Realme ဟာ အိန္ဒိယ မှာ စမတ်ဖုန်း သုံးလုံးကို မိတ်ဆက်ရောင်းချထားပြီး ဖြစ်ပြီး အခုဆိုရင် သူ့ရဲ့ ခြောက်လုံးမြောက် စမတ်ဖုန်းသစ်ကို မကြာခင် မိတ်ဆက်ဖို့ပြင်နေပါပြီ။ Realme ကနေ သူ့ရဲ့ တရားဝင် တွစ်တာ အကောင့်မှာ ဖုန်းအသစ် အကြောင်း အရိပ်အမြွက်ပေးထားတဲ့ ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ အဆိုပါ ပုံမှာတော့ Realme ဖုန်းတွေရဲ့ ဗူးတွေကိုပြထားပြီး ရိုးရှင်းတဲ့ သင်္ချာ မေးခွန်းလေးကိုမေးထားတာပါ။ ဖုန်းဗူးခွံတွေဟာ Realme 1 နဲ့ 2 တို့ရဲ့ ဗူးခွံတွေဖြစ်ပြီး Realme 1 နဲ့ 2 ကိုပေါင်းခြင်းရဲ့ ရလဒ်ကိုမေးထားပြီး Realme 3 အကြောင်း အရိပ်အမြွက်ပေးလိုက်တာပါပဲ။

အဆိုပါ ပုံ မထွက်လာခင် Realme 3 ကို မိတ်ဆက်မယ့် ဗီဒီယို Teaser တစ်ခုလည်း အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပါတယ်။ ပေါက်ကြားခဲ့တဲ့ ဗီဒီယိုထဲမှာတော့ Realme India CEO ဖြစ်တဲ့ Madhav Sheth နဲ့ ရပ်အဆိုတော်တွေက Realme 3 အကြောင်း သီချင်းတွေဆိုခဲ့ကြတာပါ။ အဆိုပါ ဗီဒီယိုပေါက်ကြားသွားတဲ့ အတွက် Realme ကနေ ချက်ချင်း Teaser Poster ကို တင်လိုက်ပုံပေါ်ပါတယ်။

Realme 3 နဲ့ ပက်သက်ပြီး ထူးခြားချက်ကတော့ အချက်အလက်ပေါက်ကြားချက်တွေ၊ ကောလဟလတွေနဲ့ ဓာတ်ပုံတွေသိပ် ထွက်ပေါ်လာခြင်း မရှိတာပါပဲ။ Realme က သူ့ဖုန်းအသစ်ရဲ့ အချက်အလက်တွေကို ဖုန်းကွယ်ထားပြီး တရားဝင် မိတ်ဆက်တဲ့ နေ့မှာမှ သူ့ရဲ့ Fan တွေကို အံ့အားသင့်အောင် လုပ်ချင်တဲ့ပုံပါပဲ။

Realme 3 မိတ်ဆက်မယ့် ရက်ကို အသေအချာ မသိသေးပေမယ့် Realme India ရဲ့ CEO ပြောကြားချက်အရ ၂၀၁၉ နှစ်စပိုင်းမှာ စတင်မိတ်ဆက်မယ်လို့ သိရပါတယ်။ တစ်ခြား သတင်းအချက်တွေအရ မတ်လ အစောပိုင်းလောက်မှာ မိတ်ဆက်မယ်လို့လည်း လူအချို့ က သုံးသပ်ထားပါတယ်။ Realme ဟာ OPPO ရဲ့ ကုမ္ပဏီအခွဲ တစ်ခုဖြစ်ပြီး Xiaomi ရဲ့ Redmi Series လို အလယ်အလတ်ဖုန်းစျေးကွက်ကို ယှဉ်ပြိုင်ဖို့ တည်ထောင်ထားတာမို့ အခု အသစ်မိတ်ဆက်မယ့် Realme 3 ကလည်း စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်မယ့် အလယ်အလတ် စမတ်ဖုန်းတစ်လုံးဖြစ်လာမှာပါ။ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် Realme 3 မှာ Qualcomm ရဲ့ Mid-range SoC Series ဖြစ်တဲ့ Snapdragon 600 Series (သို့မဟုတ်) 700 Series ရဲ့ နောက်ဆုံးထွက် SoC တွေကို တပ်ဆင်ပေးထားမှာပါ။

Realme 3 ဟာ Realme 2 ရဲ့ နောက်ဆက်တွဲဖုန်းဖြစ်ပြီး Realme 2 လိုပဲ အလယ်အလတ်တန်း စမတ်ဖုန်းစျေးကွက်မှာ အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးနိုင်မယ်လို့ Realme ကမျှော်လင့်နေတဲ့ ပုံပါပဲ။ အရင်လတုန်းက Realme ကနေ အိန္ဒိယမှာ လေးလတာ အချိန်ကာလ အတွင်း Realme 2 အလုံးရေ နှစ်သန်း ရောင်းချ နိုင်ခဲ့တယ်လို့ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

Ref: Gizmo China