[Zawgyi]

ၿပီးခဲ့တဲ့ မတ္လဆန္းတုန္းက Realme 3 ကို မိတ္ဆက္သြားခဲ့ၿပီး အခုဧၿပီလ ၂၂ ရက္ေန႔မွာေတာ့ Realme 3 Pro ကို မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ Realme 3 ကို ႀကိဳက္ၾကသူေတြအတြက္ Pro version ကလည္း စိတ္ဝင္စားစရာ ေကာင္းေနမွာပါ။ ဒါတင္မကဘဲ Realme ရဲ႕ CEO ေၾကာင့္ ပိုၿပီးေတာ့ေတာင္ လိုခ်င္စိတ္ေတြ ျဖစ္လာမယ္လို႔ ဆိုရေတာ့မွာပါ။

Realme ရဲ႕ CEO Madhav Sheth က Realme 3 Pro ရဲ႕ စြမ္းေဆာင္ရည္ကို Twitter မွာ တင္ခဲ့တာ ျဖစ္ပါတယ္။ Sheth က Twitter မွာ Realme 3 Pro ဖုန္းနဲ႔ Fortnite လိုဂိမ္းမ်ိဳးကို 60fps နဲ႔ေတာင္ ေဆာ့ႏိုင္တယ္လို႔ ႂကြားလိုက္တာပါ။ ႂကြားတာေတာင္မွ ႐ိုး႐ိုးႂကြားတာမဟုတ္ပါဘူး။ တျခားဖုန္းေတြဆို Realme 3 Pro လိုမေဆာ့ႏိုင္ဘူးလို႔ ေရးၿပီးႂကြားခဲ့တာပါ။

Twitter ေပၚတင္ထားတဲ့ ပုံထဲက အျခားဖုန္းမွာေတာ့ “not supported” error ျပေနတာကို ေတြ႕ျမင္ရပါလိမ့္မယ္။ ဒီလို Error ျပေနတဲ့ဖုန္းက Redmi Note 7 Pro ျဖစ္တဲ့အတြက္ Xiaomi ပရိသတ္ေတြကေတာ့ နာလိုခံခက္ ျဖစ္ၾကဦးမွာပါပဲ။ Redmi Note 7 Pro ဟာ Snapdragon 675 ကို သုံးထားတာေၾကာင့္ Realme 3 Pro မွာ ပိုေကာင္းတဲ့ Processor ကို ေမွ်ာ္လင့္ႏိုင္မွာေသခ်ာပါတယ္။

Realme 3 မွာ Helio P60 သုံးထားတာေတာ့ အားလုံးလည္း သိၾကမွာပါ။ ဒီေတာ့ Pro Version အတြက္ ဘာသုံးမွာလဲဆိုတာက အေတာ္ေလးကို စိတ္ဝင္စားစရာ ေကာင္းေနပါၿပီ။ ေကာလာဟလေတြ ထြက္ထားသလို Snapdragon 710 ဒါမွမဟုတ္ 712 နဲ႔ ထြက္လာမလား ဒါမွမဟုတ္ ဒီထက္ပိုျမင့္တာလားဆိုတာ မၾကာခင္ သိရေတာ့မွာ ျဖစ္ပါတယ္။
Ref: GSMArena

[Unicode]

Fortnite ကို 60fps နဲ့ ဆော့နိုင်တယ်ဆိုတဲ့ Realme 3 Pro

ပြီးခဲ့တဲ့ မတ်လဆန်းတုန်းက Realme 3 ကို မိတ်ဆက်သွားခဲ့ပြီး အခုဧပြီလ ၂၂ ရက်နေ့မှာတော့ Realme 3 Pro ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ Realme 3 ကို ကြိုက်ကြသူတွေအတွက် Pro version ကလည်း စိတ်ဝင်စားစရာ ကောင်းနေမှာပါ။ ဒါတင်မကဘဲ Realme ရဲ့ CEO ကြောင့် ပိုပြီးတော့တောင် လိုချင်စိတ်တွေ ဖြစ်လာမယ်လို့ ဆိုရတော့မှာပါ။

Realme ရဲ့ CEO Madhav Sheth က Realme 3 Pro ရဲ့ စွမ်းဆောင်ရည်ကို Twitter မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ Sheth က Twitter မှာ Realme 3 Pro ဖုန်းနဲ့ Fortnite လိုဂိမ်းမျိုးကို 60fps နဲ့တောင် ဆော့နိုင်တယ်လို့ ကြွားလိုက်တာပါ။ ကြွားတာတောင်မှ ရိုးရိုးကြွားတာမဟုတ်ပါဘူး။ တခြားဖုန်းတွေဆို Realme 3 Pro လိုမဆော့နိုင်ဘူးလို့ ရေးပြီးကြွားခဲ့တာပါ။

Twitter ပေါ်တင်ထားတဲ့ ပုံထဲက အခြားဖုန်းမှာတော့ “not supported” error ပြနေတာကို တွေ့မြင်ရပါလိမ့်မယ်။ ဒီလို Error ပြနေတဲ့ဖုန်းက Redmi Note 7 Pro ဖြစ်တဲ့အတွက် Xiaomi ပရိသတ်တွေကတော့ နာလိုခံခက် ဖြစ်ကြဦးမှာပါပဲ။ Redmi Note 7 Pro ဟာ Snapdragon 675 ကို သုံးထားတာကြောင့် Realme 3 Pro မှာ ပိုကောင်းတဲ့ Processor ကို မျှော်လင့်နိုင်မှာသေချာပါတယ်။

Realme 3 မှာ Helio P60 သုံးထားတာတော့ အားလုံးလည်း သိကြမှာပါ။ ဒီတော့ Pro Version အတွက် ဘာသုံးမှာလဲဆိုတာက အတော်လေးကို စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ကောလာဟလတွေ ထွက်ထားသလို Snapdragon 710 ဒါမှမဟုတ် 712 နဲ့ ထွက်လာမလား ဒါမှမဟုတ် ဒီထက်ပိုမြင့်တာလားဆိုတာ မကြာခင် သိရတော့မှာ ဖြစ်ပါတယ်။

Ref: GSMArena