[Zawgyi]

Teasers ေတြ ဆက္တိုက္ဆိုသလို ထြက္ေပၚခဲ့တဲ့ေနာက္ ၿပီးခဲ့တဲ့ ရက္ကပဲ Realme 3 Pro ကို တရားဝင္မိတ္ဆက္ပြဲျပဳလုပ္လိုက္ၿပီ ျဖစ္ပါတယ္။ တရားဝင္ မိတ္မဆက္ခင္ ေပၚေပါက္ခဲ့တဲ့ သတင္းေတြအတိုင္းပဲ Realme 3 Pro ဟာ Snapdragon 710 Chipset နဲ႔ပဲ ျဖစ္ပါတယ္။

Realme 3 Pro ဟာ 6.1-inch Full HD+ Screen နဲ႔ ျဖစ္ၿပီး Realme 3 ထက္ ကင္မရာပိုင္း ပိုေကာင္းလာသလို RAM ပိုင္းလည္း ပိုလာပါတယ္။ ေက်ာဘက္ကင္မရာႏွစ္လုံးဟာ 16MP + 5MP ျဖစ္ၿပီး Sony IMX519 sensor နဲ႔ပဲ ျဖစ္ပါတယ္။ Selfie ကင္မရာကေတာ့ 25MP ျဖစ္လာၿပီး f/2.0 lens နဲ႔ ျဖစ္ပါတယ္။ Realme 3 နဲ႔ ယွဥ္လိုက္မယ္ဆိုရင္ေတာ့ အေတာ္ေလးကို အဆင့္ျမႇင့္တင္လိုက္တယ္လို႔ ဆိုရမွာပါ။

Realme 3 Pro ဟာSnapdragon 710 နဲ႔ တြဲဖက္ဖို႔ မန္မိုရီနဲ႔ သိုေလွာင္မႈ အမ်ိဳးအစား သုံးမ်ိဳး ခြဲျခားေပးထားပါတယ္။ 4/64 GB, 6/64 GB နဲ႔ 6/128 GB တို႔ပဲျဖစ္ၿပီးေတာ့ MicroSD နဲ႔အတူ 256GB အထိ ထပ္ၿပီး တိုးခ်ဲ႕ခြင့္ ျပဳထားပါေသးတယ္။ Android Pie ကို အေျခခံထားတဲ့ Color OS 6.0 interface ျဖစ္ၿပီး Chroma Boost အပါအဝင္ Fancy ျဖစ္တဲ့ ကင္မရာ Feature အေတာ္မ်ားမ်ား ပါဝင္လာပါတယ္။

ဘက္ထရီပမာဏကေတာ့ 4,045mAh ျဖစ္ၿပီး VOOC 3.0 နဲ႔အတူ 20W charger ကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။ USB-C ေတာ့ မဟုတ္ေသးဘဲ Micro USB ကိုပဲ အသုံးျပဳထားတုန္း ျဖစ္တာကိုလည္း ေတြ႕ရပါတယ္။ အေရာင္ကေတာ့ Carbon Gray, Nitro Blue နဲ႔ Lighting Purple ဆိုၿပီး သုံးေရာင္ ေ႐ြးခ်ယ္ႏိုင္ပါတယ္။

ေဈးႏႈန္းေတြကေတာ့ 4/64 GB အမ်ိဳးအစားအတြက္ INR13,999 ($200/€180) ၃ သိန္းဝန္းက်င္ ျဖစ္ၿပီး 6/128 GB ကေတာ့ INR16,999 ($245/€218) ၃သိန္း ၇ေသာင္း ဝန္းက်င္ ျဖစ္ေၾကာင္း သိရပါတယ္။

Ref: GSMArena

[Unicode]

Snapdragon 710 နဲ့ Realme 3 Pro ကို တရားဝင် မိတ်ဆက်လိုက်ပြီ

Teasers တွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်ခဲ့တဲ့နောက် ပြီးခဲ့တဲ့ ရက်ကပဲ Realme 3 Pro ကို တရားဝင်မိတ်ဆက်ပွဲပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။ တရားဝင် မိတ်မဆက်ခင် ပေါ်ပေါက်ခဲ့တဲ့ သတင်းတွေအတိုင်းပဲ Realme 3 Pro ဟာ Snapdragon 710 Chipset နဲ့ပဲ ဖြစ်ပါတယ်။

Realme 3 Pro ဟာ 6.1-inch Full HD+ Screen နဲ့ ဖြစ်ပြီး Realme 3 ထက် ကင်မရာပိုင်း ပိုကောင်းလာသလို RAM ပိုင်းလည်း ပိုလာပါတယ်။ ကျောဘက်ကင်မရာနှစ်လုံးဟာ 16MP + 5MP ဖြစ်ပြီး Sony IMX519 sensor နဲ့ပဲ ဖြစ်ပါတယ်။ Selfie ကင်မရာကတော့ 25MP ဖြစ်လာပြီး f/2.0 lens နဲ့ ဖြစ်ပါတယ်။ Realme 3 နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ အတော်လေးကို အဆင့်မြှင့်တင်လိုက်တယ်လို့ ဆိုရမှာပါ။

Realme 3 Pro ဟာSnapdragon 710 နဲ့ တွဲဖက်ဖို့ မန်မိုရီနဲ့ သိုလှောင်မှု အမျိုးအစား သုံးမျိုး ခွဲခြားပေးထားပါတယ်။ 4/64 GB, 6/64 GB နဲ့ 6/128 GB တို့ပဲဖြစ်ပြီးတော့ MicroSD နဲ့အတူ 256GB အထိ ထပ်ပြီး တိုးချဲ့ခွင့် ပြုထားပါသေးတယ်။ Android Pie ကို အခြေခံထားတဲ့ Color OS 6.0 interface ဖြစ်ပြီး Chroma Boost အပါအဝင် Fancy ဖြစ်တဲ့ ကင်မရာ Feature အတော်များများ ပါဝင်လာပါတယ်။

ဘက်ထရီပမာဏကတော့ 4,045mAh ဖြစ်ပြီး VOOC 3.0 နဲ့အတူ 20W charger ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ USB-C တော့ မဟုတ်သေးဘဲ Micro USB ကိုပဲ အသုံးပြုထားတုန်း ဖြစ်တာကိုလည်း တွေ့ရပါတယ်။ အရောင်ကတော့ Carbon Gray, Nitro Blue နဲ့ Lighting Purple ဆိုပြီး သုံးရောင် ရွေးချယ်နိုင်ပါတယ်။

ဈေးနှုန်းတွေကတော့ 4/64 GB အမျိုးအစားအတွက် INR13,999 ($200/€180) ၃ သိန်းဝန်းကျင် ဖြစ်ပြီး 6/128 GB ကတော့ INR16,999 ($245/€218) ၃သိန်း ၇သောင်း ဝန်းကျင် ဖြစ်ကြောင်း သိရပါတယ်။

Ref: GSMArena