[Zawgyi]

Realme 3i ကို ဇူလိုင္လ ၁၅ရက္ေန႔မွာ တရားဝင္ မိတ္ဆက္မွာျဖစ္ေၾကာင္း ေၾကညာထားၿပီး ျဖစ္ပါတယ္။ မိတ္ဆက္ပြဲေရာက္ဖို႔ ရက္အနည္းငယ္လိုအပ္ေနေသးေပမယ့္ Realme ကေတာ့ Realme 3i နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို တစ္ခုၿပီး တစ္ခု ထုတ္ေဖာ္ျပသေနပါတယ္။ မိတ္ဆက္ပြဲေန႔ရက္ကို ေၾကညာတုန္းကဆိုရင္ Realme 3i မွာ 4230mAh Battery နဲ႔ MediaTek Helio P60 Processor ေတြ ပါဝင္ေၾကာင္း Realme က ေရးသားေဖာ္ျပခဲ့ပါတယ္။

အခုတခါမွာလည္း Realme 3i ဟာ ၆.၂၂လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ Display ကို အသုံးျပဳထားမွာ ျဖစ္ေၾကာင္း ထပ္မံေဖာ္ျပလာပါတယ္။ Display Resolution ကေတာ့ Realme 3 လိုမ်ိဴး 720 x 1520 pixels ရွိႏိုင္ပါတယ္။ ဒီေတာ့ Realme 3i ရဲ႕ Battery, Processor နဲ႔ Display ေတြက Realme 3 နဲ႔ အတူတူပဲလို႔ ေျပာရမွာပါ။ Realme 3i မွာ ကင္မရာအပါအဝင္ တျခား ဘယ္အပိုင္းေတြကို ေျပာင္းလဲေလွ်ာ့ခ်ထားမလဲဆိုတာ အတိအက် မသိရေသးေပမယ့္ ေက်ာဘက္ဒီဇိုင္းကေတာ့ အနည္းငယ္ ေျပာင္းလဲသြားပါတယ္။

Realme 3i ရဲ႕ ေနာက္ေက်ာဘက္ဒီဇိုင္းက Diamond-cut Pattern ပုံစံ ျဖစ္သြားပါၿပီ။ Dual Camera Setup တပ္ဆင္ပုံနဲ႔ ေရွ႕ဘက္မ်က္ႏွာျပင္မွာ ရွိတဲ့ Waterdrop Notch ေတြကေတာ့ Realme 3 လိုမ်ိဴး ပုံစံပါပဲ။ ဒီေတာ့ Realme 3 နဲ႔ Realme 3i တို႔ဟာ အရမ္ႀကီး ကြာျခားမႈရွိမွာ မဟုတ္ဘူးလို႔ ယူဆရပါတယ္။ ဒါေပမယ့္ ေစ်းႏႈန္းမွာေတာ့ Realme 3 ထက္ ပိုၿပီး သက္သာလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

Realme 3 ရဲ႕ RAM 4GB + Storage 64GB ေမာ္ဒယ္ကို ျမန္မာေငြ ၂၆၉,၀၀၀ က်ပ္၊ RAM 3GB + Storage 32GB ေမာ္ဒယ္ကို ျမန္မာေငြ ၂၁၉,၀၀၀ က်ပ္နဲ႔ ျမန္မာႏိုင္ငံမွာ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။

Ref : GsmArena

[Unicode]

Realme 3 နဲ့ Specifications သိပ်မကွာပေမယ့် စျေးပိုချိူနိုင်တဲ့ Realme 3i

Realme 3i ကို ဇူလိုင်လ ၁၅ရက်နေ့မှာ တရားဝင် မိတ်ဆက်မှာဖြစ်ကြောင်း ကြေညာထားပြီး ဖြစ်ပါတယ်။ မိတ်ဆက်ပွဲရောက်ဖို့ ရက်အနည်းငယ်လိုအပ်နေသေးပေမယ့် Realme ကတော့ Realme 3i နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တစ်ခုပြီး တစ်ခု ထုတ်ဖော်ပြသနေပါတယ်။ မိတ်ဆက်ပွဲနေ့ရက်ကို ကြေညာတုန်းကဆိုရင် Realme 3i မှာ 4230mAh Battery နဲ့ MediaTek Helio P60 Processor တွေ ပါဝင်ကြောင်း Realme က ရေးသားဖော်ပြခဲ့ပါတယ်။

အခုတခါမှာလည်း Realme 3i ဟာ ၆.၂၂လက်မ မျက်နှာပြင် အကျယ်ရှိ Display ကို အသုံးပြုထားမှာ ဖြစ်ကြောင်း ထပ်မံဖော်ပြလာပါတယ်။ Display Resolution ကတော့ Realme 3 လိုမျိူး 720 x 1520 pixels ရှိနိုင်ပါတယ်။ ဒီတော့ Realme 3i ရဲ့ Battery, Processor နဲ့ Display တွေက Realme 3 နဲ့ အတူတူပဲလို့ ပြောရမှာပါ။ Realme 3i မှာ ကင်မရာအပါအဝင် တခြား ဘယ်အပိုင်းတွေကို ပြောင်းလဲလျှော့ချထားမလဲဆိုတာ အတိအကျ မသိရသေးပေမယ့် ကျောဘက်ဒီဇိုင်းကတော့ အနည်းငယ် ပြောင်းလဲသွားပါတယ်။

Realme 3i ရဲ့ နောက်ကျောဘက်ဒီဇိုင်းက Diamond-cut Pattern ပုံစံ ဖြစ်သွားပါပြီ။ Dual Camera Setup တပ်ဆင်ပုံနဲ့ ရှေ့ဘက်မျက်နှာြပင်မှာ ရှိတဲ့ Waterdrop Notch တွေကတော့ Realme 3 လိုမျိူး ပုံစံပါပဲ။ ဒီတော့ Realme 3 နဲ့ Realme 3i တို့ဟာ အရမ်ကြီး ကွာခြားမှုရှိမှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။ ဒါပေမယ့် စျေးနှုန်းမှာတော့ Realme 3 ထက် ပိုပြီး သက်သာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Realme 3 ရဲ့ RAM 4GB + Storage 64GB မော်ဒယ်ကို မြန်မာငွေ ၂၆၉,၀၀၀ ကျပ်၊ RAM 3GB + Storage 32GB မော်ဒယ်ကို မြန်မာငွေ ၂၁၉,၀၀၀ ကျပ်နဲ့ မြန်မာနိုင်ငံမှာ ရောင်းချနေတယ်လို့ သိရပါတယ်။

Ref : GsmArena