[Zawgyi]

Realme 3i ကို ေၾကညာလိုက္ပါၿပီ။ သူဟာ အတြင္းပိုင္းမွာ ႏိုင္ငံတကာမွာ ေရာင္းတဲ့ Realme 3 နဲ႔ တူညီပါတယ္။ ဒါေပမယ့္ P70 အစား P60 ကို သံုးထားပါတယ္။ Realme C2 ရဲ႕ အေနာက္ဘက္ စိန္ပံုသ႑ာန္ကို သံုးထားပါတယ္။ Realme 3i မွာ ၆.၂ လက္မ IPS HD+ Display တပ္ဆင္ထားၿပီး Gorilla Glass 3 ျဖင့္ ဖံုးအုပ္ထားပါတယ္။ အရြယ္ေသး Notch ပါပါတယ္။

Notch မွာ 13MP Selfie Camera တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ 13MP + 2MP Depth Sensor ကို ေပါင္းစပ္ထားပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာ ပါပါတယ္။ အေနာက္ဘက္ စိန္ပံုသ႑ာန္ ဒီဇိုင္းဟာ အလင္းျပန္ၿပီး ဒီဇိုင္း ဆန္းသစ္ပါတယ္။ လူငယ္မ်ားအႀကိဳက္ ျဖစ္ပါတယ္။ သူ႔မွာ Helio P60  SoC ေမာင္းႏွင္ထားၿပီး Octa-core CPU ပါပါတယ္။

သူ႔မွာ အရြယ္ႀကီး 4230mAh Battery ထည့္သြင္းထားေပမယ့္ 10W Charging ကိုသာ ေထာက္ပံ့ပါတယ္။ microUSB Port သာ ပါတာက အားနည္းပါတယ္။ ေဆာ့ဖ္၀ဲ အပိုင္းမွာ ယခင္ Realme Devices မ်ားလိုပဲ Android 9 Pie အေျချပဳ ColorOS 6 ထည့္သြင္းထားပါတယ္။ သူ႔ကို Diamond Blue , Red နဲ႔ Black အေရာင္မ်ား ထုတ္လုပ္ထားပါတယ္။

အိႏၵိယမွာ ဒီလ ၂၃ ရက္မွာ Flipkart ကေနသာ ေရာင္းခ်မွာ ျဖစ္ပါတယ္။  3/32GB ကို ျမန္မာေငြ ၁၇၀ ၀၀၀ ၊ 4/64GB ကို ၂၂၀ ၀၀၀ ေလာက္ က်သင့္မွာပါ။ အျခား ႏုိင္ငံမ်ားမွာ ေရာင္းခ်မယ့္ သတင္းကို မသိရေသးပါဘူး။

Ref : gsmarena

[Unicode]

Helio P60 နဲ့ အနောက်ကင်မရာ နှစ်လုံးပါတဲ့ Realme 3i ကို ကြေညာ

Realme 3i ကို ကြေညာလိုက်ပါပြီ။ သူဟာ အတွင်းပိုင်းမှာ နိုင်ငံတကာမှာ ရောင်းတဲ့ Realme 3 နဲ့ တူညီပါတယ်။ ဒါပေမယ့် P70 အစား P60 ကို သုံးထားပါတယ်။ Realme C2 ရဲ့ အနောက်ဘက် စိန်ပုံသဏ္ဍာန်ကို သုံးထားပါတယ်။ Realme 3i မှာ ၆.၂ လက်မ IPS HD+ Display တပ်ဆင်ထားပြီး Gorilla Glass 3 ဖြင့် ဖုံးအုပ်ထားပါတယ်။ အရွယ်သေး Notch ပါပါတယ်။

Notch မှာ 13MP Selfie Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13MP + 2MP Depth Sensor ကို ပေါင်းစပ်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါပါတယ်။ အနောက်ဘက် စိန်ပုံသဏ္ဍာန် ဒီဇိုင်းဟာ အလင်းပြန်ပြီး ဒီဇိုင်း ဆန်းသစ်ပါတယ်။ လူငယ်များအကြိုက်များ ဖြစ်ပါတယ်။ သူ့မှာ Helio P60 SoC မောင်းနှင်ထားပြီး Octa-core CPU ပါပါတယ်။

သူ့မှာ အရွယ်ကြီး 4230mAh Battery ထည့်သွင်းထားပေမယ့် 10W Charging ကိုသာ ထောက်ပံ့ပါတယ်။ microUSB Port သာ ပါတာက အားနည်းပါတယ်။ ဆော့ဖ်ဝဲ အပိုင်းမှာ ယခင် Realme Devices များလိုပဲ Android 9 Pie အခြေပြု ColorOS 6 ထည့်သွင်းထားပါတယ်။ သူ့ကို Diamond Blue , Red နဲ့ Black အရောင်များ ထုတ်လုပ်ထားပါတယ်။

အိန္ဒိယမှာ ဒီလ ၂၃ ရက်မှာ Flipkart ကနေသာ ရောင်းချမှာ ဖြစ်ပါတယ်။ 3/32GB ကို မြန်မာငွေ ၁၇၀ ၀၀၀ ၊ 4/64GB ကို ၂၂၀ ၀၀၀ လောက် ကျသင့်မှာပါ။ အခြား နိုင်ငံများမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena