[Zawgyi]

အိႏၵိယႏိုင္ငံမွာ စတင္မိတ္ဆက္ခဲ့တဲ့ Realme 3 Pro ကို ပထမဦးဆုံး ေရာင္းခ်တဲ့ေန႔မွာတင္ ၈မိနစ္အတြင္း စမတ္ဖုန္း အလုံးေပါင္း ၁၇၀,၀၀၀ ေက်ာ္ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း Realme ရဲ႕ CEO ျဖစ္သူ Madhav Sheth က တြစ္တာမွာ တရားဝင္ ထုတ္ေဖာ္ေျပာၾကားလာပါတယ္။ အိႏၵိယေစ်းကြက္ကို ပစ္မွတ္ထားၿပီး ဝင္ေရာက္ခဲ့တဲ့ Realme ဟာ ေအာင္ျမင္မႈေတြကို သိမ္းပိုက္လာႏိုင္တာနဲ႔အမွ် အမိေျမ တ႐ုတ္ႏိုင္ငံနဲ႔ ဥေရာပေစ်းကြက္ေတြကိုပါ ေျခဆန္႔ဖို႔ ျပင္ဆင္ေနတာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ Madhav Sheth က Realme စမတ္ဖုန္းအေဟာင္း ပိုင္ရွင္ေတြအတြက္ သတင္းေကာင္းေတြလည္း ထပ္မံသယ္ေဆာင္လာပါေသးတယ္။ Android Pie ( ColorOS 6 ) Beta Version Update ကို Realme စမတ္ဖုန္းအေဟာင္းေတြမွာ ထည့္သြင္းေပးေတာ့မွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ၿပီး Update ရရွိႏိုင္မယ့္ေန႔ရက္ေတြကိုပါ ထုတ္ျပန္ေၾကညာေပးခဲ့ပါတယ္။ Android Pie ( ColorOS 6 ) Beta Version Update ကို Realme 2 Pro အတြက္ ေမလ ၁၅ရက္ေန႔၊ Realme 1 နဲ႔ U1 တို႔အတြက္ ဇြန္လ ၅ရက္ေန႔၊ Realme 2 နဲ႔ C1 တို႔အတြက္ ဇြန္ ၁၅ရက္ေန႔မွာ ထုတ္လႊတ္ေပးသြားမွာ ျဖစ္ပါတယ္။ ပထမဦးစြာ Beta Version ကိုသာ စမ္းသပ္ထုတ္လႊတ္ေပးမွာ ျဖစ္ၿပီး Stable Version ကိုေတာ့ ၁၅ရက္ကေန ၂၀ရက္ၾကာၿပီးေနာက္ ထပ္မံထုတ္လႊတ္ေပးသြားမယ္လို႔ သိရပါတယ္။

အဆိုပါ Android Pie ( ColorOS 6 ) Update မွာ Gaming စြမ္းေဆာင္ရည္ကို ျမႇင့္တင္ေပးတဲ့ HyperBoost နည္းပညာ ပါဝင္လာႏိုင္ေပမယ့္ Update ရရွိတဲ့ စမတ္ဖုန္းတိုင္းကို ထည့္သြင္းေပးမလားဆိုတာကေတာ့ မေသခ်ာေသးပါဘူး။ ဒါေပမယ့္ Madhav Sheth ကေတာ့ HyperBoost နည္းပညာကို Realme 1, Realme U1 နဲ႔ Realme 2 Pro တို႔အတြက္ ထည့္သြင္းေပးမွာျဖစ္ၿပီး Realme C1 နဲ႔ Realme 2 အတြက္ကေတာ့ စဥ္းစားေနတုန္းလို႔ ေျပာၾကားခဲ့ဖူးပါတယ္။

Ref : Android Authority

[Unicode]

၈မိနစ်အတွင်း Realme 3 Pro စမတ်ဖုန်း အလုံးပေါင်း ၁၇၀,၀၀၀ ကျော် ရောင်းထွက်

အိန္ဒိယနိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တဲ့ Realme 3 Pro ကို ပထမဦးဆုံး ရောင်းချတဲ့နေ့မှာတင် ၈မိနစ်အတွင်း စမတ်ဖုန်း အလုံးပေါင်း ၁၇၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ကြောင်း Realme ရဲ့ CEO ဖြစ်သူ Madhav Sheth က တွစ်တာမှာ တရားဝင် ထုတ်ဖော်ပြောကြားလာပါတယ်။ အိန္ဒိယစျေးကွက်ကို ပစ်မှတ်ထားပြီး ဝင်ရောက်ခဲ့တဲ့ Realme ဟာ အောင်မြင်မှုတွေကို သိမ်းပိုက်လာနိုင်တာနဲ့အမျှ အမိမြေ တရုတ်နိုင်ငံနဲ့ ဥရောပစျေးကွက်တွေကိုပါ ခြေဆန့်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် Madhav Sheth က Realme စမတ်ဖုန်းအဟောင်း ပိုင်ရှင်တွေအတွက် သတင်းကောင်းတွေလည်း ထပ်မံသယ်ဆောင်လာပါသေးတယ်။ Android Pie ( ColorOS 6 ) Beta Version Update ကို Realme စမတ်ဖုန်းအဟောင်းတွေမှာ ထည့်သွင်းပေးတော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး Update ရရှိနိုင်မယ့်နေ့ရက်တွေကိုပါ ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ Android Pie ( ColorOS 6 ) Beta Version Update ကို Realme 2 Pro အတွက် မေလ ၁၅ရက်နေ့၊ Realme 1 နဲ့ U1 တို့အတွက် ဇွန်လ ၅ရက်နေ့၊ Realme 2 နဲ့ C1 တို့အတွက် ဇွန် ၁၅ရက်နေ့မှာ ထုတ်လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ Beta Version ကိုသာ စမ်းသပ်ထုတ်လွှတ်ပေးမှာ ဖြစ်ပြီး Stable Version ကိုတော့ ၁၅ရက်ကနေ ၂၀ရက်ကြာပြီးနောက် ထပ်မံထုတ်လွှတ်ပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ Android Pie ( ColorOS 6 ) Update မှာ Gaming စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတဲ့ HyperBoost နည်းပညာ ပါဝင်လာနိုင်ပေမယ့် Update ရရှိတဲ့ စမတ်ဖုန်းတိုင်းကို ထည့်သွင်းပေးမလားဆိုတာကတော့ မသေချာသေးပါဘူး။ ဒါပေမယ့် Madhav Sheth ကတော့ HyperBoost နည်းပညာကို Realme 1, Realme U1 နဲ့ Realme 2 Pro တို့အတွက် ထည့်သွင်းပေးမှာဖြစ်ပြီး Realme C1 နဲ့ Realme 2 အတွက်ကတော့ စဥ်းစားနေတုန်းလို့ ပြောကြားခဲ့ဖူးပါတယ်။

Ref : Android Authority