[Zawgyi]

Realme ဟာ အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ေတာ္မွာ Realme 3 Pro ကို ဒီတပတ္အေစာပိုင္းတုန္းက မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ Realme 3 Pro ဟာ Operating System အပိုင္းအတြက္ Android 9.0 (Pie) ကို ထည့္သြင္းေမာင္းႏွင္ထားၿပီး ColorOS 6 နဲ႔အတူ ျပန္လည္ဆန္းသစ္ထားတဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ ဒါ့အျပင္ Realme 3 Pro မွာ Game ေဆာ့အခါ ပိုမိုေကာင္းမြန္တဲ့ အေတြ႕အႀကဳံေတြကို ရရွိေစဖို႔အတြက္ ပထမမ်ိဴးဆက္ HyperBoost ကို ျပန္လည္ အဆင့္ျမႇင့္တင္ထားတဲ့ HyperBoost 2.0 လည္း ပါဝင္လာခဲ့ပါတယ္။ ဒီေန႔မွာေတာ့ Realme ဘက္က တာဝန္ရွိသူ တစ္ဦးကေနၿပီးေတာ့ သူတို႔အေနနဲ႔ HyperBoost 2.0 ကို တျခားေသာ Realme စမတ္ဖုန္းေတြမွာလည္း ထည့္သြင္းေပးဖို႔ရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုလာပါတယ္။

Realme India ရဲ႕ CEO ျဖစ္သူ Madhav Sheth ဟာ Realme 3 Pro မွာ စတင္ပါဝင္လာတဲ့ HyperBoost 2.0 ကို Realme 1, Realme 2 Pro နဲ႔ Realme U1 တို႔မွာ ColorOS 6 Update နဲ႔အတူ ထည့္သြင္းေပးမယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ Realme 2 နဲ႔ Realme C1 တို႔ကေတာ့ HyperBoost 2.0 ကို ရရွိဖို႔ မေသခ်ာတဲ့ အေနအထားမွာ ရွိေနၿပီး၊ Realme ဘက္က အဆိုပါ စမတ္ဖုန္းေတြအတြက္ စဥ္းစားေနတုန္းလို႔ သိရပါတယ္။

HyperBoost 2.0 ဟာ Gaming စြမ္းေဆာင္ရည္ကို အခ်ိန္နဲ႔ တေျပးညီ တိုးတက္ေကာင္းမြန္လာေအာင္ စြမ္းေဆာင္ေပးတဲ့ Feature ျဖစ္ပါတယ္။ အရင္ဗားရွင္းမွာတုန္းက Touch Response Time ကို ၁၆.၂% အထိ တိုးတက္ေကာင္းမြန္လာေအာင္ လုပ္ေဆာင္ေပးႏိုင္ခဲ့သလို ေနာက္ဗားရွင္းမွာလည္း Game ေဆာ့ေနခ်ိန္အတြင္း Frame Stability ကို ၃၈% အထိ ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။

Ref : GsmArena

[Unicode]

Realme 3 Pro မှာ ပါတဲ့ HyperBoost 2.0 ကို Realme ဖုန်းအဟောင်းတွေမှာလည်း ထည့်ပေးတော့မည်

Realme ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ Realme 3 Pro ကို ဒီတပတ်အစောပိုင်းတုန်းက မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ Realme 3 Pro ဟာ Operating System အပိုင်းအတွက် Android 9.0 (Pie) ကို ထည့်သွင်းမောင်းနှင်ထားပြီး ColorOS 6 နဲ့အတူ ပြန်လည်ဆန်းသစ်ထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါ့အပြင် Realme 3 Pro မှာ Game ဆော့အခါ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ရရှိစေဖို့အတွက် ပထမမျိူးဆက် HyperBoost ကို ပြန်လည် အဆင့်မြှင့်တင်ထားတဲ့ HyperBoost 2.0 လည်း ပါဝင်လာခဲ့ပါတယ်။ ဒီနေ့မှာတော့ Realme ဘက်က တာဝန်ရှိသူ တစ်ဦးကနေပြီးတော့ သူတို့အနေနဲ့ HyperBoost 2.0 ကို တခြားသော Realme စမတ်ဖုန်းတွေမှာလည်း ထည့်သွင်းပေးဖို့ရှိကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။

Realme India ရဲ့ CEO ဖြစ်သူ Madhav Sheth ဟာ Realme 3 Pro မှာ စတင်ပါဝင်လာတဲ့ HyperBoost 2.0 ကို Realme 1, Realme 2 Pro နဲ့ Realme U1 တို့မှာ ColorOS 6 Update နဲ့အတူ ထည့်သွင်းပေးမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Realme 2 နဲ့ Realme C1 တို့ကတော့ HyperBoost 2.0 ကို ရရှိဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပြီး၊ Realme ဘက်က အဆိုပါ စမတ်ဖုန်းတွေအတွက် စဥ်းစားနေတုန်းလို့ သိရပါတယ်။

HyperBoost 2.0 ဟာ Gaming စွမ်းဆောင်ရည်ကို အချိန်နဲ့ တပြေးညီ တိုးတက်ကောင်းမွန်လာအောင် စွမ်းဆောင်ပေးတဲ့ Feature ဖြစ်ပါတယ်။ အရင်ဗားရှင်းမှာတုန်းက Touch Response Time ကို ၁၆.၂% အထိ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့သလို နောက်ဗားရှင်းမှာလည်း Game ဆော့နေချိန်အတွင်း Frame Stability ကို ၃၈% အထိ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

Ref : GsmArena