realme UI Update အသစ်ကို အိန္ဒိယက realme 5, 5i နဲ့  5s အတွက် ဖြန့်ချိပေးလိုက်ပါပြီ။ Update ဟာ Android 10 အခြေပြု ဖြစ်ပြီး Focus Mode လို Android 10 လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ Wallpapers, Animations နဲ့ ပတ်သက်တဲ့ realme UI အတွက် Update များစွာ ပါလာပြီး Icons အသစ်တွေ ထည့်ထားပါတယ်။ ကင်မရာ App ကိုလည်း အဆင့်မြှင့်ထားပါတယ်။

realme Forum က ပို့စ်မှာ Changelog ကို ဖော်ပြထားပြီး Apps တွေကို လျှင်မြန်စွာ သုံးနိုင်တဲ့ Smart Sidebar အသစ်ပါလာပါတယ်။ Multi-window Sessions ကိုလည်း မြန်မြန် သုံးနိုင်လာပြီး Screenshot ရိုက်ရတာ ပိုကောင်းလာပါတယ်။ ( လက် ၃ ချောင်းသုံးရတဲ့ Gesture နဲ့ Floating Preview တွေ ဖြစ်ပါတယ်။ ) Game Space Apps ကို အဆင့်မြှင့်ထားပြီး Quick Settings ကနေ One-handed Mode သုံးရတာ ပိုကောင်းလာပါတယ်။ Built-in Ringtones Selector အသစ် ထည့်ထားပြီး Floating Control အသစ်ကနေ Screen Recording ကို Pause လုပ်နိုင်ပါတယ်။

Update ကို အဆင့်လိုက် ဖြန့်ချိပေးနေပြီး လာမယ့် ၁ ပတ်လောက်မှာ အိန္ဒိယက ဖုန်း အားလုံးမှာ ရကြမှာဖြစ်ပါတယ်။

Ref : gsmarena