[Zawgyi]

Realme က တန္ဖိုးခ်ိဳသာတဲ့ စမတ္ဖုန္း အသစ္ကို ေၾကညာလိုက္ပါတယ္။ Realme 5 လို႔ နာမည္ေပးထားၿပီး အေနာက္ကင္မရာ ၄ လံုး၊ Chipset အသစ္နဲ႔ အရြယ္ႀကီး ဘက္ထရီေတြ ထည့္သြင္းထားပါတယ္။ Realme 5 မွာ ၆.၅ လက္မ HD+ (720x1600p) Display ထည့္သြင္းထားၿပီး မ်က္ႏွာျပင္အခ်ိဳးမွာ 20:9 ျဖစ္တဲ့အတြက္ မ်က္ႏွာျပင္ အရွည္ ဒီဇိုင္းပါ။

အဲဒီ ဖုန္းမွာ Snapdragon 665 Chipset ထည့္သြင္းထားၿပီး 11nm Chipset ပါတဲ့ ဒုတိယေျမာက္ဖုန္း ျဖစ္လာပါတယ္။ ပထမဆံုး ဖုန္းက Xiaomi Mi A3 ျဖစ္ပါတယ္။ အိႏၵိယမွာေတာ့ Realme 5 ဟာ အဲဒီ Chipset ပါတဲ့ ပထမဆံုး ဖုန္း ပါ။

Realme 5 ရဲ႕ SIM Tray မွာ သီးျခား microSD Card Slot ပါၿပီး Hybrid Layout မဟုတ္ပါဘူး။ အဲဒီအတြက္ 256GB Storage ကို အပို ထည့္သြင္းႏုိင္သလို Dual VoLTE ကိုလည္း အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။ Realme ရဲ႕ အေနာက္ကင္မရာ ၄ လံုးပါတဲ့ ပထမဆံုး ဖုန္း ျဖစ္ၿပီး 12MP f/1.8 Aperture Main Camera , 8MP 119 Degree Ultra-wide Angle Lens, 2MP Depth Sensor နဲ႔ 2MP Macro Sensor ေတြ ျဖစ္ပါတယ္။ အရြယ္ေသး Notch မွာ 13MP Camera ထည့္ထားပါတယ္။

Realme 5 မွာ 5,000mAh Battery ထည့္ထားတဲ့အတြက္ ဘက္ထရီ သက္တမ္း ေကာင္းေပမယ့္ အေလးခ်ိန္က ၂၁၀ ဂရမ္ေတာင္ ရွိပါတယ္။ microUSB Port သာပါၿပီး လွ်င္ျမန္စြာ အားသြင္းစနစ္ မပါပါဘူး။ Crystal Blue နဲ႔ Crystal Purple အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။ 3/32GB ကို ရူပီး ၉,၉၉၉ ၊ 4/64GB ကို ရူပီး ၁၀,၉၉၉ နဲ႔ 4/128GB ကို ရူပီး ၁၁,၉၉၉ သတ္မွတ္ထားပါတယ္။ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ဟာ ျမန္မာေငြ ၂၁၀,၀၀၀ ေလာက္ရွိပါတယ္။ 64GB ေမာ္ဒယ္က ျမန္မာေငြ ၂၃၀,၀၀၀ ဝန္းက်င္ က်သင့္ၿပီး 128GB ေမာ္ဒယ္က ျမန္မာေငြ ၂သိန္းခြဲ ဝန္းက်င္ က်သင့္မွာပါ။ အိႏၵိယမွာ ဒီလ ၂၇ ရက္မွာ ေရာင္းမွာပါ။

Ref : gsmarena

[Unicode]

အနောက်ကင်မရာ ၄ လုံးပါတဲ့ Realme 5 ကို ကြေညာပြီ

Realme က တန်ဖိုးချိုသာတဲ့ စမတ်ဖုန်း အသစ်ကို ကြေညာလိုက်ပါတယ်။ Realme 5 လို့ နာမည်ပေးထားပြီး အနောက်ကင်မရာ ၄ လုံး၊ Chipset အသစ်နဲ့ အရွယ်ကြီး ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။ Realme 5 မှာ ၆.၅ လက်မ HD+ (720x1600p) Display ထည့်သွင်းထားပြီး မျက်နှာပြင်အချိုးမှာ 20:9 ဖြစ်တဲ့အတွက် မျက်နှာပြင် အရှည် ဒီဇိုင်းပါ။

အဲဒီ ဖုန်းမှာ Snapdragon 665 Chipset ထည့်သွင်းထားပြီး 11nm Chipset ပါတဲ့ ဒုတိယမြောက်ဖုန်း ဖြစ်လာပါတယ်။ ပထမဆုံး ဖုန်းက Xiaomi Mi A3 ဖြစ်ပါတယ်။ အိန္ဒိယမှာတော့ Realme 5 ဟာ အဲဒီ Chipset ပါတဲ့ ပထမဆုံး ဖုန်း ပါ။

Realme 5 ရဲ့ SIM Tray မှာ သီးခြား microSD Card Slot ပါပြီး Hybrid Layout မဟုတ်ပါဘူး။ အဲဒီအတွက် 256GB Storage ကို အပို ထည့်သွင်းနိုင်သလို Dual VoLTE ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Realme ရဲ့ အနောက်ကင်မရာ ၄ လုံးပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး 12MP f/1.8 Aperture Main Camera , 8MP 119 Degree Ultra-wide Angle Lens, 2MP Depth Sensor နဲ့ 2MP Macro Sensor တွေ ဖြစ်ပါတယ်။ အရွယ်သေး Notch မှာ 13MP Camera ထည့်ထားပါတယ်။

Realme 5 မှာ 5,000mAh Battery ထည့်ထားတဲ့အတွက် ဘက်ထရီ သက်တမ်း ကောင်းပေမယ့် အလေးချိန်က ၂၁၀ ဂရမ်တောင် ရှိပါတယ်။ microUSB Port သာပါပြီး လျှင်မြန်စွာ အားသွင်းစနစ် မပါပါဘူး။ Crystal Blue နဲ့ Crystal Purple အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 3/32GB ကို ရူပီး ၉,၉၉၉ ၊ 4/64GB ကို ရူပီး ၁၀,၉၉၉ နဲ့ 4/128GB ကို ရူပီး ၁၁,၉၉၉ သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၂၁၀,၀၀၀ လောက်ရှိပါတယ်။ 64GB မော်ဒယ်က မြန်မာငွေ ၂၃၀,၀၀၀ ဝန်းကျင် ကျသင့်ပြီး 128GB မော်ဒယ်က မြန်မာငွေ ၂သိန်းခွဲ ဝန်းကျင် ကျသင့်မှာပါ။ အိန္ဒိယမှာ ဒီလ ၂၇ ရက်မှာ ရောင်းမှာပါ။

Ref : gsmarena