[Zawgyi]

Realme 5 နဲ႔ Realme 5 Pro တို႔ကို ေၾကညာလိုက္ပါၿပီ။ Pro Model ဟာ ရိုးရိုး Model ထက္ အရြယ္အစားေသးေပမယ့္ အတြင္းပိုင္း အစိတ္အပိုင္းေတြက စြမ္းရည္ ပိုျမင့္ပါတယ္။ Realme 5 Pro မွာ ၆.၃ လက္မ Full HD+ Display တပ္ဆင္ထားၿပီး မ်က္ႏွာျပင္အခ်ိဳးမွာ 19.5:9 ျဖစ္ပါတယ္။ ဘက္ထရီက 4,035mAh ပါ။

အဲဒီ ဖုန္းမွာ Snapdragon 712 Chipset ထည့္သြင္းထားၿပီး Snapdragon 710 ထက္ အနည္းငယ္ ပိုေကာင္းလာပါတယ္။ အထူးသျဖင့္ GPU က စြမ္းရည္ ပိုျမင့္လာတာပါ။ 48MP Main Camera ကလြဲၿပီး အျခား အေနာက္ကင္မရာ ၃ လံုးက Realme 5 နဲ႔ တူပါတယ္။ အျခား ကင္မရာ ၃ လံုးက 8-Megapixel 119° Ultra-Wide Angle Lens, 2-Megapixel Depth Sensor နဲ႔ 2-Megapixel Macro Sensor  ေတြျဖစ္ပါတယ္။ ဆဲလ္ဖီး ကင္မရာကိုေတာ့ 16MP f/2.0 နဲ႔ အဆင့္ျမွင့္ထားပါတယ္။

Realme 5 Pro ရဲ႕ ဘက္ထရီမွာ VOOC 3.0 20W Fast Charging ပါၿပီး USB-C Port ကေန အားသြင္းႏုိင္ပါတယ္။ စြမ္းအင္ သက္သာေစဖို႔ သင့္ရဲ႕ အျပဳအမူကို ေလ့လာၿပီး ေနာက္ကြယ္က App ေတြကို ထိန္းခ်ဳပ္ေပးတဲ့ AI Freezer ပါပါတယ္။ Sparkling Blue နဲ႔ Crystal Green အေရာင္ေတြ ထုတ္လုပ္ထားၿပီး အိႏၵိယမွာ စက္တင္ဘာလ ၄ ရက္မွာ ေရာင္းမွာပါ။ 4/64GB ကို ရူပီး ၁၃,၉၉၉ ၊ 6/64GB ကို ရူပီး ၁၄,၉၉၉ နဲ႔ 8/128GB ကို ရူပီး ၁၆,၉၉၉ သတ္မွတ္ထားပါတယ္။ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ဟာ ျမန္မာေငြ ၃ သိန္းေလာက္ရွိပါတယ္။ RAM 6GB ေမာ္ဒယ္က ၃၂၀,၀၀၀ က်ပ္ ဝန္းက်င္က်သင့္ၿပီး RAM 8GB ေမာ္ဒယ္က ၃၆၀,၀၀၀ က်ပ္ ဝန္းက်င္ က်သင့္မွာပါ။

Ref : gsmarena

48MP Quad Cameras ပါတဲ့ Realme 5 Pro ကို ကြေညာပြီ

Realme 5 နဲ့ Realme 5 Pro တို့ကို ကြေညာလိုက်ပါပြီ။ Pro Model ဟာ ရိုးရိုး Model ထက် အရွယ်အစားသေးပေမယ့် အတွင်းပိုင်း အစိတ်အပိုင်းတွေက စွမ်းရည် ပိုမြင့်ပါတယ်။ Realme 5 Pro မှာ ၆.၃ လက်မ Full HD+ Display တပ်ဆင်ထားပြီး မျက်နှာပြင်အချိုးမှာ 19.5:9 ဖြစ်ပါတယ်။ ဘက်ထရီက 4,035mAh ပါ။

အဲဒီ ဖုန်းမှာ Snapdragon 712 Chipset ထည့်သွင်းထားပြီး Snapdragon 710 ထက် အနည်းငယ် ပိုကောင်းလာပါတယ်။ အထူးသဖြင့် GPU က စွမ်းရည် ပိုမြင့်လာတာပါ။ 48MP Main Camera ကလွဲပြီး အခြား အနောက်ကင်မရာ ၃ လုံးက Realme 5 နဲ့ တူပါတယ်။ အခြား ကင်မရာ ၃ လုံးက 8-Megapixel 119° Ultra-Wide Angle Lens, 2-Megapixel Depth Sensor နဲ့ 2-Megapixel Macro Sensor တွေဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာကိုတော့ 16MP f/2.0 နဲ့ အဆင့်မြှင့်ထားပါတယ်။

Realme 5 Pro ရဲ့ ဘက်ထရီမှာ VOOC 3.0 20W Fast Charging ပါပြီး USB-C Port ကနေ အားသွင်းနိုင်ပါတယ်။ စွမ်းအင် သက်သာစေဖို့ သင့်ရဲ့ အပြုအမူကို လေ့လာပြီး နောက်ကွယ်က App တွေကို ထိန်းချုပ်ပေးတဲ့ AI Freezer ပါပါတယ်။ Sparkling Blue နဲ့ Crystal Green အရောင်တွေ ထုတ်လုပ်ထားပြီး အိန္ဒိယမှာ စက်တင်ဘာလ ၄ ရက်မှာ ရောင်းမှာပါ။ 4/64GB ကို ရူပီး ၁၃,၉၉၉ ၊ 6/64GB ကို ရူပီး ၁၄,၉၉၉ နဲ့ 8/128GB ကို ရူပီး ၁၆,၉၉၉ သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၃ သိန်းလောက်ရှိပါတယ်။ RAM 6GB မော်ဒယ်က ၃၂၀,၀၀၀ ကျပ် ဝန်းကျင်ကျသင့်ပြီး RAM 8GB မော်ဒယ်က ၃၆၀,၀၀၀ ကျပ် ဝန်းကျင် ကျသင့်မှာပါ။

Ref : gsmarena