ပြီးခဲ့တဲ့နှစ် ၂၀၁၉ ခုနှစ်တုန်းက Mid Range ဖုန်းတွေထဲမှာ realme 5 နဲ့ realme 5s စမတ်ဖုန်းတွေက အောင်မြင်ခဲ့တယ်လို့တောင် ပြောရမှာပါ။ အခုအချိန်မှာလည်း realme ကနေ အဆိုပါ realme 5 Series ဖုန်းတွေအတွက် Android 10 Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

realme ဟာ ပြီးခဲ့တဲ့မေလအစောပိုင်းတုန်းကလည်း အဆိုပါ realme 5 နဲ့ 5s စမတ်ဖုန်းအသုံးပြုသူတွေအတွက် realme UI Early Access ဆိုတဲ့ နာမည်နဲ့ Open Beta Testing ကို ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ Stable Update ထွက်ရှိလာတာဖြစ်ပြီး Build Number အနေနဲ့ “RMX1925EX_11_C.39” လို့ ခေါ်ဆိုထားတယ်လို့ သိရပါတယ်။

အဆိုပါ Android 10 Update နဲ့အတူ Feature အသစ်တွေအများအပြားပါဝင်လာမှာဖြစ်ပြီး Focus Mode ၊ 3 Fingers Screenshot နဲ့ Camera UI အသစ်တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ realme ရဲ့ ပြောကြားချက်အရတော့ အခု Android 10 ကို အခြေခံထားတဲ့ realme UI Update ဟာ realme 5 ရော realme 5s အတွက်ပါ Feature အကုန်လုံးတူညီနေမှာဖြစ်ပြီး ကွဲပြားနေတာမျိုး ရှိမှာမဟုတ်ပါဘူး။

realme ဟာ ယခု Android 10 ကို အခြေခံထားတဲ့ realme UI Stable Update ကို ထုတ်ပေးနေပြီဖြစ်တဲ့အတွက် အသုံးပြုနေတဲ့သူတွေအနေနဲ့ မကြာခင်မှာ Download ရယူနိုင်တော့မှာဖြစ်ပြီး တကယ်လို့ မရသေးရင်လည်း “Application Channel” ကနေတစ်ဆင့် အရင်ဆုံးရရှိအောင် ကိုယ့် Device ကို Enroll ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Ref – XDA-Developers