[Zawgyi]

Realme India ရဲ႕ စီအီးအိုက မေန႔ကပဲ သူ႔ရဲ႕ တြစ္တာ အေကာင့္ နာမည္ကို ေျပာင္းခဲ့ၿပီး Realme 5 မွာ ကင္မရာ ၄ လံုးပါမယ္လို႔ အတည္ျပဳခဲ့ပါတယ္။ အခုေတာ့ ကုမၸဏီက 64MP Main Camera အပါအ၀င္ ကင္မရာ ၄လံုးရဲ႕ သတင္းအခ်က္အလက္ေတြကို တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ ထပ္မံမွ်ေ၀လိုက္ပါတယ္။

Realme 5 မွာ Samsung ISOCELL Bright GW1 Sensor ထည့္သြင္းထားမွာ ျဖစ္ၿပီး အဲဒီ Sensor ပါတဲ့ ပထမဆံုး ဖုန္း ျဖစ္လာႏုိင္ပါတယ္။ အဲဒီ Sensor ပါမယ့္ Redmi Phone ထက္ေတာင္ ေစာထြက္လာႏုိင္ပါတယ္။ GW1 Sensor ဟာ ဖုန္းမွာပါတဲ့ အႀကီးမားဆံုး Sensor ျဖစ္လာမွာ ျဖစ္ၿပီး 1/1.72” ရွိပါတယ္။ Pixel Size က 0.8µm ျဖစ္ၿပီး လက္ရွိ 48MP ISOCELL Bright GM1 Sensor ထက္ အရြယ္အစား ပိုႀကီးပါတယ္။ Samsung က Quad Bayer Type Sensor လို႔ ေခၚၿပီး 16MP Image ေတြကို ထုတ္လုပ္ေပးႏိုင္ပါတယ္။

Realme က ၀ီဘိုမွာ မွ်ေ၀ထားတဲ့ ဓါတ္ပံုေတြအရ ကင္မရာ အသစ္ဟာ ဓါတ္ပံုေတြကို Zoom/ Crop လုပ္ရင္ေတာင္ ပိုမိုၾကည္လင္ျပတ္သားၿပီး အေသးစိတ္က်တဲ့ ဓါတ္ပံုေတြ ထုတ္လုပ္ေပးႏုိင္မွာပါ။ Tetracell ျဖစ္တဲ့ အတြက္ 16MP Image ေတြကို ဖန္တီးေပးႏိုင္ပါတယ္။ ဒုတိယ ကင္မရာက Super-wide-angle ျဖစ္ၿပီး 119-degree FoV နဲ႔ f/2.2 Aperture ကို ပံ့ပိုးေပးပါတယ္။ တတိယ ကင္မရာက ၄ စင္တီမီတာ အကြာအေ၀းကေန အေသးစိတ္က်တဲ့ ဓါတ္ပံုေတြ ရိုက္ေပးမယ့္ Macro Lens ပါ။ စတုတၳကင္မရာကေတာ့ Telephoto Lens ျဖစ္ႏိုင္ပါတယ္။ Realme က ဒီေန႔မွာ Realme 5  ကို အိႏၵိယမွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Realme 5 ရဲ့ 64MP အပါအဝင် ကင်မရာ ၄ လုံးရဲ့ သတင်းအချက်အလက်တွေကို သိရပြီ

Realme India ရဲ့ စီအီးအိုက မနေ့ကပဲ သူ့ရဲ့ တွစ်တာ အကောင့် နာမည်ကို ပြောင်းခဲ့ပြီး Realme 5 မှာ ကင်မရာ ၄ လုံးပါမယ်လို့ အတည်ပြုခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက 64MP Main Camera အပါအဝင် ကင်မရာ ၄ လုံးရဲ့ သတင်းအချက်အလက်တွေကို တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ထပ်မံမျှဝေလိုက်ပါတယ်။

Realme 5 မှာ Samsung ISOCELL Bright GW1 Sensor ထည့်သွင်းထားမှာ ဖြစ်ပြီး အဲဒီ Sensor ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်ပါတယ်။ အဲဒီ Sensor ပါမယ့် Redmi Phone ထက်တောင် စောထွက်လာနိုင်ပါတယ်။ GW1 Sensor ဟာ ဖုန်းမှာပါတဲ့ အကြီးမားဆုံး Sensor ဖြစ်လာမှာ ဖြစ်ပြီး 1/1.72” ရှိပါတယ်။ Pixel Size က 0.8µm ဖြစ်ပြီး လက်ရှိ 48MP ISOCELL Bright GM1 Sensor ထက် အရွယ်အစား ပိုကြီးပါတယ်။ Samsung က Quad Bayer Type Sensor လို့ ခေါ်ပြီး 16MP Image တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။

Realme က ဝီဘိုမှာ မျှဝေထားတဲ့ ဓါတ်ပုံတွေအရ ကင်မရာ အသစ်ဟာ ဓါတ်ပုံတွေကို Zoom/ Crop လုပ်ရင်တောင် ပိုမိုကြည်လင်ပြတ်သားပြီး အသေးစိတ်ကျတဲ့ ဓါတ်ပုံတွေ ထုတ်လုပ်ပေးနိုင်မှာပါ။ Tetracell ဖြစ်တဲ့ အတွက် 16MP Image တွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒုတိယ ကင်မရာက Super-wide-angle ဖြစ်ပြီး 119-degree FoV နဲ့ f/2.2 Aperture ကို ပံ့ပိုးပေးပါတယ်။ တတိယ ကင်မရာက ၄ စင်တီမီတာ အကွာအဝေးကနေ အသေးစိတ်ကျတဲ့ ဓါတ်ပုံတွေ ရိုက်ပေးမယ့် Macro Lens ပါ။ စတုတ္ထကင်မရာကတော့ Telephoto lens ဖြစ်နိုင်ပါတယ်။ Realme က ဒီနေ့မှာ Realme 5 ကို အိန္ဒိယမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena