[Zawgyi]

Realme ဟာ လာမယ့္တစ္ပတ္ထဲမွာ X2 Pro နဲ႔ 5s တို႔ကို အိႏၵိယေဈးကြက္ထဲမွာ ျဖန႔္ခ်ိေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကုမၸဏီဟာ ျဖန႔္ခ်ိခဲ့ၿပီးသား ေမာ္ဒယ္ေဟာင္းေတြအတြက္ အေရးပါတဲ့ Software update ေတြကိုလည္း အဆက္မျပတ္ဆိုသလို ထုတ္ေပးေနဆဲ ျဖစ္ပါတယ္။

ေအာက္တိုဘာလကုန္ပိုင္းေလာက္က Realme 5 Pro အတြက္ Dark Mode နဲ႔ Wide Angle Video ႐ိုက္ကူးမႈကို ထည့္သြင္းေပးထားတဲ့ Software Update ထုတ္ေပးခဲ့ပါတယ္။ အခုေတာ့ Realme 5 အလွည့္ေရာက္လာၿပီ ျဖစ္ပါတယ္။ တ႐ုတ္စမတ္ဖုန္းထုတ္လုပ္ေရးလုပ္ငန္းက Realme 5 အတြက္လည္း Dark Mode နဲ႔ Wide Angle Video ႐ိုက္ကူးမႈပါဝင္တဲ့ Software Update ကို ထုတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။

ဗားရွင္းနံပါတ္ RMX1911EX_11_A.19 ဟာ Realme 1, U1, 5 Pro, X, XT နဲ႔ 3 Pro စတဲ့ Realme စမတ္ဖုန္းေတြမွာလည္း ရရွိၿပီးသား ျဖစ္ပါတယ္။ Update ဟာ ဖုန္းရဲ႕ 8MP ultra-wide angle ကင္မရာကို အသုံးျပဳၿပီး Wide-angle video recording ကို ျပဳလုပ္ေစတာပဲ ျဖစ္ပါတယ္။

Realme က Realme 5 OTA Changelog အေနနဲ႔ ထုတ္ျပန္ေၾကညာထားေပမယ့္ GSM Arena ကေတာ့ ဒီ Update ဟာ လတ္တေလာမွာ အသုံးျပဳသူအားလုံးကို ထုတ္ေပးျခင္း မရွိေသးဘဲ အခ်ိဳ႕ကိုသာ ထုတ္ေပးေသးတာျဖစ္တယ္လို႔ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ ဘာပဲျဖစ္ျဖစ္ မၾကာခင္အခ်ိန္အတြင္း Realme 5 အားလုံးအတြက္ ဖြင့္ေပးမွာေသခ်ာတာကေၾကာင့္ ရက္အနည္းငယ္ပဲ ေစာင့္ဆိုင္းရဖြယ္ရွိပါတယ္။

Ref: GSM Arena

[Unicode]

Realme 5 မှာလည်း Dark Mode နဲ့ Wide Angle Video Recording ရပြီ

Realme ဟာ လာမယ့်တစ်ပတ်ထဲမှာ X2 Pro နဲ့ 5s တို့ကို အိန္ဒိယဈေးကွက်ထဲမှာ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီဟာ ဖြန့်ချိခဲ့ပြီးသား မော်ဒယ်ဟောင်းတွေအတွက် အရေးပါတဲ့ Software update တွေကိုလည်း အဆက်မပြတ်ဆိုသလို ထုတ်ပေးနေဆဲ ဖြစ်ပါတယ်။

အောက်တိုဘာလကုန်ပိုင်းလောက်က Realme 5 Pro အတွက် Dark Mode နဲ့ Wide Angle Video ရိုက်ကူးမှုကို ထည့်သွင်းပေးထားတဲ့ Software Update ထုတ်ပေးခဲ့ပါတယ်။ အခုတော့ Realme 5 အလှည့်ရောက်လာပြီ ဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းထုတ်လုပ်ရေးလုပ်ငန်းက Realme 5 အတွက်လည်း Dark Mode နဲ့ Wide Angle Video ရိုက်ကူးမှုပါဝင်တဲ့ Software Update ကို ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဗားရှင်းနံပါတ် RMX1911EX_11_A.19 ဟာ Realme 1, U1, 5 Pro, X, XT နဲ့ 3 Pro စတဲ့ Realme စမတ်ဖုန်းတွေမှာလည်း ရရှိပြီးသား ဖြစ်ပါတယ်။ Update ဟာ ဖုန်းရဲ့ 8MP ultra-wide angle ကင်မရာကို အသုံးပြုပြီး Wide-angle video recording ကို ပြုလုပ်စေတာပဲ ဖြစ်ပါတယ်။

Realme က Realme 5 OTA Changelog အနေနဲ့ ထုတ်ပြန်ကြေညာထားပေမယ့် GSM Arena ကတော့ ဒီ Update ဟာ လတ်တလောမှာ အသုံးပြုသူအားလုံးကို ထုတ်ပေးခြင်း မရှိသေးဘဲ အချို့ကိုသာ ထုတ်ပေးသေးတာဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် မကြာခင်အချိန်အတွင်း Realme 5 အားလုံးအတွက် ဖွင့်ပေးမှာသေချာတာကကြောင့် ရက်အနည်းငယ်ပဲ စောင့်ဆိုင်းရဖွယ်ရှိပါတယ်။

Ref: GSM Arena