Zawgyi
အခု Realme 5 Series စမတ်ဖုန်းတွေဟာ Xiaomi ရဲ့ မကြာခင်မှာ မိတ်ဆက်တော့မယ့် Redmi Note 8 စမတ်ဖုန်းတွေနဲ့ အဓိကပြိုင်ဆိုင်ရဖွယ်ရှိနေပါတယ်။
Ref – Gizmo China
Unicode
Realme ကနေ အခုအချိန်မှာ လာမယ့် သြဂုတ်လ ၂၀ ရက်နေ့မှာ Realme 5 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီ Realme 5 Series ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်လာမယ့် Realme 5 Pro ရဲ့ Specification တွေက ထွက်ရှိလာခဲ့ပါပြီ။
အခုထွက်ပေါ်လာတဲ့ Specification တွေအရ Realme 5 Pro ဟာ Snapdragon 712 Processor ကို အသုံးပြုထားမှာဖြစ်ပြီးတော့ လက်ရှိ Realme 3 Pro ဖုန်းမှာ အသုံးပြုထားတဲ့ Snapdragon 710 Processor နဲ့ ယှဉ်ရင် အနည်းငယ်ပိုပြီးကောင်းမွန်လာမှာပါ။
Camera ပိုင်းအနေနဲ့ဆိုရင်လည်း 48MP Sony IMX586 Primary Sensor ကို အသုံးပြုလာမှာဖြစ်ပြီး အရှေ့ပိုင်းတုန်းက Realme 3 Pro မှာ သုံးခဲ့တဲ့ 16MP Primary Sensor နဲ့ ယှဉ်ရင် သိသိသာသာကို ပိုကောင်းလာမှာပါ။ ဒါ့အပြင် Quad Camera စနစ်ကို သုံးလာမှာဖြစ်တဲ့အတွက် Ultrawide Camera ၊ Macro Lens နဲ့အတူ ToF Camera တစ်ခုပါ ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။
Realme 5 Pro ဟာ Display အနေနဲ့လည်း Waterdrop Notch ပါဝင်တဲ့ AMOLED Display ကို သုံးလာမှာဖြစ်ပါတယ်။ Screen Size ကိုတော့ ဖော်ပြထားခဲ့ခြင်းမရှိပေမယ့် In-Display Fingerprint Sensor ပါဝင်မှာပါ။
အခု Realme 5 Series စမတ်ဖုန်းတွေဟာ Xiaomi ရဲ့ မကြာခင်မှာ မိတ်ဆက်တော့မယ့် Xiaomi Redmi Note 8 စမတ်ဖုန်းတွေနဲ့ အဓိကပြိုင်ဆိုင်ရဖွယ်ရှိနေပါတယ်။
Ref – Gizmo China