Zawgyi

အိႏၵိယအြန္လိုင္းအေရာင္းဝန္ေဆာင္မႈတစ္္ခုျဖစ္တဲ့ Flipkart ဟာ ယမန္ေန႔က သူတုိ႔ရဲ႕ဝက္ဆုိက္ကေန Realme 5s စမတ္ဖုန္းသစ္ရဲ႕ ထြက္ရွိရက္နဲ႔ ေနာက္ဘက္ဒီဇုိင္းတုိ႔ကို အတည္ျပဳလာခဲ့ပါတယ္။ ေနာက္ဘက္မွာ 48MP Sensor ဦးေဆာင္တဲ့ Quad-camera နဲ႔ Realme 5s ဟာ ႏုိဝင္ဘာ ၂၀ ရက္ေန႔မွာ တရားဝင္ထြက္ရွိလာမွာျဖစ္ၿပီး သူ႕ရဲ႕ ေရွ႕ဘက္ဒီဇုိင္း အပါအဝင္ အခ်က္အလက္အခ်ဳိ႕ကိုပါ ထပ္မံအတည္ျပဳလာခဲ့ပါတယ္။

Flipkart ဝက္ဆုိက္ဟာ Realme 5s ရဲ႕ေရွ႕ဘက္ျမင္ကြင္းကိုပါ Update လုပ္လာခဲ့ၿပီး သူတုိ႔တင္ထားတဲ့ပုံအရေတာ့ ဒီဖုန္းအသစ္ဟာ Waterdrop Notch နဲ႔ Display ကုိ အသုံးျပဳလာပါတယ္။ Realme 5 နဲ႔ 5 Pro တုိ႔မွာလည္း Notch ကိုယ္စီ ပါခဲ့တာေၾကာင့္ 5s ကလည္း ထူးထူးဆန္းဆန္းခြဲထြက္မလာဘူးလို႔ ဆုိႏုိင္ပါတယ္။

ေနာက္ထပ္ထုတ္ေဖာ္ျပလာတဲ့ Specs တစ္ခုကေတာ့ Realme 5s မွာ 5,000 mAh ဘကၳရီတစ္ခုပါဝင္မယ္ ဆုိတာနဲ႔ ဖုန္းဟာ အျပာေရာင္ကိုယ္ထည္နဲ႔လည္း ထြက္ရွိလာမယ္ ဆုိတာပါပဲ။ ဒါ့ေၾကာင့္ ဒီဖုန္းဟာ အနီနဲ႔ အျပာေရာင္ ဆုိၿပီး အနည္းဆုံး ကာလာႏွစ္မ်ဳိးရရွိႏုိင္မွာ ေသခ်ာသြားပါတယ္။

ႏုိဝင္ဘာ ၂၀ ရက္ေန႔မွာေတာ့ Realme 5s ကို တရားဝင္ မိတ္ဆက္လာေတာ့မွာပါ။ အဲဒီအခါမွ က်န္ရွိေသးတဲ့ Specs ေတြနဲ႔ေစ်းႏႈန္း စတာေတြကို သိရွိႏုိင္မွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

အိန္ဒိယအွန်လိုင်းအရောင်းဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Flipkart ဟာ ယမန်နေ့က သူတို့ရဲ့ဝက်ဆိုက်ကနေ Realme 5s စမတ်ဖုန်းသစ်ရဲ့ ထွက်ရှိရက်နဲ့ နောက်ဘက်ဒီဇိုင်းတို့ကို အတည်ပြုလာခဲ့ပါတယ်။ နောက်ဘက်မှာ 48MP Sensor ဦးဆောင်တဲ့ Quad-camera နဲ့ Realme 5s ဟာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာမှာဖြစ်ပြီး သူ့ရဲ့ ရှေ့ဘက်ဒီဇိုင်း အပါအဝင် အချက်အလက်အချို့ကိုပါ ထပ်မံအတည်ပြုလာခဲ့ပါတယ်။

Flipkart ဝက်ဆိုက်ဟာ Realme 5s ရဲ့ရှေ့ဘက်မြင်ကွင်းကိုပါ Update လုပ်လာခဲ့ပြီး သူတို့တင်ထားတဲ့ပုံအရတော့ ဒီဖုန်းအသစ်ဟာ Waterdrop Notch နဲ့ Display ကို အသုံးပြုလာပါတယ်။ Realme 5 နဲ့ 5 Pro တို့မှာလည်း Notch ကိုယ်စီ ပါခဲ့တာကြောင့် 5s ကလည်း ထူးထူးဆန်းဆန်းခွဲထွက်မလာဘူးလို့ ဆိုနိုင်ပါတယ်။

နောက်ထပ်ထုတ်ဖော်ပြလာတဲ့ Specs တစ်ခုကတော့ Realme 5s မှာ 5,000 mAh ဘက္ထရီတစ်ခုပါဝင်မယ် ဆိုတာနဲ့ ဖုန်းဟာ အပြာရောင်ကိုယ်ထည်နဲ့လည်း ထွက်ရှိလာမယ် ဆိုတာပါပဲ။ ဒါ့ကြောင့် ဒီဖုန်းဟာ အနီနဲ့ အပြာရောင် ဆိုပြီး အနည်းဆုံး ကာလာနှစ်မျိုးရရှိနိုင်မှာ သေချာသွားပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့မှာတော့ Realme 5s ကို တရားဝင် မိတ်ဆက်လာတော့မှာပါ။ အဲဒီအခါမှ ကျန်ရှိသေးတဲ့ Specs တွေနဲ့ဈေးနှုန်း စတာတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena