[Zawgyi]

Realme 5 ကို အဆင့္ျမႇင့္ထားတဲ့ Realme 5s ကို တရားဝင္ ေၾကညာလိုက္ပါၿပီ။ ပင္မ ကင္မရာကို 48MP Samsung GM1 နဲ႔ အဆင့္ျမႇင့္ထားၿပီး 8MP 119 Degree Ultrawide , 2MP Macro, 2MP Depth ေတြနဲ႔ တြဲဖက္ေပးထားပါတယ္။ Realme 5s ရဲ႕ Camera Setup က Realme 5 Pro နဲ႔ တူညီပါတယ္။

အေရွ႕ကင္မရာက 13MP ျဖစ္ၿပီး 4-in-1 Pixel Binning ပါတဲ့အတြက္ Low-light Photo ေတြ အရမ္းလန္းပါတယ္။ AI Scene Recognition, Chroma Boost, Super Nightscape, Bokeh Mode, AI HDR, AI Beauty, EIS, 240fps Slow-Motion Video Recording နဲ႔ 4K Video Recording စတဲ့ ကင္မရာ လုပ္ေဆာင္ခ်က္ေတြ ပါပါတယ္။

Realme 5s အတြက္ Purple နဲ႔ Blue အျပင္ Crystal Red အေရာင္ အသစ္ထုတ္လုပ္ေပးထားပါတယ္။ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္မွာ 4GB RAM နဲ႔ 64GB Storage ထည့္သြင္းထားၿပီး 128GB ေမာ္ဒယ္ကိုလည္း ေရြးခ်ယ္ႏုိင္ပါတယ္။ တျခား Specs ေတြက Realme 5 နဲ႔ တူပါတယ္။ ၆.၅ လက္မ 720p+ Display ထည့္သြင္းထားၿပီး Snapdragon 665 Chipset ေမာင္းႏွင္ထားပါတယ္။ ဘက္ထရီက 5,000mAh ျဖစ္ပါတယ္။ microSD Card စိုက္ႏိုင္ပါတယ္။

ဒီလ ၂၉ ရက္ေန႔မွာ Flipkart နဲ႔ Realme.com ကေန ေရာင္းခ်မွာ ျဖစ္ပါတယ္။ 4/64GB ေမာ္ဒယ္ကို ၉,၉၉၉ ရူပီးနဲ႔ 4/128GB ေမာ္ဒယ္ကို ရူပီး ၁၀,၉၉၉ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၂၁၀,၀၀၀ နဲ႔ ၂၃၀,၀၀၀ ေလာက္ အသီးသီးက်သင့္မွာျဖစ္ပါတယ္။ ေျမျပင္စတိုးဆိုင္ေတြကေနလည္း အိႏၵိယမွာ ေရာင္းခ်ေပးမွာ ျဖစ္ေပမယ့္ ေရာင္းခ်မယ့္ ရက္ကို မသိရေသးပါဘူး။

Ref : gsmarena

[Unicode]

48MP Camera ပါတဲ့ Realme 5s ကို ကြေညာပြီ

Realme 5 ကို အဆင့်မြှင့်ထားတဲ့ Realme 5s ကို တရားဝင် ကြေညာလိုက်ပါပြီ။ ပင်မ ကင်မရာကို 48MP Samsung GM1 နဲ့ အဆင့်မြှင့်ထားပြီး 8MP 119 Degree Ultrawide , 2MP Macro, 2MP Depth တွေနဲ့ တွဲဖက်ပေးထားပါတယ်။ Realme 5s ရဲ့ Camera Setup က Realme 5 Pro နဲ့ တူညီပါတယ်။

အရှေ့ကင်မရာက 13MP ဖြစ်ပြီး 4-in-1 Pixel Binning ပါတဲ့အတွက် Low-light Photo တွေ အရမ်းလန်းပါတယ်။ AI Scene Recognition, Chroma Boost, Super Nightscape, Bokeh Mode, AI HDR, AI Beauty, EIS, 240fps Slow-Motion Video Recording နဲ့ 4K Video Recording စတဲ့ ကင်မရာ လုပ်ဆောင်ချက်တွေ ပါပါတယ်။

Realme 5s အတွက် Purple နဲ့ Blue အပြင် Crystal Red အရောင် အသစ်ထုတ်လုပ်ပေးထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ 4GB RAM နဲ့ 64GB Storage ထည့်သွင်းထားပြီး 128GB မော်ဒယ်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ တခြား Specs တွေက Realme 5 နဲ့ တူပါတယ်။ ၆.၅ လက်မ 720p+ Display ထည့်သွင်းထားပြီး Snapdragon 665 Chipset မောင်းနှင်ထားပါတယ်။ ဘက်ထရီက 5,000mAh ဖြစ်ပါတယ်။ microSD Card စိုက်နိုင်ပါတယ်။

ဒီလ ၂၉ ရက်နေ့မှာ Flipkart နဲ့ Realme.com ကနေ ရောင်းချမှာ ဖြစ်ပါတယ်။ 4/64GB မော်ဒယ်ကို ၉,၉၉၉ ရူပီးနဲ့ 4/128GB မော်ဒယ်ကို ရူပီး ၁၀,၉၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂၁၀,၀၀၀ နဲ့ ၂၃၀,၀၀၀ လောက် အသီးသီးကျသင့်မှာဖြစ်ပါတယ်။ မြေပြင်စတိုးဆိုင်တွေကနေလည်း အိန္ဒိယမှာ ရောင်းချပေးမှာ ဖြစ်ပေမယ့် ရောင်းချမယ့် ရက်ကို မသိရသေးပါဘူး။

Ref : gsmarena