Realme က သက်တမ်းနုသေးပေမယ့် အရမ်းကို အောင်မြင်နေပြီး မကြာခင်က Realme 6 နဲ့ 6 Pro ကို ကြေညာခဲ့ပါတယ်။ မတ်လ ၁၇ ရက်နေ့မှာ Realme 6i ကို မြန်မာမှာ ကြေညာတော့မှာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းဟာ တတိယမြောက် 6 Series ဖြစ်လာတော့မှာပါ။

Realme 6i မှာ MediaTek Helio G80 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အဲဒီ Chipset ကို ပြီးခဲ့တဲ့လကမှ ပူပူနွေးနွေး မိတ်ဆက်ထားတာ ဖြစ်ပါတယ်။ USB-C Port နဲ့ 18W Fast Charging ပါတဲ့အတွက် အားသွင်းရင် အရမ်းကို မြန်မှာပါ။ အဲဒါတွေက အရင်မျိုးဆက် Realme 5i ထက် ပိုကောင်းလာတဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။

FCC ရဲ့ စာရင်းအရ Realme 6i ရဲ့ အရွယ်အစား အပြည့်အစုံဟာ 164.4 x 75.4 x 9 mm နဲ့ အလေးချိန်ဟာ ၁၉၅ ဂရမ် ဖြစ်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ 5,000mah ဘက်ထရီ ထည့်သွင်းထားတဲ့အတွက် ဘက်ထရီ သက်တမ်း တော်တော် ကောင်းမှာ ဖြစ်ပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ အနောက်ဘက်က ပင်မ ကင်မရာဟာ 48MP ဖြစ်ပါတယ်။

Realme က ဥရောပမှာ Realme 6 နဲ့ 6 Pro ကို မတ်လ ၂၄ ရက်နေ့မှာ ကြေညာတော့မှာပါ။ အွန်လိုင်းကနေ မိတ်ဆက်ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ Realme က ဧပြီလမှာ နောက်ဆုံးထုတ် စွမ်းရည်မြင့် X50 Pro 5G ကို ဥရောပမှာ ရောင်းမယ်လို့ ပြောပါတယ်။

Ref : gsmarena