[Zawgyi]

လက္ရွိ စမတ္ဖုန္းေစ်းကြက္ထဲမွာ ေရပန္းအစားဆုံး Camera Sensor ေတြကို ေျပာပါဆိုရင္ 48MP Sensor ေတြကို လက္ညႇိဳးထိုးျပရမွာပါ။ အေကာင္းဆုံး၊ အရည္အေသြး အျပည့္မွီဆုံး Sensor အမ်ိဴးအစား မဟုတ္ေပမယ့္ Budget စမတ္ဖုန္းကစလို႔ Flagship စမတ္ဖုန္းေတြပါမက်န္ အသုံးျပဳလာၾကပါတယ္။ အေၾကာင္းအရင္းကေတာ့ ပုံရိပ္ျပတ္သားမႈနဲ႔ ေကာင္းမြန္တဲ့ Low-light Photography ေတြကို ဖန္တီးေပးႏိုင္စြမ္း ရွိလို႔ ျဖစ္ပါတယ္။

လတ္တေလာၾကားသိေနရတဲ့ သတင္းေတြအရဆိုရင္ 48MP Sensor ထက္ ပိုေကာင္းမယ့္ 64MP Sensor အသုံးျပဳ စမတ္ဖုန္းေတြကို ထုတ္လုပ္ေနၿပီလို႔ သိရပါတယ္။ 64MP Sensor ကို Samsung က ၿပီးခဲ့တဲ့ ေမလတုန္းက စတင္မိတ္ဆက္ခဲ့တာ ျဖစ္ၿပီး ISOCELL Bright GW1 လို႔ ကင္ပြန္းတပ္ထားပါတယ္။ GW1 ဟာ Samsung ကိုယ္ပိုင္ Sensor ျဖစ္တာေၾကာင့္ အဆိုပါ 64MP Sensor ကို Samsung စမတ္ဖုန္းမွာ စတင္ျမင္ေတြ႕လိမ့္မယ္လို႔ ယူဆခဲ့ေပမယ့္ တကယ့္ တကယ္မွာေတာ့ Xiaomi စမတ္ဖုန္းမွာ စတင္ျမင္ေတြ႕ႏိုင္ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ပါတယ္။ ဒါေပမယ့္ ဒီေန႔ ၾကားသိလိုက္ရတဲ့ သတင္းမွာေတာ့ Realme စမတ္ဖုန္းကသာ 64MP Sensor ကို အသုံးျပဳထားတဲ့ ကမာၻ႔ပထမဦးဆုံး စမတ္ဖုန္း ျဖစ္တယ္လို႔ ဆိုထားပါတယ္။

Realme CEO ျဖစ္သူ Madhav Sheth ဟာ 64MP AI Quad Camera ( Shot on realme ) ဆိုတဲ့ Watermark ပါ ဓာတ္ပုံ ၁ပုံကို သူရဲ႕ တြစ္တာအေကာင့္မွာ လႊင့္တင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ အဆိုပါ Realme စမတ္ဖုန္းဟာ 64MP Sensor အျပင္ ေနာက္ထပ္ ကင္မရာ ၃လုံး ပါဝင္ဦးမယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ Sheth ဟာ အဆိုပါ Realme စမတ္ဖုန္းကို Premium Killer လို႔ ေခၚဆိုထားၿပီး 64MP GW1 Sensor ကို ပထမဦးဆုံး အသုံးျပဳထားတဲ့ စမတ္ဖုန္းျဖစ္ေၾကာင္းကိုလည္း ေရးသားထားပါေသးတယ္။

မည္သို႔ပင္ဆိုေစကာမူ Realme က အဆိုပါ စမတ္ဖုန္းကို တရားဝင္ မိတ္မဆက္ရေသးပါဘူး။ ဒါ့ေၾကာင့္ 64MP Sensor နဲ႔ တကယ္ပြဲထြက္လာမယ့္ ပထမဦးဆုံး စမတ္ဖုန္းက Samsung လား၊ Xiaomi လား ဒါမွမဟုတ္ Realme လားဆိုတာ ဆက္လက္ေစာင့္ၾကည့္ဖို႔ လိုအပ္ပါေသးတယ္။

Ref : Android Authority

[Unicode]

64MP Camera Sensor နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို Realme ထုတ်ပြ

လက်ရှိ စမတ်ဖုန်းစျေးကွက်ထဲမှာ ရေပန်းအစားဆုံး Camera Sensor တွေကို ပြောပါဆိုရင် 48MP Sensor တွေကို လက်ညှိုးထိုးပြရမှာပါ။ အကောင်းဆုံး၊ အရည်အသွေး အပြည့်မှီဆုံး Sensor အမျိူးအစား မဟုတ်ပေမယ့် Budget စမတ်ဖုန်းကစလို့ Flagship စမတ်ဖုန်းတွေပါမကျန် အသုံးပြုလာကြပါတယ်။ အကြောင်းအရင်းကတော့ ပုံရိပ်ပြတ်သားမှုနဲ့ ကောင်းမွန်တဲ့ Low-light Photography တွေကို ဖန်တီးပေးနိုင်စွမ်း ရှိလို့ ဖြစ်ပါတယ်။

လတ်တလောကြားသိနေရတဲ့ သတင်းတွေအရဆိုရင် 48MP Sensor ထက် ပိုကောင်းမယ့် 64MP Sensor အသုံးပြု စမတ်ဖုန်းတွေကို ထုတ်လုပ်နေပြီလို့ သိရပါတယ်။ 64MP Sensor ကို Samsung က ပြီးခဲ့တဲ့ မေလတုန်းက စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ISOCELL Bright GW1 လို့ ကင်ပွန်းတပ်ထားပါတယ်။ GW1 ဟာ Samsung ကိုယ်ပိုင် Sensor ဖြစ်တာကြောင့် အဆိုပါ 64MP Sensor ကို Samsung စမတ်ဖုန်းမှာ စတင်မြင်တွေ့လိမ့်မယ်လို့ ယူဆခဲ့ပေမယ့် တကယ့် တကယ်မှာတော့ Xiaomi စမတ်ဖုန်းမှာ စတင်မြင်တွေ့နိုင်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ ကြားသိလိုက်ရတဲ့ သတင်းမှာတော့ Realme စမတ်ဖုန်းကသာ 64MP Sensor ကို အသုံးပြုထားတဲ့ ကမ္ဘာ့ပထမဦးဆုံး စမတ်ဖုန်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

Realme CEO ဖြစ်သူ Madhav Sheth ဟာ 64MP AI Quad Camera ( Shot on realme ) ဆိုတဲ့ Watermark ပါ ဓာတ်ပုံ ၁ပုံကို သူရဲ့ တွစ်တာအကောင့်မှာ လွှင့်တင်ခဲ့ပါတယ်။ ဒါ့ကြောင့် အဆိုပါ Realme စမတ်ဖုန်းဟာ 64MP Sensor အပြင် နောက်ထပ် ကင်မရာ ၃လုံး ပါဝင်ဦးမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Sheth ဟာ အဆိုပါ Realme စမတ်ဖုန်းကို Premium Killer လို့ ခေါ်ဆိုထားပြီး 64MP GW1 Sensor ကို ပထမဦးဆုံး အသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်ကြောင်းကိုလည်း ရေးသားထားပါသေးတယ်။

မည်သို့ပင်ဆိုစေကာမူ Realme က အဆိုပါ စမတ်ဖုန်းကို တရားဝင် မိတ်မဆက်ရသေးပါဘူး။ ဒါ့ကြောင့် 64MP Sensor နဲ့ တကယ်ပွဲထွက်လာမယ့် ပထမဦးဆုံး စမတ်ဖုန်းက Samsung လား၊ Xiaomi လား ဒါမှမဟုတ် Realme လားဆိုတာ ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်ပါသေးတယ်။

Ref : Android Authority