[Unicode]

Realme 5i ကို ပြီးခဲ့တဲ့တစ်ပတ်ကမှ ဖြန့်ချိခဲ့တာပါ။ အခုတော့ သူ့ရဲ့ဆက်ခံသူအဖြစ် Realme 6i အကြောင်းသတင်းက ထွက်လာပြီ ဖြစ်ပါတယ်။ မမြန်လွန်းဘူးလား Realme ရယ်လို့တောင် မေးရတော့မလိုပါ။ စင်ကာပူရဲ့ IMDA (Infocomm Media Development Authority) မှာ Realme 6i ကို မြင်တွေ့ကြရတာပါ။

ဘယ်အချိန်ကတည်းက အသိအမှတ်ပြုခံခဲ့ရသလဲတော့ မသိပါဘူး။ ဒါပေမယ့် မော်ဒယ်နံပါတ် RMX2040 ကတော့ အသိအမှတ်ပြုခံခဲ့ရပြီး ဖြစ်နေပါတယ်။ Realme 5 ကို ကင်မရာပိုင်းမှာအနည်းငယ်သာအဆင့်လျှော့ပြီး Realme 5i အဖြစ် ထုတ်ခဲ့တာကြောင့် Realme 6i အနေနဲ့ ဈေးကွက်ထဲရောက်ဖို့ ကြာဦးမယ်လို့ပဲ ယေဘုယျအားဖြင့် တွက်ထားရမှာ ဖြစ်ပါတယ်။

ပုံမှန်အတိုင်းဆိုရင်တော့ Realme 6 ဖြန့်ချိပြီးမှ အနည်းငယ်အဆင့်လျှော့ထားတဲ့ Realme 6i ထွက်ရမှာပါ။ Realme 5 က ပြီးခဲ့တဲ့နှစ် သြဂုတ်လက ထွက်ခဲ့တာပါတယ်။ ဒါပေမယ့် အခုတော့ ဒီစမတ်ဖုန်းအမျိုးအစား တစ်ခုနဲ့တစ်ခုကြားမှာ အချိန်ကွာဟချက်က ပိုပြီးတိုတောင်းလာပြီလို့ ယူဆရပါတယ်။ ဒါကြောင့် Realme 6 ထွက်ဖို့ နောက်ထပ် လေး၊ ငါးလလောက် စောင့်စရာမလိုတော့ဘူး ထင်ပါတယ်။

Realme ဟာ ဒီနှစ်ထဲမှာ သူတို့ရဲ့ ထုတ်ကုန်အတော်များများကို မိတ်ဆက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကမှ အိန္ဒိယရဲ့ BIS ကလည်း Realme watch ကို certified ပေးခဲ့ပါတယ်။ ဒါဟာ Realme ရဲ့ ပထမဦးဆုံး Fitness tracker ဖြစ်လာပါလိမ့်မယ်။

ဒါ့အပြင် Realme C3 နဲ့ Realme C3s တို့ကလည်း စင်ကာပူနဲ့ ထိုင်းတို့မှာ Certification တွေ အသီးသီးရခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ Realme အမှတ်တံဆိပ်နဲ့ တီဗီ တွေကိုလည်း ဒီနှစ်ထဲမှာပဲ ဖြန့်ချိသွားဖို့ အစီအစဉ်ချမှတ်ထားတယ်လို့ သိရပါတယ်။ အခုမှ ၂၀၂၀ ပထမဆုံးလရဲ့ တစ်ဝက်ပဲရှိပါသေးတယ်။ ဒါကြောင့် နောက်ထပ်သတင်းတွေအများကြီး တက်လာဦးမှာပါ။

Ref: Gizmochina

[Zawgyi]

စင္ကာပူရဲ႕ IMDA မွာ Certified ရေနၿပီျဖစ္တဲ့ Realme 6i

Realme 5i ကို ၿပီးခဲ့တဲ့တစ္ပတ္ကမွ ျဖန႔္ခ်ိခဲ့တာပါ။ အခုေတာ့ သူ႔ရဲ႕ဆက္ခံသူအျဖစ္ Realme 6i အေၾကာင္းသတင္းက ထြက္လာၿပီ ျဖစ္ပါတယ္။ မျမန္လြန္းဘူးလား Realme ရယ္လို႔ေတာင္ ေမးရေတာ့မလိုပါ။ စင္ကာပူရဲ႕ IMDA (Infocomm Media Development Authority) မွာ Realme 6i ကို ျမင္ေတြ႕ၾကရတာပါ။

ဘယ္အခ်ိန္ကတည္းက အသိအမွတ္ျပဳခံခဲ့ရသလဲေတာ့ မသိပါဘူး။ ဒါေပမယ့္ ေမာ္ဒယ္နံပါတ္ RMX2040 ကေတာ့ အသိအမွတ္ျပဳခံခဲ့ရၿပီး ျဖစ္ေနပါတယ္။ Realme 5 ကို ကင္မရာပိုင္းမွာအနည္းငယ္သာအဆင့္ေလွ်ာ့ၿပီး Realme 5i အျဖစ္ ထုတ္ခဲ့တာေၾကာင့္ Realme 6i အေနနဲ႔ ေဈးကြက္ထဲေရာက္ဖို႔ ၾကာဦးမယ္လို႔ပဲ ေယဘုယ်အားျဖင့္ တြက္ထားရမွာ ျဖစ္ပါတယ္။

ပုံမွန္အတိုင္းဆိုရင္ေတာ့ Realme 6 ျဖန႔္ခ်ိၿပီးမွ အနည္းငယ္အဆင့္ေလွ်ာ့ထားတဲ့ Realme 6i ထြက္ရမွာပါ။ Realme 5 က ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လက ထြက္ခဲ့တာပါတယ္။ ဒါေပမယ့္ အခုေတာ့ ဒီစမတ္ဖုန္းအမ်ိဳးအစား တစ္ခုနဲ႔တစ္ခုၾကားမွာ အခ်ိန္ကြာဟခ်က္က ပိုၿပီးတိုေတာင္းလာၿပီလို႔ ယူဆရပါတယ္။ ဒါေၾကာင့္ Realme 6 ထြက္ဖို႔ ေနာက္ထပ္ ေလး၊ ငါးလေလာက္ ေစာင့္စရာမလိုေတာ့ဘူး ထင္ပါတယ္။

Realme ဟာ ဒီႏွစ္ထဲမွာ သူတို႔ရဲ႕ ထုတ္ကုန္အေတာ္မ်ားမ်ားကို မိတ္ဆက္ဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ သိပ္မၾကာေသးခင္ကမွ အိႏၵိယရဲ႕ BIS ကလည္း Realme watch ကို certified ေပးခဲ့ပါတယ္။ ဒါဟာ Realme ရဲ႕ ပထမဦးဆုံး Fitness tracker ျဖစ္လာပါလိမ့္မယ္။

ဒါ့အျပင္ Realme C3 နဲ႔ Realme C3s တို႔ကလည္း စင္ကာပူနဲ႔ ထိုင္းတို႔မွာ Certification ေတြ အသီးသီးရခဲ့ၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ကုမၸဏီဟာ Realme အမွတ္တံဆိပ္နဲ႔ တီဗီ ေတြကိုလည္း ဒီႏွစ္ထဲမွာပဲ ျဖန႔္ခ်ိသြားဖို႔ အစီအစဥ္ခ်မွတ္ထားတယ္လို႔ သိရပါတယ္။ အခုမွ ၂၀၂၀ ပထမဆုံးလရဲ႕ တစ္ဝက္ပဲရွိပါေသးတယ္။ ဒါေၾကာင့္ ေနာက္ထပ္သတင္းေတြအမ်ားႀကီး တက္လာဦးမွာပါ။

Ref: Gizmochina