တရုတ်မှာ realme 7 , 7 Pro တို့ကို စက်တင်ဘာလ ၁ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး အထူးထုတ် ဗားရှင်းလည်း ပါလာနိုင်ပါတယ်။ မိတ်ဆက်ပွဲ မတိုင်ခင်မှာ realme 7 ရဲ့ Unboxing ဓါတ်ပုံနဲ့ Specs တချို့ ထွက်ပေါ်လာပြီး ဖုန်း ဒီဇိုင်းကို အနီးကပ် လေ့လာလို့ရလာပါတယ်။

Specs အကြောင်း ပြောရရင် realme 7 မှာ MediaTek Helio G95 Chipset နဲ့ 8GB RAM, 128GB Storage တွေ ပါလာမှာပါ။ microSD Card Slot လည်း ထောက်ပံ့ထားမှာ ဖြစ်ပြီး သီးခြား Dual SIM Slot ပါလာမှာပါ။ SIM Tray ကို ဘယ်ဘက်ခြမ်းမှာ အသံခလုတ်တွေနဲ့အတူ တပ်ဆင်ထားပါတယ်။ ဓါတ်ပုံမှာ ညာဘက်ခြမ်းနဲ့ပါဝါခလုတ်တွေကို မတွေ့ရပါဘူး။

realme 7 Pro မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါတဲ့ OLED Panel ထည့်ထားမယ်လို့ သတင်းထွက်နေပြီး ရိုးရိုး မော်ဒယ်မှာလည်း ပါလာမလား မသိရသေးပါဘူး။ realme 7 ရဲ့ ဘူးခွံမှာ 90Hz Refresh Rate ပါလာမယ်လို့ ဖော်ပြထားပြီး LCD Panel ပဲ ပါမယ်လို့ခန့်မှန်းရပါတယ်။ OLED ကို realme 7 Pro အတွက်ပဲ ထည့်ထားနိုင်ပါတယ်။

ကင်မရာ အပိုင်းမှာ 64MP Main Quad Bayer နဲ့ အပို ၃ လုံး ပါလာမှာ ဖြစ်ပြီး အပို ကင်မရာတွေဟာ ရိုးရိုးနဲ့ Pro ဗားရှင်းတွေမှာ ကွဲပြားနိုင်ပါတယ်။ Pro မှာ 65W Charging နဲ့ 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး 7 မှာတော့ 30W Charging ပဲ ထည့်ထားမယ်လို့ သတင်းထွက်နေပါတယ်။ realme 7 ရဲ့ ဈေးဟာ အိန္ဒိယမှာ ၁၇,၀၀၀ နဲ့ ၁၈,၀၀၀ ရူပီးလောက် ရှိနိုင်ပြီး ၃ သိန်း ၁ သောင်းလောက် ကျသင့်နိုင်ပါတယ်။

Ref : gsmarena