အိန္ဒိယမှာ ဒီလ အစောပိုင်းက realme 7 , realme 7 Pro စတဲ့ realme Series တွေကို ကြေညာခဲ့ပြီးပါပြီ။ realme က ဒါနဲ့တင် မကျေနပ်နိုင်သေးဘဲ relme 7i ကို အင်ဒိုနီးရှားမှာ မိတ်ဆက်လိုက်ပါတယ်။ realme 7i မှာ Snapdragon 662 SoC မောင်းနှင်ထားပြီး relme 7 မှာတော့ Helio G95 SoC ထည့်ထားတာပါ။ 7i မှာ 7 မှာလို ၆.၅ လက်မ 90Hz LCD မျက်နှာပြင် ထည့်ထားပေမယ့် Resolution ကို FullHD+ ကနေ HD+ ကို လျှော့ချထားပါတယ်။

7 နဲ့ 7i ရဲ့ နောက်ထပ် ကွဲပြားချက် ၁ ခုက 7 မှာ လက်ဗွေရာကိရိယာကို ဘေးဘက်နဲ့ 7i မှာ အနောက်ဘက်မှာ တပ်ဆင်ထားတာပါ။ တူညီတဲ့ အချက်က 5,000mAh ဘက်ထရီ ဖြစ်ပေမယ့် 30W အစား 18W Charging ပဲ ပါပါတယ်။ အနောက်ကင်မရာတွေ နေရာချထားမှု အပါအဝင် ဖုန်း ဒီဇိုင်းက မတူညီကြပါဘူး။ 7i ရဲ့ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Monochrome နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါလာပါတယ်။

ဆဲလ်ဖီး ကင်မရာအတွက် 16MP ကို Punch Hole မှာ တပ်ဆင်ထားပြီး အဲဒီ ဖုန်းမှာ မြင်ကွင်းကျယ် ဗီဒီယို ရိုက်ကူးနိုင်တဲ့ စွမ်းရည် ပါပါတယ်။ Aurora Green နဲ့ Polar Blue ၂ ရောင် ထုတ်လုပ်ထားပြီး Android 10 အခြေပြု realme UI ထောက်ပံ့ထားပါတယ်။ 8GB RAM / 128GB Storage ၁ မျိုးပဲ ထုတ်လုပ်ထားပြီး အင်ဒိုနီးရှား ရူပီး ၃,၁၉၉,၀၀၀ သတ်မှတ်ထားပါတယ်။ ၂ သိန်း ၈ သောင်းလောက် ရှိပြီး ၁၈ ရက်နေ့ အဲဒီမှာ ရောင်းမှာပါ။ တခြားနိုင်ငံမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena