realme ၏ တစ်ကမ္ဘာလုံးဆိုင်ရာ တတိယ ၃ လပတ်တိုးတက်မှုမှာ ၁၃၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး စမတ်ဖုန်းအလုံးရေ သန်း ၅ဝ ကိုရောက်ရှိရောင်းချနိုင်သည့် ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးအမှတ်တံဆိပ်အဖြစ် ရပ်တည်နိုင်ခဲ့သည်။

မြန်မာပြည်မိုဘိုင်းဈေးကွက်တွင်လည်း realme Myanmar ၏ တတိယ ၃ လပတ်ရောင်းအားမှာ ၂ဝ ရာခိုင်နှုန်းတိုးတက်လာသည်။

realme Myanmar က ယခင်မိတ်ဆက်ပေးထားသည့် realme 7 Series ထုတ်ကုန်များဖြစ်ကြသော realme 7 Pro နှင့် realme 7 တို့၏ နောက်ဆက်တွဲထုတ်ကုန်သစ်အဖြစ် realme 7i ကို မိတ်ဆက်ပေးသွားရန် ရှိနေပြီး တစ်မူထူးခြားသည့် 64MP AI Quad Camera အတွေ့အကြုံကောင်းများကို မတူညီသည့် ဈေးနှုန်းအနေအထားမျိုးဖြင့် ထိတွေ့သုံးစွဲခွင့်ရရှိစေမည်ဖြစ်သည်။ အားသာချက်အဖြစ် realme 7i စမတ်ဖုန်းသစ်တွင် ကောင်းမွန်သည့် RAM+ROM တွဲဖက်မှုအဖြစ် 8GB RAM နှင့် 128GB ROM version ကို အဓိကရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ realme 7i တွင် ၎င်းနောင်တော်ထုတ်ကုန်များကဲ့သို့ပင် ထုတ်ကုန်အရည်အသွေးပိုင်းတွင် များစွာအဆင့်မြှင့်တင်ပေးထားပြီး ထူးခြားသည့်ဒီဇိုင်းပိုင်းနှင့်အတူ မတူညီသောအရောင်များကိုပါ ရွေးချယ်အသုံးပြုနိုင်စေမည်ဖြစ်သည်။

realme စမတ်ဖုန်းအမှတ်တံဆိပ်အနေဖြင့် စတင်တည်ထောင်သည့်အချိန်မှစ၍ အရှိန်အဟုန်ကောင်းကောင်းဖြင့် တိုးတက်လာခဲ့ပြီး အဓိကဈေးကွက် ၁၃ ခုတွင် အဆင့်-၅နေရာတွင်ရပ်တည်လျက်ရှိကာ ၂ဝ၂ဝ ခုနှစ် တတိယ ၃ လပတ်အပြီးထွက်ပေါ်လာသော Counterpoint ၏ ထုတ်ပြန်ကြေညာချက်များအရ အရှေ့တောင်အာရှိဒေသဈေးကွက်များတွင် တိုးတက်မှုအားကောင်းခဲ့ပြီး realme Myanmar ၏ ၃ လပတ်အလိုက်တိုးတက်မှုနှုန်းမှာ ၂ဝ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကာ နိုင်ငံတွင်းထိပ်တန်းစမတ်ဖုန်းစာရင်းတွင် အဆင့်-၅ နေရာကို ဆက်လက်ရယူထားနိုင်ခဲ့ကြောင်း သိရှိရသည်။

၂ဝ၂ဝ ခုနှစ် တတိယ ၃လပတ်အတွက် ကမ္ဘာ့စမတ်ဖုန်းတင်ပို့ရောင်းချနိုင်မှုတွင် ၃ လပတ်အလိုက်တိုးတက်မှုနှုန်းအဖြစ် ၃၂ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့သော်လည်း နှစ်အလိုက်တိုးတက်မှုနှုန်းနှင့်နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ကာ စုစုပေါင်းစမတ်ဖုန်းအလုံးရေ သန်း ၃၈ဝ ဝန်းကျင်အထိသာရောင်းချနိုင်ခဲ့ကြောင်း ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းဖြစ်သည့် Counterpoint ကထုတ်ပြန်သော နောက်ဆုံးရသုတေသနအစီရင်ခံစာအရ သိရှိရသည်။ ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်ရောင်းချသူများဖြစ်ကြသည့် Huawei၊ Apple၊ OPPO၊ Vivo နှင့် LG တို့မှာလည်း တတိယ ၃လပတ်တွင် နှစ်အလိုက်တိုးတက်မှုနှုန်းများ အသီးသီးကျဆင်းခဲ့ကြရပြီး COVID-19 ကပ်ရောဂါသက်ရောက်မှုနှင့် ကမ္ဘာ့စီးပွားရေးတို့တွင် နှေးကွေးကျဆင်းမှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ သို့ရာတွင် စမတ်ဖုန်းအမှတ်တံဆိပ်အနည်းငယ်တို့မှာမူ ကမ္ဘာ့စီးပွားရေး ရေစီးကြောင်းအခြေအနေနှင့်ဆန့်ကျင်ကာ ရပ်တည်နိုင်ခဲ့ကြပြီး အဆိုပါအထဲတွင် ငယ်ရွယ်သည့်စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော realme က နှစ်အလိုက်တိုးတက်မှုနှုန်းတွင် ၄၅ ရာခိုင်နှုန်းနှင့် ၃ လပတ်အလိုက်တိုးတက်မှုနှုန်းတွင် ၁၃၂ ရာခိုင်နှုန်းတို့ဖြင့် တိုးတက်ရပ်တည်နိုင်ခဲ့ကာ ထူးခြားသည့်အောင်မြင်မှုများနှင့်အတူ COVID-19 ရောဂါကပ်ဆိုးအခြေအနေမှ ရုန်းထွက်စွမ်းဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ရလဒ်ကောင်းများကြောင့် realme အနေဖြင့် ၂ဝ၂ဝ ခုနှစ် တတိယ ၃လပတ်အကုန်တွင် ဆင့်ကဲအရေအတွက်အဖြစ် စမတ်ဖုန်းအလုံးရေ စုစုပေါင်း သန်း ၅ဝ ကျော်အထိ ရောင်းချနိုင်ခဲ့ကာ စတင်တည်ထောင်သည့်အချိန်မှစ၍ စမတ်ဖုန်းအလုံးရေ သန်း ၅ဝ တင်ပို့ရောင်းချနိုင်သည့် တိုးတက်မှုအမြန်ဆုံး အမှတ်တံဆိပ်တစ်ခုလည်းဖြစ်လာခဲ့သည်။ ထူးထူးခြားခြားမှတ်သားလောက်သည့်အချက်အလက်အဖြစ် realme က ထိပ်တန်းရောင်းချသူများဖြစ်ကြသည့် Samsung၊ Apple၊ Huawei နှင့် Xiaomi တို့ကိုကျော်လွန်စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ realme စမတ်ဖုန်းအမှတ်တံဆိပ်ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လတွင် တရားဝင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စတင်တည်ထောင်သည့်အချိန်မှစ၍ လူငယ်များကိုဦးတည်က အွန်လိုင်းရောင်းချမှုကိုဗဟိုပြုလုပ်ဆောင်ခဲ့သည့် realme အနေဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာအရ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ခြင်းဖြစ်သည်။ Counterpoint ၏ လေ့လာသုံးသပ်ချက်အရ တန်ဖိုးသင့်စမတ်ဖုန်းအမျိုးအစား ကဏ္ဍအတွက် နောက်ဆုံးပေါ်နည်းပညာနှင့် feature လုပ်ဆောင်ချက်များကို ထိရောက်ကောင်းမွန်စွာဆောင်ကြဉ်းနိုင်ခဲ့ခြင်းနှင့်အတူ realme မှာ ပြင်းထန်သည့်ဈေးကွက်ယှဉ်ပြိုင်မှုတွင် ၎င်းတို့၏တန်ဖိုးပေးစွမ်းနိုင်မှုကို မတူညီကွဲပြားအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် realme အနေဖြင့် ၂ဝ၁၉ ခုနှစ် ပထမ ၃ လပတ်တွင် ထိပ်တန်းစမတ်ဖုန်း ၅ခု စာရင်းတွင်တစ်ခုအပါအဝင်အဖြစ် ရပ်တည်နိုင်ခဲ့သည်။ ၎င်းတို့အနေဖြင့် ၂ဝ၁၈ခုနှစ် စတုတ္ထ ၃ လပတ်တွင် အရှေ့တောင်အာရှ ဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး မိတ်ဆက်ရောင်းချမှုများပြုလုပ်ပြီးနောက် ၃ လပတ် ၂ခုအတွင်းမှာပင် ဒေသတွင်းနိုင်ငံအတော်များများတွင် အဆင့်-၅ နေရာအထိတိုးတက်ရပ်တည်နိုင်ခဲ့သည်။ စပိန်ကဲ့သို့ ဥရောပနိုင်ငံများတွင် realme မှာ ဈေးကွက်အတွင်းသို့စတင်ဝင်ရောက်မိတ်ဆက်အပြီး တစ်လအတွင်းမှာပင် အဆင့်-၅နေရာရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

realme ၏ အားကောင်းသောတိုးတက်မှုအရှိန်အဟုန်မှာ ဈေးကွက်၏ပြင်းထန်သောပြိုင်ဆိုင်မှုများကို ဆန့်ကျင့်ကာ ၂ဝ၂ဝ ခုနှစ်အတွင်း ဆက်လက်တိုးတက်ခဲ့သည်။ အဆိုပါနှစ် တတိယ ၃ လပတ်အတွင်း realme မှာ အိန္ဒိယစမတ်ဖုန်းဈေးကွက်တွင် ၃ လပတ်အလိုက်တိုးတက်မှုနှုန်း ၃ဝဝ ရာခိုင်နှုန်းကျော်အထိ တိုးတက်ရပ်တည်နိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၅ရာခိုင်နှုန်းအထိရရှိကာ အခြေကျစွာတည်ထောင်ရပ်တည်ထား သည့် Vivo စမတ်ဖုန်းအမှတ်တံဆိပ်ကိုပါ အနီးကပ်ဆုံးယှဉ်ပြိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ အရှေ့တောင်အာရှဒေသ ဈေးကွက်များတွင် realme မှာ နှစ်အလိုက်တိုးတက်မှုနှုန်းတွင် ၁၉၆ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပြီး ၃ လပတ်အလိုက်တိုးတက်မှုနှုန်းတွင် ၄၇ ရာခိုင်နှုန်းအထိ အသီးသီးတိုးတက်ကာ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့အပါအဝင် ထိပ်တန်းနိုင်ငံများတွင် ကောင်းမွန်စွာဦးဆောင်နိုင်ခဲ့ကာ ဒေသတွင်းတွင် အဆင့်-၅နေရာကို ခိုင်မာစွာရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဥရောပတွင်မူ realme အနေဖြင့် ဈေးကွက်ဆက်လက်ချဲ့ထွင်ကာ ရုရှားနိုင်ငံ၏ ထိပ်တန်းစမတ်ဖုန်း ၅ခုစာရင်းတွင် အောင်မြင်စွာ ပါဝင်ရပ်တည်နိုင်ခဲ့သည်။ ထို့အပြင် သြစတြေးလျနှင့် စင်ကာပူနိုင်ငံတို့ကဲ့သို့ အခြားသော ဖွံ့ဖြိုးပြီးဈေးကွက်အတော်များများတွင်လည်း ထိပ်တန်း ၅ နေရာထဲတွင်ရပ်တည်နိုင်ခဲ့သည်။ ကမ္ဘာ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနှင့် ရင့်ကျက်ထားပြီးသော ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံတွင် realme မှာ တတိယ ၃ လပတ်အတွင်း ၃ လပတ်အလိုက်တိုးတက်မှုနှုန်းအဖြစ် ၉ဝ ရာခိုင်နှုန်းအထိရယူနိုင်ခဲ့ပြီး တင်ပို့ရောင်းချနိုင်မှုအရ အဆင့်-၆နေရာရပ်တည်နိုင်ခဲ့သည်။ တရုတ်နိုင်ငံ၏ 5G စမတ်ဖုန်း ကဏ္ဍတွင်မူ realme မှာ Huawei၊ OPPO၊ Vivo နှင့် Xiaomi တို့နောက်တွင်ကပ်လျက် အဆင့်-၅နေရာသို့ တက်လှမ်းရပ်တည်နေခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ realme မှာ ကမ္ဘာတစ်ဝန်းလုံးတွင် အားပေးသူပရိသတ်များ သန်းနှင့်ချီကာတိုးတက်ရရှိလျက်ရှိသလို လူငယ်သုံးစွဲသူများအတွက် ထိပ်တန်းရွေးချယ်စရာစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ရပ်တည်နေခြင်းဖြစ်သည်။

Counterpoint ၏ဖြည့်စွက်သုံးသပ်ချက်များအရ realme အနေဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ အရှိန်အဟုန်မြင့်ဖြန့်ကျက်လုပ်ဆောင်မှုနှင့် ၎င်းတို့၏အားကောင်းသည့်တိုးတက်မှုအရှိန်အဟုန်တို့မှာ ၂ဝ၂၁ ခုနှစ်အတွင်းမှာ ဆက်လက်တိုးတက်နေဦးမည်ဖြစ်ကြောင်း မျှော်မှန်းထားကြသည်။ COVID-19 ကပ်ရောဂါအခြေအနေကြောင့် အွန်လိုင်းစီးပွားရေးစနစ်တိုးတက်လာခြင်းနှင့်အတူ ကမ္ဘာတစ်ဝန်းလုံးတွင် 5G ကွန်ယက်စနစ်သုံးစွဲမှုအရှိန်မြင့်တက်လာသည့်အခြေအနေများကြောင့် ပြောင်းလဲနေသည့်မိုဘိုင်းနယ်ပယ်အင်အားစုများအကြားတွင် realme ၏ တိုးတက်မှုအခြေအနေမှာလည်း များစွာအလားအလာရှိနေကြောင်း Counterpoint ကသုံးသပ်ထားသည်။ realme ၏သိပ်မကြာသေးမီက ဖွံ့ဖြိုးတိုးတက်မှုများအရ ၎င်းတို့အနေဖြင့် ၂ဝ၂၁ ခုနှစ်အတွင်း ဥရောပဒေသတွင် ထိပ်တန်းစမတ်ဖုန်းအဆင့်-၅နေရာတွင် ဝင်ရောက်နိုင်စေရန် ရည်ရွယ်ဦးတည်ထားကြောင်းလည်း Counterpoint က ဆက်လက်ပြောဆိုထားသည်။
နောက်ထပ်ဖြည့်စွက်ချက်များအရ realme အနေဖြင့် “1+4+N” ( ပင်မစမတ်ဖုန်းတစ်လုံး + စမတ်ချိတ်ဆက်မှု ၄ခု + N စမတ်အသုံးအဆောင်ပစ္စည်း) ထုတ်ကုန်မဟာဗျူဟာနှင့်အတူ AIoT (AI+IoT) ဂေဟဗေဒစနစ် အဖြစ် ချိတ်ဆက်သုံးစွဲခြင်းဆီဦးတည်ကာ တိုးချဲ့လုပ်ကိုင်လျက်ရှိနေသည်။ realme အနေဖြင့် realme smart TV များ၊ TWS (True Wireless Stereo)၊ realme Watch၊ realme Smart Cam 360 ̊ ကဲ့သို့ ပြိုင်ဆိုင်မှုကောင်းသော စမတ်ထုတ်ကုန်များကို မိတ်ဆက်ဖြန့်ချိကာ ချိတ်ဆက်အသုံးပြုစေမည့် ဂေဟဗေဒစနစ်ကို ကောင်းမွန်အောင်တည်ဆောက်ပေးနေခြင်းဖြစ်သည်။ ၂ဝ၂ဝ ခုနှစ် တတိယ ၃ လပတ်အတွင်း အိန္ဒိယဈေးကွက်တွင် realme ၏ TWS ထုတ်ကုန်များတင်ပို့ရောင်းချမှုမှာ ၃ လပတ်အလိုက် ၄၅ ရာခိုင်နှုန်းအထိတိုးတက်ပြီး ဈေးကွက်ဝေစု ၁၂ ရာခိုင်နှုန်းအထိရယူထားနိုင်ခဲ့ကာ အဆင့်-၃ နေရာရပ်တည်ထားသည်။ realme Buds Q နှင့် realme Buds Air Neo တို့မှာ တတိယ ၃ လပတ်အတွင်း ရောင်းအားအကောင်းဆုံး TWS ထုတ်ကုန်များတွင် အိန္ဒိယနိုင်ငံ၏ အဆင့်-၃ နေရာတွင် ဝင်ရောက်ရပ်တည်ထားနိုင်ခဲ့သည်။

realme ၏ ဂေဟဗေဒစနစ်ချိတ်ဆက်အသုံးပြုခြင်း မဟာဗျူဟာမှာ ၎င်းတို့၏ သုံးစွဲသူများအတွက် တန်ဖိုးသစ်ဖန်တီးပုံဖော်ခြင်းနှင့် သုံးစွဲသူအခြေခိုင်မာလာစေရန် ဆက်လက်ကူညီပေးသွားနိုင်စေမည်ဖြစ်ကြောင်း၊ ရှေ့ဆက်ဖြစ်ပေါ်လာမည့် အရာရာတိုင်းကို အင်တာနက်ဖြင့်ချိတ်ဆက်အသုံးပြုရသည့်ခေတ်ကာလ (Internet of Everything) အခြေအနေတွင် ကောင်းမွန်သည့်အားသာချက်များကို တည်ဆောက်သွားနိုင်စေမည်ဖြစ်ကြောင်း Counterpoint က သုံးသပ်ပြောဆိုထားသည်။