realme ကနေ ပြီးခဲ့တဲ့ရက်သတ္တပါတ်တုန်းက realme 7 နဲ့ 7 Pro ဖုန်းတွေကို India မှာတရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုလည်း realme ကနေ စျေးပိုသက်သာတဲ့ realme 7i စမတ်ဖုန်းကို လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားဦးမယ်လို့ သိရပါတယ်။

အခုလိုမျိုး မိတ်ဆက်မယ့်အချိန်ကို တရားဝင်ပြောကြားခဲ့သလို realme 7i ရဲ့ Design ဓါတ်ပုံနဲ့ Specification တွေကလည်း ပေါက်ကြားခဲ့ပါသေးတယ်။ realme 7 ဟာ MediaTek ရဲ့ Helio G95 Chipset ကို အသုံးပြုထားပေမယ့် realme 7i မှာတော့ Qualcomm ရဲ့ Mid Range Chipset အသစ်ဖြစ်တဲ့ Snapdragon 662 Chipset ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။

အဆိုပါ Snapdragon 662 Chipset ဟာ 11nm Architecture ကို အခြေခံထားပြီး Clock Speed အနေနဲ့ 2.0GHz အမြင့်ဆုံးရှိမှာဖြစ်ပါတယ်။ RAM အနေနဲ့ 8GB အပြင် Storage ကလည်း 128GB ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Display အနေနဲ့ကတော့ 6.5″ HD+ Display ကိုမှ 90Hz Refresh Rate ကို Support ပေးသွားမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 64MP + 8MP + 2MP + 2MP Quad Camera Setup အပြင် Selfie Camera ကလည်း 16MP Sensor ကို Punch-hole Design ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး USB-C ကနေတစ်ဆင့် 18W Fast Charging ကို Support ပြုလုပ်သွားမှာဖြစ်ပါတယ်။

realme ဟာ realme 7i ကို လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံမှာ အစောဆုံးမိတ်ဆက်သွားမှာဖြစ်ပြီး ကျန်တဲ့စျေးကွက်တွေမှာလည်း ယခုလအတွင်းမှာ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena