ထုတ်ကုန်အရည်အသွေးပိုင်းတွင် ပိုမိုကောင်းမွန်လာသည့်အားသာချက်ကြောင့် realme သုံးစွဲသူများအနေဖြင့် Build Quality ပိုင်းတွင် စိတ်အချရဆုံးအဖြစ်အသုံးပြုနိုင်စေမည်။

ယနေ့တိုးတက်ပြောင်းလဲလာသည့် လူ့အဖွဲ့အစည်းတွင် စမတ်ဖုန်းများသည် လူအများအတွက် အရေးအကြီးဆုံး အသုံးအဆောင်ပစ္စည်းဖြစ်လာခဲ့ပြီး လူတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်သွယ်ပြောဆိုခြင်းနှင့် ပြောင်းလဲနေသည့်ကမ္ဘာ့အခြေအနေများကိုနားလည်နိုင်စေမည့် ပြတင်းပေါက်သဖွယ်ဟုလည်း ဆိုနိုင်မည်ဖြစ်သည်။ စမတ်ဖုန်းများက လူတိုင်းအတွက်အလွန်ပင်အရေးကြီးလှသည့် ဒေတာအချက်အလက်များစွာကို သယ်ဆောင်ထားခြင်းဖြစ်ပြီး မိုဘိုင်းလောကတွင် နည်းပညာများစွာမြန်ဆန်တိုးတက်လာခြင်းနှင့်အတူ စမတ်ဖုန်းများတွင် ပိုမိုကောင်းမွန်သည့် လုပ်ဆောင်ချက်များကို ထည့်သွင်းပေးထားခြင်းဖြစ်သည်။ စမတ်ဖုန်းတစ်လုံး၏ မူလအနှစ်သာရမှာ ဆက်သွယ်ရေးအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်သည်နှင့်အညီ ကြာရှည်ခံစိတ်ချယုံကြည်ရစေရန်မှာလည်း အလွန်ပင်အရေးကြီးလျက်ရှိသည်။ သို့ရာတွင် စမတ်ဖုန်းတစ်လုံးကို နေ့စဉ်အသုံးပြုရာတွင် များစွာသောအသုံးပြုမှုပုံစံများပါဝင်နေကြမည်လည်းဖြစ်ရာ၊ ထို့အတွက်ကြောင့်ပင် စမတ်ဖုန်းတစ်လုံး၏ယုံကြည်စိတ်ချရသည့်အပိုင်းမှာ ပိုမိုရှုတ်ထွေးခက်ခဲလာခြင်းဖြစ်သည်။

စတင်တည်ထောင်သည့်အချိန်မှစ၍ realme အနေဖြင့် အရည်အသွေးမြင့်မားပြီး ခေတ်ရေစီးကြောင်းကို ဦးဆောင်စေမည့်ထုတ်ကုန်များကို ထုတ်လုပ်ရန်ရည်သန်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာဈေးကွက် ၅၉ခုတွင် နေရာယူလုပ်ကိုင်နေသည့် နိုင်ငံတကာစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့်အားလျော်စွာ realme မှာ ၎င်းတို့၏ပထမဆုံးထုတ်လုပ်လိုက်သောထုတ်ကုန်မှစတင်ကာ တင်းကျပ်သည့်စိတ်ချယုံကြည်ရသောစံနှုန်းများကို ချမှတ်ထားခြင်းဖြစ်သည်။

ထိပ်တန်းနိုင်ငံတကာနည်းပညာပိုင်းပံ့ပိုးကူးညီပေးသည့်အဖွဲ့အစည်းတစ်ခုဖြစ်သော TÜV Rheinland က ၎င်းတို့စတင်တည်ထောင်ခဲ့သည့် ၁၈၇၂ ခုနှစ်မှစတင်ကာ လူသားများ၊ ပတ်ဝန်းကျင်နှင့် နည်းပညာတို့အကြား အပြန်အလှန်လုပ်ဆောင်ခြင်းမှထွက်ပေါ်လာသည့် စိန်ခေါ်မှုများအတွက် လုံခြုံအန္တရယ်ကင်းပြီး ကြာရှည်စွာသုံးစွဲနိုင်စေမည့် ဖြေရှင်းချက်များကို ထောက်ပံ့ကူညီပေးနိုင်စေရန် အခြေပြုလုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ စစ်မှန်ပြည့်ဝပြီးအမှီအခိုကင်းသော အရည်အသွေးထောက်ခံချက်များကို ရာနှင့်ချီသောထုတ်ကုန်အမှတ်တံဆိပ်များနှင့် သောင်းနှင့်ချီသောထုတ်ကုန်များအတွက် စစ်ဆေးပေးအပ်နေခြင်းဖြစ်ပြီး သက်ဆိုင်ရာစက်မှုနယ်ပယ်၏ထုတ်ကုန်များ အရည်အသွေးပိုင်းဆိုင်ရာတိုးတက်စေရန် တွန်းအားပေးကူညီနေခြင်းလည်းဖြစ်သည်။ လက်တွေ့ကျသောစစ်ဆေးလုပ်ဆောင်ချက်တွင် TÜV Rheinland က ကြွယ်ဝလှသည့်အတွေ့အကြုံများစွာကိုပေါင်းစပ်ထားခြင်းဖြစ်သည်။

စမတ်ဖုန်းများ၏စိတ်ချယုံကြည်ရသော အချက်ကို ပူးပေါင်းမြှင့်တင်စေရန် realme က အထင်ကရအဖွဲ့အစည်း TÜV Rheinland ကိုဖိတ်ကြားပြီး စမတ်ဖုန်းအရည်အသွေးနှင့်စိတ်ချယုံကြည်မှုအတွက် စမ်းသပ်ထားသောစံနှုန်းသတ်မှတ်ချက်များကို ဆွေးနွေးတိုင်ပင်လုပ်ဆောင်ကာ ဖန်တီးချမှတ်ထားခြင်းဖြစ်သည်။ TÜV Rheinland Smartphone Reliability Verification (စမတ်ဖုန်းတစ်လုံး၏စိတ်ချယုံကြည်မှုအပိုင်းစစ်ဆေးသတ်မှတ်ခြင်း) တွင် နေ့စဉ်အသုံးပြုခြင်း၊ အစိတ်အပိုင်းများ၏စိတ်ချယုံကြည်ရမှုနှင့် အလွန်ပြင်းထန်သည့်ဝန်းကျင်အခြေအနေဟူသည့် ကဏ္ဍ ၃ရပ်ပါဝင်ထားခြင်းဖြစ်သည်။ အဆိုပါစစ်ဆေးချက်တွင် ပြုတ်ကျမှုစစ်ဆေးခြင်း၊ ဟောင်းနွမ်းဆွေးမြည့်မှုအပိုင်းစစ်ဆေးခြင်း၊ အမြင့်ဆုံးနှင့် အနိမ့်ဆုံးအပူချိန်ပိုင်းဆိုင်ရာစစ်ဆေးခြင်း၊ အမြင့်ဆုံးနှင့် အနိမ့်ဆုံးစိုထိုင်းမှုဆိုင်ရာစစ်ဆေးခြင်း၊ လျှပ်စီးအားပြောင်းလဲမှုဆိုင်ရာစစ်ဆေးခြင်း၊ ခလုပ်များ၏သက်တမ်းပိုင်းကိုစစ်ဆေးခြင်း၊ တည်ငြိမ်သောလျှပ်စစ်စီးမှုဆိုင်ရာစစ်ဆေးခြင်း အစရှိသည်တို့ပါဝင်ထားသည်။ အထင်ကရဈေးကွက်အားလုံးနှင့် သက်ဆိုင်ရာစက်မှုနယ်ပယ်၏စံနှုန်းသတ်မှတ်ချက်များအားလုံးရှိ သုံးစွဲသူအဆင့်လျှပ်စစ်ထုတ်ကုန်များ၏ စိတ်ချယုံကြည်ရသည့်စံနှုန်းများကို ရည်ညွှန်းကိုးကားပြီးနောက် TÜV Rheinland Smartphone Reliability Verification တွင် အကြီးစားစမ်းသပ်စစ်ဆေးခြင်း ၂၂ခုနှင့် အသေးစားစမ်းသပ်စစ်ဆေးခြင်း ၃၈ ခုတို့ပါဝင်ထားခြင်းဖြစ်သည်။ TÜV Rheinland ၏ စိတ်ချယုံကြည်ရသောစံနှုန်းသတ်မှတ်ချက်အသစ်အရ ထုတ်ကုန်၏ယုံကြည်စိတ်ချရမှုအပိုင်း သာလွန်တိုးတက်ကောင်းမွန်စေရန် ရှိရင်းစွဲအရည်အသွေးစမ်းသပ်စစ်ဆေးခြင်းကို အဆင့်မြှင့်တင်ချိန်ညှိထားခြင်းဖြစ်ပြီး realme ၏စမတ်ဖုန်းများကို သုံးစွဲမှုအပိုင်းသာလွန်စေရန်သာမက သုံးစွဲမှုအပိုင်းကြာရှည်ခံနိုင်စေရန်ပါ လုပ်ဆောင်ထားခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် realme စမတ်ဖုန်းသုံးစွဲသူများအနေဖြင့် ထိပ်တန်းအဆင့်မြင့်နည်းပညာနှင့် ခေတ်ရှေ့ပြေးထုတ်ကုန်ဒီဇိုင်းတို့က ယူဆောင်ပေးထားသည့် အနှစ်သာရကို အကောင်းဆုံးခံစားရစေမည်ဖြစ်သည်။