realme Myanmar မှ ဦးဆောင်သည့် 828 realme Fan Festival ပွဲကို ြသဂုတ်လ ၂၈ ရက်၊ Lotte Hotel, Sapphire Ballroom တွင် ကျင်းပပြုလုပ်ခဲ့သည်။ 828 realme Fan Festival တွင် realme စမတ်ဖုန်းကို အမှန်တကယ် စိတ်ဝင်စား သုံးစွဲသူ R-Fans များ တက်ရောက်ဂုဏ်ပြုပေးခဲ့သည်။

828 realme Fan Festival ပွဲသို့ တက်ရောက်လာသော R-Fans များမှ realme ၏ Keep It Real ဆိုသည့် ခေါင်းစဥ်အောက်တွင် realme ကို တွေ့ရှိခဲ့သည့်အကြောင်း၊ realme စမတ်ဖုန်းကို ကြိုက်နှစ်သက်သွားသည့် အကြောင်းများကို R-Fans အချင်းချင်း မျှဝေခဲ့ကြသည်။ ထို့နောက် realme Myanmar ရဲ့ တာဝန်ခံ Head of Brand Commutations ကိုဝေဖြိုးအောင်မှ realme သမိုင်းကြောင်းနှင့် realme မြန်မာနိုင်ငံကို စတင်ဝင်ရောက်ချိန်မှစပြီး ယခုအချိန်ထိ ရောင်းချခဲ့သည့် realme အမှတ်တံဆိပ် ဖုန်းမော်ဒယ်များ အကြောင်းရှင်းပြခဲ့သည်။

R-Fans များအတွက် အထူးအစီအစဥ်များထဲမှ တစ်ခုဖြစ်သည့် R-Fans သီးသန့် MLBB ဂိမ်းဆော့ပြိုင်ပွဲ ပြုလုပ်ခဲ့ပြီး အနိုင်ရရှိသည့်အဖွဲ့၊ ပါဝင်ယှဥ်ပြိုင်ပေးသည့်အဖွဲ့နှင့် MVP ရရှိသူများမှ ဆုလက်ဆောင်များ ရရှိခဲ့သည်။ ဆက်လက်ပြီး R-Fans များမှ အဖွဲ့လိုက် Keep It Real ဖန်တီးမှုဖြစ်သည့် ရောင်စုံဆေးရည်များနှင့် realmeow တွင် စိတ်ကူးစိတ်သန်းကွန့်မြူး ခြယ်သပုံဖော်ခဲ့ကြသည်။

R-Fans များနှင့် realme မှ တာဝန်ရှိသူများ အတူတကွ realme အမှတ်တံဆိပ်၏ လေးနှစ်ပြည့်နှစ်ပတ်လည် အတွက် realme cake နှင့် ဂုဏ်ပြုခဲ့ကြပြီး R-Fans များမှာ ဆုတောင်းစကားများ ပြောပေးခဲ့သည်။ realme ၏ အမာခံ R-Fan တချို့ကလည်း realme ၄ နှစ်ပြည့် 828 Fan Festivalအခမ်းအနားတွင် ၄င်းတို့၏ Fan Story များကို အခုလိုဝေမျှပေးသွားခဲ့ကြသည်။

“realme Fan တစ်ယောက်အနေနဲ့ အခုလို 828 Fan Festival လိုမျိုး realme event တွေကို တက်ချင်နေခဲ့တာကြာပါပြီ။ ဒီနေ့မှာတော့ Fan အားလုံးနဲ့အတူ စုစုစည်းစည်းတွေ့ဆုံခွင့်ရလို့ စိတ်လှုတ်ရှားပျော်ရွှင်ရပါတယ်။

ကျွန်တော်စသုံးဖြစ်တဲ့ realme model လေးက realme 2 Pro ပါ။ ဘယ်လိုဝယ်ဖြစ်သွားလဲဆိုရင် အဲ့တုန်းက ကျွန်တော်သုံးနေတဲ့ဖုန်းက တော်တော်လေးဟောင်းနေပြီ။ ဖုန်းအသစ်ဝယ်မယ်ဆိုပြီး ဆိုင်ကိုသွားခဲ့တာ။ realme တံဆိပ်ဝယ်မယ်ဆိုပြီးသွားခဲ့တာမဟုတ်ပါဘူး။ အဲ့အချိန်တုန်းက realme တံဆိပ်ကို သိလည်းမသိသေးပါဘူး။ ကျွန်တော်ယူမယ်ဆိုပြီးချိန်ထားတဲ့ဖုန်းနဲ့က စျေးလည်းအတူတူလောက်ပါပဲ။ ဒါပေမဲ့ specification ပိုင်းနဲ့ ဖုန်းဒီဇိုင်းမှာ realme ကိုပိုပြီးသဘောကျမိသွားလို့ ဝယ်ဖြစ်ခဲ့တာပါ။ နောက်တစ်ခုက realme ဆိုတဲ့နာမည်ကလည်း လူငယ်ဆန်တယ်လို့ခံစားရတဲ့အတွက် တံဆိပ်အသစ်ဖြစ်ပေမယ့် အဲ့ဒီ realme 2 Pro လေးကိုစပြီးဝယ်သုံးဖြစ်ခဲ့တာပါ။

အနာဂတ် realme ထုတ်ကုန်တွေအတွက် အဓိကမျှော်လင့်ချက်က အမြင့်ပိုင်းဖုန်းတွေမှာ အများကြီးအဆင်ပြေပါတယ်။ အနိမ့်ဖုန်းတွေအတွက် Go Edition မှာ နောက်ထပ် feature အသစ်တွေထပ်ဖြည့်ပေးစေချင်တဲ့ဆန္ဒလေးရှိပါတယ်။ realme UI ကတော့သဘောကျပြီးသားပါ။ လက်ရှိမှာ realme UI 3.0 သုံးနေပါတယ်။

realme အမှတ်တံဆိပ်ကို လူတစ်ယောက်အဖြစ်ပုံဖော်ကြည့်ရမယ်ဆိုရင် ကျား၊ မ မခွဲခြားတဲ့ Unisex အဖြစ်ပဲမြင်တယ်။ ခေတ်ဆန်တဲ့လူငယ်တစ်ယောက်လိုနေထိုင်တယ်။ အသစ်အသစ်တွေကို အမြဲစမ်းချင်တယ်။ Sports ကိုလည်း ဝါသနာပါမယ်။ ပေါ့ပေါ့ပါးပါးနေတတ်တဲ့လူငယ်တစ်ယောက်လို့ မြင်မိပါတယ်။

အခုလို့ relame ၄နှစ်ပြည့်တဲ့ 828 Fan Festival အတွက် ဆုတောင်းပေးချင်တာက အခုလို ၄နှစ်ကနေပြီး နောက်နှစ်ပေါင်း ၄၀ မက တိုးတက်အောင်မြင်ပြီး နောက်ထပ် Fan အသစ်အသစ်တွေတိုးလာကာ ပိုကောင်းတဲ့ထုတ်ကုန်တွေထုတ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်” ဟု မြန်မာနိုင်ငံတွင် ပထမဆုံးမိတ်ဆက်ပေးခဲ့သည့် realme 2 Pro ထုတ်ကုန်ကတည်းက သုံးစွဲလာခဲ့သူ ကိုတင်ဇော်အောင်က ဝေမျှပြောဆိုသွားခဲ့သည်။

“ကျွန်တော်က realme ထုတ်ကုန်တွေသုံးဖြစ်နေတာ ၃နှစ်ကျော်နေပါပြီ။ realme ရဲ့ ပွဲတော်တော်များများကိုလည်း ပါဝင်တက်ရောက်ဖြစ်ခဲ့ပါတယ်။ ဒီနေ့ပွဲလေးကတော့ အများကြီးထူးခြားပါတယ်။ realme ရဲ့ ၄နှစ်ပြည့်တဲ့ 828 Fan Festival ဖြစ်သလို အားလုံးနဲ့အတူတူပြန်စုံရလို့ အများကြီးဝမ်းသာပါတယ်။

ပထမဆုံးစသုံးဖြစ်တဲ့ realme ထုတ်ကုန်က realme X ပါ။ သူ့ရဲ့ ဒီဇိုင်းပိုင်းတွေ၊ ကင်မရာပိုင်းတွေနဲ့ UI ကိုသဘောကျလို့ သုံးဖြစ်ခဲ့တာပါ။ အနာဂတ် realme ထုတ်ကုန်တွေမှာတော့ ကင်မရာ set-up ပိုင်းတွေ၊ Fast-charging စနစ်တွေ၊ UI ပိုင်းတွေမှာ အများကြီးပိုကောင်းလာဖို့ မျှော်လင့်ပါတယ်။ နောက်ထပ် R-Fan တွေရဲ့နှလုံးသားကိုပါ ပိုကောင်းတဲ့ထုတ်ကုန်တွေနဲ့ ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

realme အမှတ်တံဆိပ်ကို လူတစ်ယောက်အဖြစ်ပုံဖော်ကြည့်ရရင် ကျွန်တော်ယုံကြည်ရတဲ့အစ်ကိုတစ်ယောက်လိုမျိုးမြင်မိပါတယ်။ ကျွန်တော်လိုအပ်တဲ့အချိန်တိုင်း အမြဲကူညီပေးတတ်တဲ့သူမျိုးပေါ့။ အသက်က ၁၈၊ ၁၉ လောက်ရှိမယ်။ ဓာတ်ပုံရိုက်တာကြိုက်မယ်၊ Social Media သုံးတာကြိုက်တဲ့သူမျိုးပေါ့။

အခုလို ၄နှစ်ပြည့်တဲ့အချိန်ကစလို့ နောက်နှစ်ပေါင်းများစွာအထိ ကြီးမားတဲ့အောင်မြင်မှုတွေကို ရယူနိုင်ပါ့စေလို့ ဆုမွန်ကောင်းတောင်းချင်ပါတယ်” ဟု realme ထုတ်ကုန်များကို ၃နှစ်ကျော်ကြာအထိ သုံးစွဲလာခဲ့သူ ကိုလှိုင်ဝင်း က ပြန်လည်ပြောဆိုပေးသွားခဲ့သည်။

“အခုလို realme ရဲ့ ၄နှစ်ပြည့် နှစ်ပတ်လည်းအခမ်းအနားဖြစ်တဲ့ 828 Fan Festival လေးကိုတက်ရောက်ခွင့်ရလို့အများကြီးပျော်သလို realme ရဲ့ အနီးကပ်မိသားစုဝင်တစ်ယောက်လိုပါ အသိအမှတ်ပြုခံရတဲ့အတွက်လည်း ဂုဏ်ယူဝမ်းသာမိပါတယ်။
realme နဲ့ဘယ်လိုစပြီး ထိတွေ့ခဲ့သလဲဆိုရင် အဲ့တုန်းက realme UI 1.0 ကိုစမ်းသုံးကြည့်ချင်လို့ realme X ကိုဝယ်သုံးဖြစ်ခဲ့တာပါ။ အဲ့အချိန်ကနေ realme ကိုသဘောကျနှစ်သက်ပြီး သုံးလာခဲ့တာ အခုလက်ရှိမှာ realme GT 2 Pro အထိသုံးနေတဲ့ အမာခံ Fan တစ်ယောက်ဖြစ်နေပါပြီ။ realme ထုတ်ကုန်တွေက စျေးနှုန်းလည်းသင့်တော်သလို ကျွန်တော်တို့လို လူလတ်တန်းစားတွေအတွက်လည်း တကယ်သုံးပျော်တဲ့အမှတ်တံဆိပ်ပါပဲ။

အနာဂတ်မှာ realme ဆီကနေဘာတွေမျှော်လင့်သလဲဆိုရင် Tablet၊ Laptop တို့လိုထုတ်ကုန်တွေနဲ့အတူ AIoT ထုတ်ကုန်တွေပါ ပိုပြီးများများလေးထွက်လာစေချင်ပါတယ်။ သူ့ရဲ့ Eco-system ကိုအပြည့်အဝခံစားရင် အဲ့ထဲမှာပဲ နေပျော်တဲ့အရသာမျိုးကို အားလုံးအတွက် ပေးစေချင်ပါတယ်။

realme အမှတ်တံဆိပ်ကို လူတစ်ယောက်အဖြစ်မြင်ကြည့်ရမယ်ဆိုရင် အသက် ၂၀ ကျော်အရွယ် သွက်လက်မြန်ဆန်တဲ့လူငယ်တစ်ယောက်ပေါ့။ ကျွန်တော်သဘောကျတဲ့ Hero Character တစ်ကောင်ဖြစ်တဲ့ Flash နဲ့တင်စားချင်ပါတယ်။ အားသွင်းမြန်ဆန်တဲ့အတွက်ကြောင့်ပါ။

realme ရဲ့ ၄နှစ်ပြည့်မှာ ကျွန်တော်ဆုတောင်ပေးချင်တာက မြန်မာနိုင်ငံက လူငယ်သုံးစွဲသူတွေကြားမှာ အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ အမှတ်တံဆိပ်အဖြစ်ရပ်တည်နိုင်ပါစေ” ဟု realme ၏ အမာခံ R-Fan တစ်ဦးဖြစ်သူ ကိုကောင်းကျော်ခန့်က ဖြေကြားပေးသွားခဲ့သည်။

realme ၄ နှစ်ပြည့် အခမ်းအနားဖြစ်သည့် 828 realme Fan Festival ပွဲသို့ တက်ရောက်လာသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို realme စမတ်ဖုန်း၊ realmeow အရုပ်ကြီးနှင့် အခြားဗလာမပါ ကံစမ်းမဲပေါင်းများစွာ မဲဖောက်ကံစမ်းပေးခဲ့ပြီး 828 realme Fan Festival ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။ နောင်နှစ်များတွင်လည်း ပိုမိုကောင်းမွန်သော အစီအစဥ်များ၊ ပိုမိုများပြားသော realme စမတ်ဖုန်းကို သုံးစွဲသူ R-Fan များနှင့် ကျင်းပပြုလုပ်ရန်မျှော်လင့်ထားသည်။