ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် realme က ၄င်းတို့၏ အင်အားကောင်းသောတိုးတက်မှုအရှိန်အဟုန်ကို 5G စမတ်ဖုန်းကဏ္ဍတွင် ဆက်လက်ရယူထားလျက်ရှိသည်။ realme ၏အထင်ကရ ထုတ်ကုန်စီးရီးဖြစ်သည့် နံပါတ်စဥ်လိုက်စမတ်ဖုန်းများ (Number Series) မှာ ၂၀၂၁ တတိယ ၃လပတ်အထိ အလုံးရေ သန်း၄၀ အထိတင်ပို့ရောင်းချထားပြီးဖြစ်သလို တစ်ကမ္ဘာလုံးတွင် အဆိုပါရောင်းအားမှတ်တိုင်ကို စိုက်ထူနိုင်သည့် အမြန်ဆုံးစမတ်ဖုန်းထုတ်ကုန်များထဲမှ တစ်ခုအဖြစ်ပါရပ်တည်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ realme အနေဖြင့် နောက်ထပ် နံပါတ်စဥ်လိုက်စမတ်ဖုန်း (Number Series) အသစ်ဖြစ်သည့် realme 9 Pro Series ကို ကမ္ဘာ့စျေးကွက်သို့သိပ်မကြာခင်တွင် တင်ပို့ရောင်းချပေးသွားရန်ရှိနေပြီး ပထမဆုံး 9 Pro+ ထုတ်ကုန်ကိုပါထည့်သွင်းမိတ်ဆက်ပေးသွားရန်ရှိနေသည်။ realme 9 Pro series ထုတ်ကုန်များမှာ 5G ကွန်ယက်စနစ်တွင်အသုံးပြုနိုင်စေမည်ဖြစ်ကြောင်းလည်း realme ကကြေညာသွားခဲ့သည်။

realme 9 Pro+ ထုတ်ကုန်သစ်မှာ MediaTek Dimensity 920 5G Processor ကိုအသုံးပြုလာမည့် ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းများထဲမှ တစ်လုံးဖြစ်လာမည်

ကမ္ဘာတစ်ဝန်းလုံးရှိလူငယ်လူရွယ်များအတွက် နောက်ဆုံးပေါ်နည်းပညာနှင့် အရည်အသွေးမြင့်ဒီဇိုင်းတို့ကို သယ်ဆောင်ပေးသွားမည်ဟု ကတိပြုထားသော realme က ၂၀၂၀ ခုနှစ်မှစတင်ကာ တစ်ကမ္ဘာလုံးရှိ လူငယ်များအတွက် အံ့အားသင့်ဖွယ်ရာကောင်းသော 5G စမတ်ဖုန်းအမျိုးအစားများကို စတင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယခုတစ်ကြိမ်တွင်လည်း realme 9 Pro series ထုတ်ကုန်များမှာ 5G ကွန်ယက်စနစ်ကိုထောက်ပံ့ပေးထားမည်ဖြစ်သလို MediaTek Dimensity 920 5G Processor ကိုထည့်သွင်းအသုံးပြုမည့် ပထမဆုံးစမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုလည်းဖြစ်လာမည်ဖြစ်သည်။

တိုးတက်မှုအမြန်ဆုံး 5G Android စနစ်သုံးစမတ်ဖုန်းအမှတ်တံဆိပ် realme

စျေးကွက်သုတေသနကုမ္ပဏီတစ်ခုဖြစ်သည့် Counterpoint Research က နောက်ဆုံးထုတ်ပြန်သည့်အချက်အလက်များအရ realme မှာ ၂၀၂၁ တတိယ ၃လပတ်အတွင်း ကမ္ဘာတစ်ဝန်းလုံးတွင် တိုးတက်မှုအမြန်ဆုံး 5G Android စနစ်သုံးစမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့ပြီး အိန္ဒိယ၊ တရုတ်နှင့် ဥရောပတို့တွင် အင်အားကောင်းသည့်တိုးတက်မှုများရှိခဲ့ကြောင်း သိရှိရသည်။ realme အနေဖြင့် ၄င်းတို့၏ 5G စမတ်ဖုန်းရောင်းအားများဖြင့် စျေးကွက်တွင် သာလွန်တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအရ တိုးတက်မှုနှုန်း ၁၂၁ ရာခိုင်နှုန်းနှင့်နှိုင်းယှဥ်ပါက ၄င်းတို့၏ နှစ်အလိုက်တိုးတက်မှုမှာ ၈၃၁ ရာခိုင်နှုန်းအထိရှိခဲ့သည်။

realme Myanmar အနေဖြင့်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ 5G စမတ်ဖုန်းများတိုးတက်အသုံးပြုလာသည်နှင့်အညီ မြန်မာနိုင်ငံရှိစမတ်ဖုန်းသုံးစွဲသူများအတွက် 5G အတွေ့အကြုံကိုရရှိစေမည့် စမတ်ဖုန်းများကိုပါ တင်ပို့ရောင်းချပေးသွားရန် အထူးပင်စိတ်လှုပ်ရှားလျက်ရှိသည်။ သိပ်မကြာသည့် အနာဂတ်ကာလတွင် မြန်မာနိုင်ငံရှိစမတ်ဖုန်းသုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာစျေးတန်းတွင် အတန်ဆုံးနှုန်းထားမျိုးဖြင့် 5G ကွန်ယက်စနစ်သုံး realme 9 Pro+ ၏ ပိုကောင်းသည့်အတွေ့အကြုံကို ထိတွေ့ခံစားနိုင်စေမည့်အပြင် လူငယ်များပိုမိုတောင်းဆိုလာကြသည့် ဂိမ်းအတွေ့အကြုံပိုင်းဆိုင်ရာများကိုလည်း အသစ်မိတ်ဆက်ပေးရန်ရှိသည့် realme 9 Pro+ ထုတ်ကုန်တွင်အသုံးပြုပေးထားမည့်စွမ်းဆောင်ရည်ကောင်းသော Dimensity 920 5G Processor က ဖြည့်ဆည်းပေးသွားနိုင်စေမည်ဖြစ်သည်။

Source – realme Myanmar