မျက်နှာပြင်တစ်ကြိမ် အခမဲ့လဲလှယ်ခွင့်နှင့်အတူ အထူးလက်ဆောင်များကိုရယူနိုင်မည်

realme Myanmar က “ဝယ်ရင်မှန်၊ သုံးရင်တန်” စေမည့် realme 9i စမတ်ဖုန်းသစ်တရားဝင်မိတ်ဆက်ပွဲအခမ်းအနားကို မတ်လ (၁၇) ရက်နေ့က realme Myanmar Facebook Page နှင့် မိတ်ဖက်မီဒီယာတို့၏ Facebook Page တို့မှတစ်ဆင့် ည (၆) တွင် တိုက်ရိုက်ထုတ်လွှင့်ပေးသွားသည်။

realme 9i မိတ်ဆက်ပွဲအခမ်းနားတွင် Myanmar Mobile & Tech Review – MMTR ၏ Founder ဖြစ်သူ ကိုအောင်ကျော်သူနှင့် Tech Gadget ၏ Founder ဖြစ်သူ ကိုဇော်ရဲတို့က စမတ်ဖုန်းတစ်လုံးအတွက်မ ရှိမဖြစ်အရေးပါသည့် Chipset အကြောင်းနှင့်အတူ PC လောက၏ Processor နောက်ခံသမိုင်းကြောင်းတွေကို နှိုင်းယှဥ်သုံးသပ်ဆွေးနွေးပေးသွားခဲ့သလို ဖုန်းတစ်လုံးဝယ်ယူရာတွင် မိမိလိုအပ်ချက်နှင့်ကိုက်ညီစေမည့်အ ချက်အလက်များထည့်သွင်းစဥ်းစားဝယ်ယူနိုင်စေရန်နှင့် စိတ်ဝင်စားသည့်သုံးစွဲသူများက မေးမြန်းထားသော realme 9i နှင့်ပတ်သက်သော မေးခွန်းများကိုပါထည့်သွင်းဆွေးနွေးဖြေကြားပေးသွားခဲ့သည်။

ထို့နောက်တွင် realme 9i ၏ အဓိကကျသည့် feature များနှင့် စျေးနှုန်းကို realme Myanmar ၏ Product Manager ဖြစ်သူ ကိုအာကာက ရှင်းလင်းကြေညာပေးသွားခဲ့သည်။

realme 9i ၏ RAM 6GB + ROM 128GB version ကို စျေးနှုန်း ၃၉၉,၉၀၀ ကျပ်ဖြင့် တစ်နိုင်ငံလုံးရှိ realme အရောင်းဆိုင်များတွင် မတ်လ (၁၈) ရက်မှစတင်ကာ ကြိုတင်မှာယူနိုင်မည်ဖြစ်သလို ပထမဆုံးရောင်းချမှု (First Sale) ကိုလည်း မတ်လ (၂၅) ရက်နေ့တွင် ပြုလုပ်ပေးသွားမည်ဖြစ်သည့်အတွက် ကြိုတင်မှာယူသူများအနေဖြင့် အဆိုပါနေ့တွင် realme 9i စမတ်ဖုန်းသစ်ကို မိမိတို့ကြိုတင်မှာယူထားသည့်ဆိုင်တွင် ထုတ်ယူနိုင်မည်ဖြစ်သည်။

realme 9i ကို ယခုမတ်လ (၁၈) ရက်နေ့မှစတင်ကာ Pre-order အဖြစ်ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး အထူးလက်ဆောင်အဖြစ် လေသန့်စင်စက် (Mini Air Purifier) ကို ရရှိမည်ဖြစ်သည့်အပြင် MPT Data 1GB နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုမှု (၅၀မိနစ်) စာတို့ကို တစ်လလျှင် ဖုန်းဘေလ် (၃၀၀၀) ကျပ်ထည့်သွင်းရုံဖြင့် (၆)လ ဆက်တိုက်အထိ အကျိုးခံစားခွင့်ရရှိစေမည်ဖြစ်သည်။

Pre-order ကြိုတင်မှာယူမှုကာလကျော်လွန်ပြီး မတ်လ (၂၅) ရက်နေ့မှစတင်ဝယ်ယူမည့်သူများအတွက်လည်း အခြားလက်ဆောင်အဖြစ် realme (Cup+Fan) ကို စီစဥ်ပေးထားမည်ဖြစ်သည့်အပြင် MPT Data 1GB နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုမှု (၅၀မိနစ်) စာတို့ကို တစ်လလျှင် ဖုန်းဘေလ် (၃၀၀၀) ကျပ်ထည့်သွင်းရုံဖြင့် (၆)လ ဆက်တိုက်အထိ အကျိုးခံစားခွင့်ကိုပါ ဆက်လက်ရရှိနိုင်မည်ဖြစ်သည်။

နောက်ထပ် (After-sale) အထူးဝန်ဆောင်မှုအဖြစ် မတ်လ (၁၈)ရက်မှ ဧပြီလ (၃၀) ရက်နေ့အတွင်း realme 9i ဝယ်ယူသူများအတွက် စတင်ဝယ်ယူသည့်နေ့မှ (၃)လ အတွင်း ဖုန်းမျက်နှာပြင် (မတော်တဆ) ကွဲခြင်းအတွက်မျက်နှာပြင်တစ်ကြိမ် (အခမဲ့) လဲလှယ်ခွင့်ကိုပါ ပေးအပ်သွားမည်ဖြစ်သည်။

realme 9i ၏ ထုတ်ကုန်ဆောင်ပုဒ်ဖြစ်သည့် “လျင်မြန်သွက်လက် အကြမ်းဆုံး 6nm Chipset” ဆိုသည့်အတိုင်း စွမ်းဆောင်ရည်ပိုင်းအထူးကောင်းမွန်သည့် Qualcomm ၏ Snapdragon 680 Chipset ကိုထည့်သွင်းအသုံးပြုပေးထားသည့်အတွက် လျင်မြန်သွက်လက်သည့် ဂိမ်းကစားခြင်းအတွေ့အကြုံနှင့်အတူ 6nm တည်ဆောက်ပေးထားမှုကြောင့် Battery အားချွေတာမှုအပိုင်းကိုပါ များစွာကောင်းမွန်စေမည်ဖြစ်သည်။ realme 9i တွင် ပါဝင်သည့် ကြီးမားကြာရှည်ခံသော 5000mAh Massive Battery က ပုံမှန်အသုံးပြုခြင်းအတွက် တစ်နေ့ထက်ပိုသည့်အားပမာဏကိုထောက်ပံ့ပေးနိုင်စေမည့်အပြင် ဂိမ်းအဆော့များသည့်သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေစေသော အားအမြန်သွင်းစနစ်ဖြစ်သည့် 33W Dart Charge ကိုပါထည့်သွင်းပေးထားသည်။ ပုံမှန်ပါဝင်သည့် RAM 6GB ကိုနည်းပညာမြင့် Dynamic RAM Expansion စနစ်ဖြင့်ပေါင်းစပ်ပေးထားခြင်းကြောင့် ထပ်တိုး RAM အဖြစ် 5GB အထိပါရရှိနိုင်ပြီး စုစုပေါင်း 11GB RAM အထိပေါင်းစပ်အသုံးပြုနိုင်စေမည်ဖြစ်သည်။

realme 9i မျက်နှာပြင်မှာ FullHD+ ရုပ်ထွက်အရည်အသွေးထောက်ပံ့ထားသည့် IPS LCD အမျိုးအစား 6.6- inches မျက်နှာပြင်ကိုအသုံးပြုပေးထားခြင်းကြောင့် Multimedia ပိုင်းအသုံးပြုခြင်းအတွက် အားရစိတ်ကျေနပ်စေမည်ဖြစ်သည့်အပြင် ပြည့်ဝသည့်အသံပိုင်းအတွက် အရည်အသွေးမြင့် (Hi-Res Audio) စနစ်သုံး Dual Stereo Speakers ကိုပါတပ်ဆင်ပေးထားခြင်းဖြစ်သည်။ Fingerprint အသုံးပြုခြင်းအတွက် လွယ်ကူလျင်မြန်သော Side-mounted အဖြစ် ဘေးဘောင်တွင် ထည့်သွင်းတပ်ဆင်ပေးထားသည်။ ဂိမ်းကစားခြင်းအပြင် မြန်ဆန်သည့်ထိတွေ့ပွတ်ဆွဲအသုံးပြုခြင်းအတွက် စိတ်ကျေနပ်စရာကောင်းစေမည့် 90Hz Screen Refresh Rate ကိုပါထည့်သွင်းပေးထားသည်။

ဓာတ်ပုံရိုက်ကူးခြင်းအတွက် ရုပ်ထွက်မြင့်မားသော 50MP ကင်မရာ ၃လုံးစနစ်ကိုတပ်ဆင်ပေးထားပြီး ပင်မကင်မရာဖြင့် ဓာတ်ပုံများကို စိတ်တိုင်းကျရိုက်ယူနိုင်စေမည်ဖြစ်သည့်အပြင် 2MP Portrait Lens နှင့် 2MP Macro Lens တို့ဖြင့်လည်း အလှပုံများနှင့် ၄ စင်တီမီတာအကွာမှ အနီးကပ်ရိုက်ချက်များကိုပါ ဖန်တီးမှုကောင်းကောင်းဖြင့် ရယူနိုင်ဦးမည်ဖြစ်သည်။ ရှေ့ဘက်တွင် 16MP AI Selfie ကင်မရာကို Punch-hole ဒီဇိုင်းအဖြစ် ဘယ်ဘက်အပေါ်ထောင့်တွင် တပ်ဆင်ပေးထားပြီး Creative ဆန်သော Selfie အလှပုံများကို မိမိချစ်ရသူနှင့်တွဲဖက်ကာ စိတ်တိုင်းကျဖန်တီးနိုင်စေမည်ဖြစ်သည်။

realme 9i ၏ ဒီဇိုင်းပိုင်းအတွက် Stereo Prism Design ကိုအခြေခံထားပြီး အလင်းနှင့် သုံးထောင့်ဖန်တုံး တို့အကြားက ထိတွေ့ရောင်စဥ်ဖြာသည့်အချက်ကို အခြေပြုဖန်တီးထားခြင်းဖြစ်သည်။ realme 9i ဒီဇိုင်းကို လိုင်းအစင်းပေါင်း ၃၀၀၀ ဖြင့်ပေါင်းစပ်ထားခြင်းဖြစ်သလို တောက်ပသည့်အလင်းဖြာကျခြင်းနှင့် အလင်းရောင်အောက်တွင် အရိပ်ပုံလေးများထင်ပေါ်စေမည့် 3D ရုပ်ကြွဖန်တုံးအသွင်းမျိုးရရှိစေရန်အတွက် အထူးတိကျသောနည်းပညာဖြင့်ဖန်တီးထားခြင်းဖြစ်သည်။