realme Myanmar က မြန်မာနိုင်ငံအတွက် ပထမဆုံး AIoT Solution အဖြစ် realme Buds Air Neo၊ realme Band နှင့် realme Watch တို့ကို တရားဝင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး realme Buds Air Neo ကို ဈေးနှုန်း ၄၉၉ဝဝ ကျပ်၊ realme Band ကို ဈေးနှုန်း ၂၉၉ဝဝ ကျပ်နှင့် realme Watch ကို ဈေးနှုန်း ၇၉၉ဝဝ ကျပ် တို့ဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။

realme Buds Air Neo အတွက် အဖြူရောင်ကို စတင်ရွေးချယ်နိုင်ပြီး realme Watch အတွက် အနက်ရောင်လက်ပတ်ကြိုးကို Standard အဖြစ်ဝယ်ယူနိုင်ကာ သီးသန့်ကြိုးအပိုအဖြစ် အနီရောင်၊ အပြာရောင်နှင့် စစ်စိမ်းရောင် ၃မျိုးကို တစ်ကြိုးလျှင် ၁ဝဝဝဝ ကျပ်နှုန်းဖြင့် ယခု ဇွန်လ ၂၇ ရက်မှစတင်ကာ ရောင်းချပေးသွားမည်ဖြစ်သည်။ realme Band အတွက် အနက်ရောင်နှင့် စစ်စိမ်းရောင် လက်ပတ်ကြိုးကိုရွေး ချယ်နိုင်မည်ဖြစ်ပြီး ဈေးကွက်ထဲတွင် လာမည့် ဇူလိုင်လဆန်းပိုင်းမှ ရောင်းချပေးသွားရန်စီစဉ်ပေးထားသည်။

realme Buds Air Neo တွင် အသံထွက်ကောင်းမွန်စေရန် 13mm Dynamic Base Boost Driver ကိုအသုံးပြုပေးထားခြင်းကြောင့် ကောင်းမွန်သည့်အသံအရည်အသွေးကို ရရှိစေမည့်အပြင် ဂိမ်းကစားရာတွင် အဓိကကျသည့် Super Low Latency စနစ်ကြောင့် အသံနှင့်ရုပ်ထပ်တူကျမှုကို အကောင်းဆုံးခံစားရစေမည်ဖြစ်သည်။ Charging Port တွင် ထည့်သွင်းအသုံးပြုပါက ၁၇နာရီအထိ battery သက်တမ်းရရှိစေပြီး Single Playback အတွက် အသံအတိုးအကျယ်ပေါ်မူတည်ကာ ၂နာရီမှ ၃နာရီအထိ battery သက်တမ်းကိုရရှိစေမည်ဖြစ်သည်။ အားသွင်းပေါက်ကို micro USB ဖြင့်ပြောင်းလဲအသုံးပြုပေးထားပြီး Build Quality အတွက် ယခင် Buds Air အတိုင်းဖန်တီးထုတ်လုပ်ပေးထားသည်။

realme Band မှာ ကိုယ်လက်လှုပ်ရှားကျန်းမာရေးလိုက်စားသူများအတွက် အထူးကိုက်ညီမှုရှိပြီး ၂၄နာရီ၊ ၇ရက်ပတ်လုံး စောင့်ကြည့်တိုင်းတာပေးမည့် real-time Heart Rate Sensor ကြောင့် မိမိနှလုံးခုန်မှုကို ကောင်းမွန်စွာစောင့်ကြည့်တိုင်းတာနိုင်မည်ဖြစ်သည်။ ထို့အပြင် အားကစားလှုပ်ရှားမှုများအ တွက် မတူညီသည့် အားကကစားလှုပ်ရှားမှု ၉မျိုးအထိ ရယူအသုံးပြုနိုင်သလို ရေသောက်နည်းခြင်း၊ အထိုင်များခြင်းတို့အတွက်လည်း စောင့်ကြည့်သတိပေးမှုစနစ်များ ပါဝင်စေမည်ဖြစ်သည်။ မျက်နှာပြင်မှာ 2.4 cm အထိကျယ်ပြန့်ပြီး One Touch စနစ်ဖြင့် လွယ်ကူရိုးရှင်းစွာထိန်းချုပ်အသုံးပြုနိုင်စေမည်ဖြစ်သည်။ မျက်နှာပြင် Dial Plate ၅မျိုးတစ်ပါတည်းပါဝင်ပြီး နောက်ပိုင်းတွင် ပိုမိုဆန်းသစ်သည့် Dial Plate များကို OTA မှတစ်ဆင့် Update လုပ် ထပ်တိုးပေးသွားမည်ဖြစ်သည်။

realme Watch မှာ ပိုကောင်းသည့် ကျန်းမာရေးဆိုင်ရာတိုင်းထွာမှုစနစ်များနှင့်အတူ ပိုမို များပြားသည့် အားကစားလှုပ်ရှားမှု ၁၄ မျိုးအထိ ရယူအသုံးပြုနိုင်စေမည်ဖြစ်ပြီး Corning Gorilla Glass 3 ဖြင့်ဖုန်းအုပ်ပေးထားသည့် 1.4-inch မျက်နှာပြင်က Day Time အချိန်တွင်ပါ ကြည်လင်ပြတ်သားသည့် ရုပ်ထွက်ကိုပြသပေးနိုင်ဦးမည်ဖြစ်သည်။ ၂၄နာရီ၊ ၇ရက်ပတ်လုံးစောင့်ကြည့်တိုင်းတာပေးမည့် real-time Heart Rate Sensor အပြင် သွေးအတွင်းမှ အောက်ဆီဂျင်ပမာဏကိုပါတိုင်းထွာပေးမည့် SpO2 sensor ကိုပါတိုးမြှင့်အသုံးပြုပေးထားသည်။ ပိုမိုအဆင်ပြေစေမည့် Smart ကျကျအသုံးပြုမှုအတွက် realme Watch မှတစ်ဆင့် သီချင်းဖွင့်ခြင်း၊ ပိတ်ခြင်း၊ အသံအတိုးအကျယ်တို့အပြင် ဓာတ်ပုံရိုက်ကူးမှုများကိုပါ One Touch အဖြစ်ထိန်းချုပ်အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် Sleep Monitor စနစ်က မိမိ၏အိပ်စက်မှုပုံစံများကို သေချာကျနစွာမှတ်သားစောင့်ကြည့်ပေးမည်ဖြစ်ပြီး မည်သည့်အချိန်မှ မည်သည့်အချိန်ထိအိပ်စက်ခဲ့သလဲ၊ အိပ်ပျော်ရန်ကြိုးစားသည့်ကြာချိန်၊ စတင်အိပ်ပျော် ချိန်နှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည့်အချိန်၊ ကြားတွင် အိပ်မပျော်ဘဲ နိုးနေသည့်အချိန် စသည်တို့ကို ဖော်ပြပေးနိုင်မည်ဖြစ်သည်။ နာရီမျက်နှာပြင်ဒီဇိုင်းအတွက် ကနဦးတွင် ၁၂မျိုးအထိ အသုံးပြုနိုင်ပြီး realme Link app ကိုအသုံးပြုပြီး ၆မျိုးစီရွေးချယ်ကာ realme Watch မှတစ်ဆင့် အလွယ်တကူပြောင်းလဲအသုံးပြုနိုင်သည်။ နောက်ပိုင်းတွင်လည်း OTA Update မှတစ်ဆင့် နာရီမျက်နှာပြင်ဒီဇိုင်းပေါင်း ၁ဝဝ ကျော်ကိုလည်း ထုတ်ပေးသွားမည်ဖြစ်သည်။ battery သက်တမ်းမှာ မိမိအသုံးပြုမှုအပေါ်မူတည်ကာ ၅ရက်မှ ၆ရက်အထိကြာရှည်ခံစေမည်ဖြစ်သည်။ realme AIoT ထုတ်ကုန်များအတွက် realme Link App ကို Google Play မှ ရယူကာ မိမိ၏ Android ဖုန်းနှင့် လွယ်ကူရိုးရှင်းစွာချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

Source – realme