realme က Narzo 20 Series စမတ်ဖုန်း ၃ လုံးကို ကြေညာလိုက်ပြီး အဲဒီထဲမှာ Narzo 20 Pro က စွမ်းရည် အမြင့်ဆုံး ဖြစ်ပါတယ်။ MediaTek Helio G95 SoC မောင်းနှင်ထားပြီး 65W SuperDart Charge က ဖုန်းရဲ့ အလန်းဆုံး လုပ်ဆောင်ချက် ၁ ခုပါ။  ၃၈ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး ဂိမ်း ကစားရင် အပူမလွန်ကဲအောင် ကာကွယ်ပေးတဲ့ Carbon Fiber Cooling System ပါလာပါတယ်။

၆.၅ လက်မ Full HD+  90Hz မျက်နှာပြင် ထည့်သွင်းထားပြီး Screen-to-body Ratio က ၉၀.၅ ရာခိုင်နှုန်း ရှိတဲ့အတွက် တန်ဖိုးနည်း ဖုန်း ၁ လုံးအတွက် ဘောင်ပျောက်ဒီဇိုင်းက မိုက်ပါတယ်။  ဘယ်ဘက်အထက်က Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP B&W နဲ့ 2MP Macro ကင်မရာ ၄ လုံး ထည့်ထားပြီး LED Flash ၁ လုံးလည်း ထောက်ပံ့ထားပါတယ်။ ဘေးဘက်က ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

အလင်းကျရောက်တဲ့ အပေါ်မူတည်ကာ အနောက်ဘက်က Visual Effect တွေ ပြောင်းသွားတဲ့ Victory ဒီဇိုင်း ထည့်ထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။  2,250mAh ဘက်ထရီ ၂ ခုကို တွဲထားတဲ့ ဒီဇိုင်း ဖြစ်ပြီး စုစုပေါင်း ဘက်ထရီ ပမာဏက 4,500mAh ဖြစ်ပါတယ်။ White Knight နဲ့ Black Ninja ၂ ရောင် ထုတ်လုပ်ထားပြီး 6/64GB ကို ၁၄,၉၉၉ ရူပီးနဲ့ 8/128GB ကို ၁၆,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၂ သိန်း ၇ သောင်းနဲ့ ၃ သိန်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပြီး ၂၅ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : gsmarena