သတင်းများစွာထွက်နေတဲ့ realme  Narzo 20A , Narzo 20 နဲ့ Narzo 20 Pro တို့ တရားဝင် ထွက်လာပါပြီ။ အဲဒီထဲက Narzo 20A နဲ့ Narzo 20 အကြောင်းကို ပြောပြချင်ပါတယ်။

realme Narzo 20A

Narzo 20 Series ထဲမှာ Narzo 20A ဟာ ဈေးအချိုဆုံး ဖြစ်ပြီး ၆.၅ လက်မ HD+  မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Snapdragon 665 Chipset နဲ့ Android 10 အခြေပြု realme UI ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 12MP Main ကင်မရာနဲ့အတူ  2MP B&W နဲ့ 2MP Retro  အပို ကင်မရာ ၂ လုံးထည့်သွင်းထားပြီး အပို ကင်မရာတွေဟာ Fancy Filter နဲ့ Portrait Mode တွေ ပံ့ပိုးပေးပါတယ်။  အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံးကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။

အရွယ်ကြီး 5,000mAh ဘက်ထရီ ပါပေမယ့် Quick Charging မပါသလို microUSB Port ပဲ ထောက်ပံ့ထားပါတယ်။ တခြား ဖုန်းတွေကို အားသွင်းပေးနိုင်တဲ့ Reverse Charging ပါပါတယ်။ 3/32GB ကို ၈,၄၉၉ ရူပီးနဲ့ 4/64GB ကို ၉,၄၉၉ ရူပီး သတ်မှတ်ထားပြီး ၁ သိန်းခွဲနဲ့ ၁ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်ပါတယ်။ Victory Blue နဲ့ Glory Silver ၂ ရောင်ထုတ်လုပ်ထားပြီး ဒီလ ၃၀ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

realme Narzo 20

realme Narzo 20 မှာ  ၆.၅ လက်မ HD+ မျက်နှာပြင် ထည့်သွင်းထားပြီး 20:9 Tall Ratio ထောက်ပံ့ထားတဲ့အတွက် ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်ရင်မိုက်သလို ဂိမ်းကစားရင် လန်းမှာပါ။  MediaTek Helio G85 SoC နဲ့ Android 10 အခြေပြု realme UI ပါလာပါတယ်။ အနောက်ဘက်မှာ 48MP Main, 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။

Narzo 20 မှာလည်း Reverse Wireless Charging ပါလာပြီး 18W Wired Charging ပါတဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီ ထည့်ထားတဲ့အတွက် ဘက်ထရီ သက်တမ်းက ရှယ်လန်းမှာပါ။ ထွက်ပြီးသမျှ Narzo Series ထဲမှာ ဘက်ထရီ အကြီးဆုံး စံချိန်တင်သွားပါတယ်။

Glory Silver နဲ့ Victory Blue ၂ ရောင် ထုတ်လုပ်ထားပြီး 4/64GB Version ကို ၁၀,၄၉၉ ရူပီးနဲ့ 4/128GB Version ကို ၁၁,၄၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၁ သိန်း ၉ သောင်းနဲ့ ၂ သိန်း လောက် အသီးသီး ကျသင့်မှာ ဖြစ်ပြီး ၂၈ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena