realme က ပြီးခဲ့တဲ့ ၁ နှစ်လောက်ကစကာ TWS နားကြပ် လောကကို ဝင်ရောက်လာပြီး အခုလည်း FCC နဲ့ Indonesia Telecom မှာ realme ရဲ့ TWS နားကြပ် အသစ် ၂ ခုကို တွေ့လာရပြီ ဖြစ်ပါတယ်။ အဲဒီအတွက် မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။

FCC Certification မှာ realme Buds Air 2 လို့ နာမည်ပေးထားပြီး မော်ဒယ်နံပါတ်က RMA2003 ဖြစ်ပါတယ်။ အဲဒီမှာတော့ Specs တွေကို မဖော်ပြထားသေးပါဘူး။ ၁ ခုပဲသိရတာက Charging Case မှာ 400mAh ဘက်ထရီပါမယ်ဆိုတာပါ။

Indonesia Telecom ရဲ့ Certification မှာ realme Buds Q ကို တွေ့လာရပါတယ်။ မော်ဒယ်နံပါတ်က RMA2008 ဖြစ်ပြီး အဲဒီ နားကြပ်ရဲ့ Specs တွေကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့် FCC နဲ့ Indonesia Telecom ၂ ခုစလုံးမှာ မှတ်ပုံတင်ထားတဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။ ဖြစ်နိုင်တာကတော့ ၂၀၂၁ ခုနှစ် အစပိုင်း ဖြစ်ပါတယ်။

Buds Air 2 နဲ့ Buds Q2 တို့ရဲ့ သတင်းအချက်အလက်တွေကို လက်ရှိမှာ ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ ပိုပြီး သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena