[Unicode]

ဒီလ အစောပိုင်းမှာ Realme က Buds Air Iconic Cover နဲ့ 10,000mAh Power Bank Classic Blue ကို အိန္ဒိယမှာ ကြေညာခဲ့ပါတယ်။ ကုမ္ပဏီက Power Bank ရဲ့ ဈေးနှုန်းနဲ့ ရောင်းမယ့် အချိန်ကို ပြောထားပြီးပါပြီ။ အခုတော့ Buds Air Iconic Cover ကို ၃၉၉ ရူပီး သတ်မှတ်ထားပြီး ဒီလ ၂၈ ရက်နေ့မှာ ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။ မြန်မာငွေ ၈ ထောင်လောက်ပဲရှိပါတယ်။

အနက်၊ အဝါ၊ အဖြူနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပြီး Flipkart နဲ့ Realme India ရဲ့ တရားဝင် ဝက်ဘ်ဆိုက်တို့မှာ ဝယ်ယူနိုင်ပါတယ်။ Buds Air Iconic Cover မှာ Pentagram က ဒီဇိုင်းဆွဲထားတဲ့ R Logo တွေပါလာပြီး အရမ်း လှပါတယ်။ နားကြပ်ကို Cover မှာ ထည့်သွင်းတဲ့အခါ Fitting ကျအောင်ပြုလုပ်ထားပါတယ်။

ထိတွေ့ကိုင်တွယ်ရတာ ကောင်းမွန်ပြီး မာကျောတဲ့ ဒြပ်ထုနဲ့ တည်ဆောက်ထားတဲ့အတွက် အမြင့်ကနေ ပြုတ်ကျရင် နားကြပ်ကို မထိခိုက်အောင် ကာကွယ်ပေးပါတယ်။ သယ်ဆောင်ရလွယ်ကူအောင် သော့ချိတ် တပ်ဆင်နိုင်မယ့် ကွင်းလေးလည်း ထည့်သွင်းပေးထားပြီး အလန်းဆုံးက Cover ကို ဖြုတ်စရာ မလိုဘဲ နားကြပ်ကို ကြိုးမဲ့ အားသွင်းပေးနိုင်ပါတယ်။

Buds Air Iconic Cover က ဈေးအရမ်း ပေါသလို Buds Air ကလည်း ဈေးချိုတဲ့ နားကြပ်ပါ။ ရူပီး ၃,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၈၄,၀၀၀ လောက်ကျသင့်မှာပါ။ အဖြူ၊ လိမ္မော်နဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပြီး Flipkart နဲ့ Realme Website ကနေ ရောင်းပေးထားပါတယ်။

Ref : gsmarena

[Zawgyi]

၈ ေထာင္ေလာက္ပဲရွိတဲ့ Realme Buds Air Iconic Cover ကို ေရာင္းၿပီ

ဒီလ အေစာပိုင္းမွာ Realme က Buds Air Iconic Cover နဲ႔ 10,000mAh Power Bank Classic Blue ကို အိႏၵိယမွာ ေၾကညာခဲ့ပါတယ္။ ကုမၸဏီက Power Bank ရဲ႕ ေဈးႏႈန္းနဲ႔ ေရာင္းမယ့္ အခ်ိန္ကို ေျပာထားၿပီးပါၿပီ။ အခုေတာ့ Buds Air Iconic Cover ကို ၃၉၉ ႐ူပီး သတ္မွတ္ထားၿပီး ဒီလ ၂၈ ရက္ေန႔မွာ ေရာင္းမယ္လို႔ ေၾကညာလိုက္ပါတယ္။ ျမန္မာေငြ ၈ ေထာင္ေလာက္ပဲရွိပါတယ္။

အနက္၊ အဝါ၊ အျဖဴနဲ႔ အျပာေရာင္ေတြ ထုတ္လုပ္ထားၿပီး Flipkart နဲ႔ Realme India ရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္တို႔မွာ ဝယ္ယူႏိုင္ပါတယ္။ Buds Air Iconic Cover မွာ Pentagram က ဒီဇိုင္းဆြဲထားတဲ့ R Logo ေတြပါလာၿပီး အရမ္း လွပါတယ္။ နားၾကပ္ကို Cover မွာ ထည့္သြင္းတဲ့အခါ Fitting က်ေအာင္ျပဳလုပ္ထားပါတယ္။

ထိေတြ႕ကိုင္တြယ္ရတာ ေကာင္းမြန္ၿပီး မာေက်ာတဲ့ ျဒပ္ထုနဲ႔ တည္ေဆာက္ထားတဲ့အတြက္ အျမင့္ကေန ျပဳတ္က်ရင္ နားၾကပ္ကို မထိခိုက္ေအာင္ ကာကြယ္ေပးပါတယ္။ သယ္ေဆာင္ရလြယ္ကူေအာင္ ေသာ့ခ်ိတ္ တပ္ဆင္ႏိုင္မယ့္ ကြင္းေလးလည္း ထည့္သြင္းေပးထားၿပီး အလန္းဆုံးက Cover ကို ျဖဳတ္စရာ မလိုဘဲ နားၾကပ္ကို ႀကိဳးမဲ့ အားသြင္းေပးႏိုင္ပါတယ္။

Buds Air Iconic Cover က ေဈးအရမ္း ေပါသလို Buds Air ကလည္း ေဈးခ်ိဳတဲ့ နားၾကပ္ပါ။ ႐ူပီး ၃,၉၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၈၄,၀၀၀ ေလာက္က်သင့္မွာပါ။ အျဖဴ၊ လိေမၼာ္နဲ႔ အနက္ေရာင္ေတြ ထုတ္လုပ္ထားၿပီး Flipkart နဲ႔ Realme Website ကေန ေရာင္းေပးထားပါတယ္။

Ref : gsmarena