realme ကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက ပထမဆုံး True Wireless Earbuds တစ်ခုဖြစ်တဲ့ realme Buds Air ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ realme Buds Air ဟာ စျေးနှုန်းနဲ့ ပါဝင်တဲ့ USB-C Charging ၊ Wireless Charging လိုမျိုး Feature တွေနဲ့ယှဥ်ရင် တော်တော်လေးကို တန်ပြီးတော့ အောင်မြင်မှုရရှိခဲ့တဲ့ Earbuds တစ်ခုလည်းဖြစ်ပါတယ်။

အခုလည်း realme ကနေ ပိုပြီး စျေးသက်သာတဲ့ realme Buds Air Neo ကို မိတ်ဆက်သွားတော့မှာပါ။ ဒါကို 91mobiles ကနေ ဓါတ်ပုံတွေအပြင် Specs တွေပါ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

အဆိုပါဖော်ပြထားတဲ့ ဓါတ်ပုံတွေမှာတော့ Design ပိုင်းအရ realme Buds Air Neo ဟာ ယခင် realme Buds Air အတိုင်းပဲ ဆင်တူတဲ့ Design ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အရောင်တွေအနေနဲ့ကတော့ အဖြူရောင်နဲ့ အစိမ်းရောင်ဆိုပြီး ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။

Design ပိုင်းဆင်တူပေမယ့် Charging Case က Wireless Charging ကို Support ပြုလုပ်မှာမဟုတ်သလို USB-C အစား MicroUSB ကိုပဲ အသုံးပြုပြီး အားသွင်းနေရဦးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Bluetooth 5.0 ပါဝင်လာမယ့်အပြင် Audio Quality နဲ့ Battery စားသုံးမှုပိုပြီး ကောင်းမွန်စေဖို့အတွက် သီးသန့် R1 Chip ကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ Charging Case နဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင် ၁၇ နာရီအထိ အသုံးပြုနိုင်မှာဖြစ်ပြီး Latency ကို ၅၁ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တဲ့ Gaming Mode လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

realme Buds Air Neo ကိုတော့ လာမယ့် မေလ ၂၅ ရက်နေ့မှာ တရုတ်နိုင်ငံမှာပဲ realme Smartwatch နဲ့အတူ တရားဝင်မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

Ref – Gizmo China