realme Buds Q ကို တရုတ်မှာ အရင်ရောင်းပေးခဲ့ပြီး အဲဒီနောက် အိန္ဒိယမှာ ဝယ်ယူနိုင်ခဲ့ပါတယ်။ အိန္ဒိယမှာ Quite Yellow, Quite Black နဲ့ Quite White အရောင်တွေ ရောင်းပေးထားပေမယ့် တရုတ်မှာ Black နဲ့ Yellow ၂ ရောင်ပဲ ရပါသေးတယ်။ အခုတော့ realme က Daydream လို့ နာမည်ပေးထားတဲ့ White အရောင်ကို တရုတ်မှာ ရောင်းပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

realme ရဲ့ အွန်လိုင်းစတိုးမှာ အဲဒီ အရောင်ကို ၁၂၉ ယွမ်နဲ့ ဝယ်ယူနိုင်ပြီ ဖြစ်ပြီး မြန်မာငွေ ၂၄,၀၀၀ လောက်ပဲရှိပါတယ်။ စတင်ရောင်းချတဲ့ အချိန်က ဈေးနဲ့ တူပါတယ်။ Yellow အရောင်ကိုတော့ ၁၄၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၂၈,၀၀၀ လောက်ရှိပါတယ်။

realme Buds Q မှာ ဘဲဥပုံစံ Case ပါလာပြီး 10mm Drivers ထည့်ထားပါတယ်။ Bluetooth 5.0 ထောက်ပံ့ထားပြီး Touch Controls , Game Mode တွေ ပါပါတယ်။ ဘက်ထရီ သက်တမ်းက နာရီ ၂၀ ဖြစ်တဲ့အတွက် သီချင်းတွေ အကြာကြီး နားထောင်နိုင်ပါတယ်။ realme က နားကြပ်ကို realme Link App ကနေ Configure လုပ်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီ App ကနေ Firmware ကို Upgrade လုပ်နိုင်ပါတယ်။

realme က ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ အိန္ဒိယက ပထမဆုံး အသုတ် ရောင်းချပွဲမှာ အလုံးရေ ၂၅,၀၀၀ ကျော် ရောင်းရတယ်လို့ ကြေညာခဲ့ပါတယ်။ တရုတ်မှာ မေလ ၂၅ ရက်ကတည်းက ရောင်းပေးခဲ့တဲ့အတွက် ဒီထက်ပို ရောင်းအား ကောင်းနိုင်ပါတယ်။

Ref : gizmochina