[Unicode]
realme Myanmar အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက realme XT နဲ့အတူ realme Buds Wrieless ကို မိတ်ဆက်ခဲ့ပါတယ်။ realme Buds Wireless က Bass အသားပေး ကြိုးမဲ့နားကြပ် အမျိူးအစားဖြစ်ပြီး တန်ဖိုးအားဖြင့် ငွေကျပ် ၄၀,၀၀၀ တိတိ ကျသင့်မှာ ဖြစ်ပါတယ်။
realme ဟာ အဆိုပါ Wireless နားကြပ်ရဲ့ အသံအရည်အသွေး ပိုမိုကောင်းမွန်စေဖို့အတွက် Alan Walker ကို ဖိတ်ခေါ်ပြီး Research, Development နဲ့ Tuning အပိုင်းတွေမှာ ပါဝင်ကူညီအားဖြည့်စေခဲ့ပါတယ်။ ဒါ့ကြောင့် realme Buds Wireless ဟာ Alan Walker ကိုယ်တိုင် Tune လုပ်ထားတဲ့ ကြိုးမဲ့နားကြပ်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။
realme Buds Wireless မှာ ထူးခြားတာက OnePlus ရဲ့ ငွေကျပ် ၁၀၀,၀၀၀ ကျော်တန် Bullets Wireless လိုမျိူး Magnetic Connection ပါလာတာပဲ ဖြစ်ပါတယ်။ ဒီနည်းပညာက နားကြပ် ၂ခုကို ပူးထားတဲ့အခါမှာ အလိုအလျောက် Power ပိတ်ပေးပြီး၊ သီးခြားခွဲလိုက်တဲ့ အချိန်မှာ Power ဖွင့်ပေးပါတယ်။ ဒါ့ကြောင့် Power အဖွင့်၊ အပိတ်အတွက် သီးသန့် ခလုတ်မလိုတော့တဲ့အပြင်၊ သီချင်းနားမထောင်ချိန်မှာလည်း နားကြပ် ၂ခုကို အလွယ်တကူ ပူးထားလို့ ရတဲ့အတွက် ဘက်ထရီအားစားကို သက်သာစေပါတယ်။
realme Buds Wireless မှာ အသုံးပြုပေးထားတဲ့ Neckband material က ပျော့ပြောင်းနူးညံ့ပြီး အသုံးပြုရ အဆင်ပြေသလို အလေးချိန်ကလည်း 30g သာရှိတဲ့အတွက် ပေါ့ပါးတယ်လို့ ပြောရမှာပါ။ Comfortable Wearing Experience ရရှိစေပါတယ်။ Bluetooth 5.0 ကို အသုံးပြုပေးထားတာက ပြိုင်ဘက် Wireless နားကြပ် တော်တော်များများထက် အားသာချက်ဖြစ်ပြီး၊ Multi-layer Composite Diaphragm နဲ့အတူ Japan Daikoku Voice Coil နည်းပညာပါတဲ့ 11.2mm Bass Boost Driver ကြောင့် ခပ်ပြင်းပြင်း Bass သံတွေကို နားဆင်နိုင်မှာပါ။
ဘက်ထရီအပိုင်းမှာ ၁၀မိနစ် အားသွင်းရုံနဲ့ မိနစ် ၁၀၀ နားဆင်နိုင်မယ်လို့ realme က ဖော်ပြထားပါတယ်။ အားအပြည့်သွင်းမယ်ဆိုရင်တော့ ၁၂နာရီအကြာထိ နားဆင်နိုင်မယ်လို့ ဆိုပါတယ်။ ဒီတော့ တနေ့တာလုံး နားကြပ်တပ်ပြီး နားထောင်မယ်ဆိုရင်တောင် အဆင်ပြေစေမယ့် အနေအထားလို့ ပြောရမှာပါ။
realme Buds Wireless မှာ Music, Video နဲ့ Incoming Calls တွေကို Control လုပ်ဖို့အတွက် Buttons ၃ခု ပါရှိပြီး နားကြပ်တွေကို ချွေးဒဏ်ခံနိုင်အောင် ပြုလုပ်ထားပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ အဝါရောင် တစ်မျိူးတည်းသာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ အစိမ်းနဲ့ လိမ္မော်ရောင်တွေကိုပါ တင်သွင်းရောင်းချဖို့ အစီအစဥ်ရှိတယ်လို့ သိရပါတယ်။
[Zawgyi]
Alan Walker ကိုယ်တိုင် Tune လုပ်ထားတဲ့ realme Buds Wireless