[Zawgyi]

Realme အေနနဲ႔ ျမန္မာျပည္မိုဘိုင္းေဈးကြက္အတြက္ လူငယ္မ်ားပိုမိုေ႐ြးခ်ယ္ႏိုင္ေစမယ့္ စမတ္ဖုန္းသစ္မ်ားကို မိတ္ဆက္ေပးသြားမွာျဖစ္ၿပီး အဆိုပါထုတ္ကုန္မ်ားထဲမွ Realme C1 ကို သင့္တင့္ဆြဲေဆာင္မႈရွိေစမည့္ေဈးႏႈန္းနဲ႔ မိတ္ဆက္ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။ စမတ္ဖုန္းကိုအခုခ်ိန္မွစတင္အသုံးျပဳလိုတဲ့ လူငယ္မ်ားအေနနဲ႔ Realme C1 ရဲ႕ လုပ္ေဆာင္ခ်က္နဲ႔ အားသာခ်က္ကို ပိုမိုသေဘာေတြ႕ေစမည္ျဖစ္ၿပီး အဓိကအားသာခ်က္ျဖစ္တဲ့ မ်က္ႏွာျပင္ႀကီးမားက်ယ္ျပန႔္ျခင္းနဲ႔ ဘက္ထရီအား ပမာဏေကာင္းမြန္ျခင္းတို႔ကို ရရွိေစမွာ ျဖစ္ပါတယ္။

Realme C1 ရဲ႕ မ်က္ႏွာျပင္မွာ ၆.၂ လက္မအ႐ြယ္အစားရွိ HD ႐ုပ္ထြက္အရည္အေသြးရွိေသာ Notch ဒီဇိုင္း Full Screen အမ်ိဳးအစားကိုအသုံးျပဳေပးထားတဲ့အတြက္ ပုံမွန္႐ုပ္ရွင္ၾကည့္ျခင္း၊ အင္တာနက္သုံးျခင္းနဲ႔ ဂိမ္းကစားျခင္းတို႔ျပဳလုပ္ရာမွာ အားရက်ယ္ျပန႔္တဲ့ အေတြ႕အႀကဳံကိုရရွိေစမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ တစ္ေန႔တာဖုန္းအသုံးျပဳရာတြင္ အဓိကျပႆနာတစ္ရပ္ျဖစ္ေသာ ဘက္ထရီအား အကုန္ျမန္ျခင္းကိုလည္း Realme C1 ရဲ႕ ပိုမိုႀကီးမားေသာ 4230mAh ဘက္ထရီပမာဏက ျဖည့္ဆည္းေပးထားမွာျဖစ္တဲ့အတြက္ သီခ်င္းနားေထာင္လွ်င္ (၁၈) နာရီ၊ ဗြီဒီယိုၾကည့္လွ်င္ (၁၅) နာရီ၊ ဂိမ္းကစားလွ်င္ (၁ဝ) နာရီနဲ႔ အင္တာနက္ၾကည့္လွ်င္ (၁၈) နာရီအထိအသုံးခံႏိုင္တယ္လို႔ သိရပါတယ္။

Realme C1 မွာ AI စနစ္ေထာက္ပံ့ေပးထားေသာ 13MP+2MP Dual Camera အမ်ိဳးအစားကိုအသုံးျပဳေပးထားတဲ့အတြက္ ၾကည္ျပတ္သားတဲ့ ဓာတ္ပုံေကာင္းမ်ားကို ႐ိုက္ယူႏိုင္ေစမယ့္အျပင္ Portrait အလွပုံမ်ားကိုလည္း စိတ္တိုင္းက်႐ိုက္ယူႏိုင္မွာျဖစ္ပါတယ္။ ေရွ႕ဘက္ Selfie ကင္မရာအတြက္ 5MP Sensor ကိုအသုံးျပဳေပးထားၿပီး Social Platform အတြက္သင့္ေတာ္ေစမယ့္ဓာတ္ပုံေကာင္းမ်ားကို ရယူႏိုင္ေစဦးမွာ ျဖစ္ပါတယ္။ ကင္မရာအားလုံးမွာ HDR စနစ္ထည့္သြင္းေပးထားျခင္းေၾကာင့္ အလင္းအေမွာင္ ညီၫႊတ္မွ်တမႈကိုလည္း ဓာတ္ပုံ႐ိုက္ယူရာတြင္ အခ်ိဳးညီညီ ရရွိေစမယ္လို႔ သိရပါတယ္။

ဖုန္းရဲ႕ စြမ္းေဆာင္မႈအပိုင္းအတြက္ Snapdragon 450 chipset ကိုထည့္သြင္းေပးထားၿပီး RAM 2GB နဲ႔ေပါင္းစပ္ကာ Octa-core 1.8GHz ႏႈန္းအထိအလုပ္လုပ္ေပးႏိုင္မွာ ျဖစ္တဲ့အတြက္ ပုံမွန္ဂိမ္း အေကာင္းမ်ားကိုလည္း စိတ္တိုင္းက်ကစားႏိုင္မယ္လို႔ သိရပါတယ္။ Internal storage 16GB ပါဝင္ၿပီး SD card မွတစ္ဆင့္ 256GB အထိပါ ထပ္တိုးအသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ Triple slot အမ်ိဳးအစားျဖစ္တဲ့အတြက္ 4G ကြန္ရက္သုံး ဆင္းမ္ကဒ္၂ကဒ္ကို တစ္ၿပိဳင္တည္းအသုံးျပဳႏိုင္ေစဦးမွာျဖစ္ပါတယ္။ Realme C1 ရဲ႕ေဈးႏႈန္းကို ဒီလမကုန္ခင္က်င္းပျပဳလုပ္မယ့္ Launching Event မွာ တရားဝင္ေၾကညာေပးသြားမယ္လို႔ သိရပါတယ္။

[Unicode]

Realme C1 ကို သင့်တင့်ဆွဲဆောင်မှုရှိတဲ့ဈေးနှုန်းနဲ့ မြန်မာပြည်ဈေးကွက်မှာ မိတ်ဆက်ရောင်းချပေးသွားမည်

Realmeအနေနဲ့ မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက် လူငယ်များပိုမိုရွေးချယ်နိုင်စေမယ့် စမတ်ဖုန်းသစ်များကို မိတ်ဆက်ပေးသွားမှာဖြစ်ပြီး အဆိုပါထုတ်ကုန်များထဲမှ Realme C1 ကို သင့်တင့်ဆွဲဆောင်မှုရှိစေမည့်ဈေးနှုန်းနဲ့ မိတ်ဆက်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ စမတ်ဖုန်းကိုအခုချိန်မှစတင်အသုံးပြုလိုတဲ့ လူငယ်များအနေနဲ့ Realme C1 ရဲ့ လုပ်ဆောင်ချက်နဲ့ အားသာချက်ကို ပိုမိုသဘောတွေ့စေမည်ဖြစ်ပြီး အဓိကအားသာချက်ဖြစ်တဲ့ မျက်နှာပြင်ကြီးမားကျယ်ပြန့်ခြင်းနဲ့ ဘက်ထရီအား ပမာဏကောင်းမွန်ခြင်းတို့ကို ရရှိစေမှာ ဖြစ်ပါတယ်။

Realme C1 ရဲ့ မျက်နှာပြင်မှာ ၆.၂ လက်မအရွယ်အစားရှိ HD ရုပ်ထွက်အရည်အသွေးရှိသော Notch ဒီဇိုင်း Full Screen အမျိုးအစားကိုအသုံးပြုပေးထားတဲ့အတွက် ပုံမှန်ရုပ်ရှင်ကြည့်ခြင်း၊ အင်တာနက်သုံးခြင်းနဲ့ ဂိမ်းကစားခြင်းတို့ပြုလုပ်ရာမှာ အားရကျယ်ပြန့်တဲ့ အတွေ့အကြုံကိုရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာဖုန်းအသုံးပြုရာတွင် အဓိကပြဿနာတစ်ရပ်ဖြစ်သော ဘက်ထရီအား အကုန်မြန်ခြင်းကိုလည်း Realme C1 ရဲ့ ပိုမိုကြီးမားသော 4230mAh ဘက်ထရီပမာဏက ဖြည့်ဆည်းပေးထားမှာဖြစ်တဲ့အတွက် သီချင်းနားထောင်လျှင် (၁၈) နာရီ၊ ဗွီဒီယိုကြည့်လျှင် (၁၅) နာရီ၊ ဂိမ်းကစားလျှင် (၁ဝ) နာရီနဲ့ အင်တာနက်ကြည့်လျှင် (၁၈) နာရီအထိအသုံးခံနိုင်တယ်လို့ သိရပါတယ်။

Realme C1 မှာ AI စနစ်ထောက်ပံ့ပေးထားသော 13MP+2MP Dual Camera အမျိုးအစားကိုအသုံးပြုပေးထားတဲ့အတွက် ကြည်ပြတ်သားတဲ့ ဓာတ်ပုံကောင်းများကို ရိုက်ယူနိုင်စေမယ့်အပြင် Portrait အလှပုံများကိုလည်း စိတ်တိုင်းကျရိုက်ယူနိုင်မှာဖြစ်ပါတယ်။ ရှေ့ဘက် Selfie ကင်မရာအတွက် 5MP Sensor ကိုအသုံးပြုပေးထားပြီး Social Platform အတွက်သင့်တော်စေမယ့်ဓာတ်ပုံကောင်းများကို ရယူနိုင်စေဦးမှာ ဖြစ်ပါတယ်။ ကင်မရာအားလုံးမှာ HDR စနစ်ထည့်သွင်းပေးထားခြင်းကြောင့် အလင်းအမှောင် ညီညွှတ်မျှတမှုကိုလည်း ဓာတ်ပုံရိုက်ယူရာတွင် အချိုးညီညီ ရရှိစေမယ်လို့ သိရပါတယ်။

ဖုန်းရဲ့ စွမ်းဆောင်မှုအပိုင်းအတွက် Snapdragon 450 chipset ကိုထည့်သွင်းပေးထားပြီး RAM 2GB နဲ့ပေါင်းစပ်ကာ Octa-core 1.8GHz နှုန်းအထိအလုပ်လုပ်ပေးနိုင်မှာ ဖြစ်တဲ့အတွက် ပုံမှန်ဂိမ်း အကောင်းများကိုလည်း စိတ်တိုင်းကျကစားနိုင်မယ်လို့ သိရပါတယ်။ Internal storage 16GB ပါဝင်ပြီး SD card မှတစ်ဆင့် 256GB အထိပါ ထပ်တိုးအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Triple slot အမျိုးအစားဖြစ်တဲ့အတွက် 4G ကွန်ရက်သုံး ဆင်းမ်ကဒ်၂ကဒ်ကို တစ်ပြိုင်တည်းအသုံးပြုနိုင်စေဦးမှာဖြစ်ပါတယ်။ Realme C1 ရဲ့ဈေးနှုန်းကို ဒီလမကုန်ခင်ကျင်းပပြုလုပ်မယ့် Launching Event မှာ တရားဝင်ကြေညာပေးသွားမယ်လို့ သိရပါတယ်။