[Zawgyi]





Ref – Playful Droid

[Unicode]

Realme အိန္ဒိယရုံးခွဲဟာ ပြည်တွင်းဈေးကွက်မှာ ဟန်းဆက်အသစ်တစ်ခုကို ထုတ်လာမလို Tease လုပ်လာခဲ့ပြီးမှ ရှိပြီးသားဖုန်းအတွက် ဗားရှင်းအသစ်ဆိုတာ ပေါ်လာခဲ့ပါတယ်။ Leak ဖြစ်ခဲ့တဲ့ အချက်အလက်အရ Realme C1 အတွက် ကာလာအသစ်နဲ့ မန်မိုရီရွေးချယ်စရာ ဗားရှင်းအသစ် ထွက်ပေါ်လာတော့မှာပါ။

Realme C1 ဟာ လက်ရှိမှာ 2GB RAM / 16GB Storage သာရှိပေမယ့် မကြာခင် 2GB / 32GB နဲ့ 3GB/32GB ဗားရှင်းတွေ ထပ်ထွက်လာမှာဖြစ်ပါတယ်။ လက်ရှိမော်ဒယ်တွေနဲ့အတူ 2/3GB RAM နဲ့ 32GB Storage မော်ဒယ်တွေဟာ Ocean Blue နဲ့ Deep Black အရောင်နှစ်မျိုးဖြင့် ရရှိလာမှာပါ။ ကျန်တဲ့ Specs တွေကတော့ ပြောင်းလဲမှုရှိမှာ မဟုတ်ပါဘူး။

စက်တင်ဘာ ၂၀၁၈ မှာ ဈေးကွက်ထဲ စဝင်လာတဲ့ Realme C1 ဖုန်းတွေမှာ 6.2” လက်မအရွယ် Notch နဲ့ Screen တစ်ခု ပါဝင်ပြီး Android 8.1 Oreo OS အခြေခံ ColorOS 5.2 နဲ့အသုံးပြုနိုင်မှာပါ။ သတင်းထဲမှာ မန်မိုရီ ဗားရှင်းအသစ်တွေရဲ့ ဈေးနှုန်းကိုတော့ မတွေ့ရသေးပါဘူး။

Snapdragon 450 ချစ်ပ်ဆက်ကို သုံးစွဲထားတဲ့ Realme C1 ရဲ့နောက်ဘက်မှာ 13MP + 2MP Dual ကင်မရာ ပါဝင်တယ်။ ရှေ့ဘက်မှာတော့ 5MP ဆယ်ဖီကင်မရာပါပါတယ်။ ဘက္ထရီအားကတော့ 4,230 mAh ဖြစ်ပါတယ်။

Ref – Playful Droid