[Zawgyi]






[Unicode]

ဒီဇင်ဘာလ ၂၇ရက်နေ့မှာ ကျင်းပသွားမယ့် Realme C1 Launch Event

ရင်ခုန်စိတ်လှုပ်ရှားစရာများကိုယူဆောင်ပေးသွားရန်အတွက် Realme စမတ်ဖုန်း Brand သစ်အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၂၇ရက်နေ့တွင် Realme C1 Launch Event ကြီးကို ရန်ကုန်မြို့ရှိ Melia Hotel မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ယခုကျင်းပမယ့် Realme C1 Launch Event မှာ Realme Brand ပုံရိပ်အဖြစ် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ တက်ရောက်ကြမှာ ဖြစ်သလို One Championship ပြိုင်ပွဲရဲ့ မြန်မာ့ဂုဏ်ဆောင် MMA Fighter တစ်ဦးဖြစ်သူ Aung La Nsang ကလည်း အထူးဧည့်သည်တော်အဖြစ် တက်ရောက်ပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ထိပ်တန်း Professional Sexy Model တစ်ဦးဖြစ်သူ သင်ဇာဝင့်ကျော်၊ နိုင်ငံကျော်အဆိုရှင် X-BOXIN၊ အနုပညာရှင်များဖြစ်ကြသည့် ကောင်းမြတ်စံ၊ ယွန်းယွန်းနှင့် လူငယ်တွေအတွက် ဘဝခွန်အားဖြည့် video တွေကို ဝေမျှပေးလျက်ရှိသည့် Dee Dee Burmese Vlog တို့ပါတက်ရောက်သွားကြမည်ဖြစ်သည်။

Realme စမတ်ဖုန်း Brand သစ်မှာ လူငယ်လူရွယ်မျိုးဆက်သစ်များကို အဓိကဦးတည်ကာ စွမ်းဆောင်ရည်မြင့်ပြီး စတိုင်းကျလှပတဲ့ စမတ်ဖုန်းများကို စဉ်ဆက်မပြတ်တီထွင်ဆန်းသစ်ပေးသွားမည်ဆိုတဲ့အတိုင်း Realme ရဲ့ Brand စာသားဖြစ်သော “Power Meets Style” ရဲ့ အဓိပ္ပာယ်နဲ့ ခံစားမှုမျိုးကို ကျင်းပတော့မယ့် Realme C1 Launch Event မှာ အပြည့်အဝရရှိစေမှာ ဖြစ်ကြောင်း Realme ရဲ့ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုထားပါတယ်။

Realme C1 စမတ်ဖုန်းသစ်တွင် ကြီးမားသောမျက်နှာပြင်၊ ကြီးမားသောဘက်ထရီတို့ပါဝင်ထားတဲ့အတွက် စမတ်ဖုန်းတစ်လုံးထိတွေ့သုံးစွဲရာတွင် အားရကျေနပ်မှုရှိစေမှာဖြစ်သလို ဖုန်းတစ်လုံးနဲ့ ပတ်သက်ပြီး ယှဉ်တွဲဖြစ်ပေါ်နေသော ဘက်ထရီအားကုန်မြန်ခြင်းပြဿနာကိုပါ ဖြေရှင်းပေးနိုင်စေတယ်လို့ သိရပါတယ်။

ယခု မိတ်ဆက်ပွဲအခမ်းအနားမှာ Realme ရဲ့နောက်ထပ် အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Realme 2 Pro ထုတ်ကုန်သစ်ကိုပါ ကြေညာမိတ်ဆက်ပေးသွားဦးမှာဖြစ်ပြီး ပွဲအခမ်းအနားနဲ့ပတ်သက်တဲ့ တိုက်ရိုက် Live Stream ထုတ်လွှင့်မှုများကို ထိပ်တန်းမီဒီယာများရဲ့ Facebook တို့မှတစ်ဆင့် တစ်နိုင်ငံလုံးပရိသတ်များ ကြည့်ရှုနိုင်စေရန်အတွက် စီစဉ်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။