ဇူလိုင်လက realme ဟာ တန်ဖိုးနည်း C15 ကို ပွဲထုတ်ခဲ့ပြီး 6,000mAh ဘက်ထရီနဲ့ MediaTek Helio G35 Chipset တွေ ထည့်သွင်းထားပါတယ်။ အခုတော့ realme က Snapdragon 460 Version ကို ကြေညာလိုက်ပြီး realme C15 Qualcomm Edition လို့ နာမည်ပေးထားပါတယ်။ MediaTek Chipset မကြိုက်ဘဲ Qualcomm မှ Qualcomm ပဲ ဆိုသူတွေအတွက် ရည်ရွယ် ထုတ်လုပ်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။

Realme C15 Qualcomm Edition with Snapdragon 460 chipset launched in India

အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ အဓိက ကွဲပြားချက် Chipset ဖြစ်ပြီး ကျန်တဲ့ Specs အားလုံးက မူလ realme C15 နဲ့ တူညီကြပါတယ်။ realme C15 Qualcomm Edition မှာ ၆.၅ လက်မ HD+ IPS LCD မျက်နှာပြင် ပါလာပြီး ဘက်ထရီကလည်း အရွယ်အစား ကြီးတဲ့ 6,000mAh ပါပဲ။

အနောက်ဘက်မှာ 13MP Main, 8MP Ultrawide ,2MP Mono နဲ့ 2MP Retro ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 18W Charging ထောက်ပံ့ထားပါတယ်။

3/32GB နဲ့ 4/64GB ကို ၉,၉၉၉ နဲ့ ၁၀,၉၉၉ ရူပီး အသီးသီး သတ်မှတ်ထားပြီး ၁ သိန်း ၇ သောင်းနဲ့ ၁ သိန်း ၉ သောင်းလောက် အသီးသီး ကျသင့်ပါတယ်။ အပြာနဲ့ ငွေရောင် ၂ မျိုးထုတ်လုပ်ပေးထားပြီး  အိန္ဒိယက နာမည်ကြီး အွန်လိုင်း စတိုးတွေနဲ့ realme မြေပြင် စတိုးတွေမှာ ရောင်းပေးလိုက်ပါပြီ။

Ref : gsmarena